Online ပေါ်က Link တွေ Scam Link ဟုတ်မဟုတ် ဘယ်လိုစစ်ဆေးမလဲ?

ပြည်တွင်းမှာတော့ အွန်လိုင်းပေါ်မှာလူတိုင်း လိမ်ခံထိတယ်ဆိုတာ ဘဏ်တွေနဲ့ Payment တွေအယောင်ဆောင်ပြီး အလိမ်ခံထိတာများပါတယ်။ “လူကြီးမင်းအကောင့် ဘာဖြစ်ပါတယ်။ ညာဖြစ်ပါတယ်။ Level မြှင့်ပေးပါမယ်” အစရှိတဲ့ ပေါင်းစုံသော အကြောင်းပြချက်တွေအပြင် အရင်က Telecom ဟန်ဆေောင်ပြီး Phone Bill ခိုးတဲ့ အကွက်တွေလည်းပေါင်းစုံပါပဲ။ အဲ့တေော့ နေ့စဥ်သုံးနေရတဲ့ အင်တာနက်မှာ Link တစ်ခုမြင်လိုက်ရင် Scam Link ဟုတ််မဟုတ်၊ Safe ဖြစ်တဲ့ Link လား ခွဲနိုင်ဖို့အောက်ပါနည်းတွေကို အသုံးပြုနိုင်ပါတယ်။

၁. Link Checker တွေသုံးပါ

ယုံကြည်ရတဲ့ Link Checker တွေသုံးပြီး Link တစ်ခုက လုံခြုံလားဆိုတာ စစ်ဆေးနိုင်ပါတယ်။ URL void လိုမျိုး၊ Kaspersky Threat Intelligence Portal လိုမျိုး Link Checker တွေကိုသုံးပြီး ကိုယ့် access လုပ်မယ့် Link ကလုံခြုံရဲ့လားဆိုတာ စစ်ဆေးနိုင်ပါတယ်။

၂. HTTPS သုံးတဲ့ Website ဟုတ်မဟုတ်စစ်ပါ။

ကိုယ်ရေးအချက်အလက်တွေ ပေးပို့တာမျိုး၊ ငွေချေတာမျိုးတွေလုပ်တဲ့အခါ Website မှာ Https သုံးထားလားဆိုတာစစ်သင့်ပါတယ်။ Https မှာ Transport Layer ကို Security မြှင့်ထားတာမို့ ကြားဖြတ် Data ခိုးနိုင်ရင်တောင် Data တွေကို Retrive လုပ်ခြင်းကနေေ ကာကွယ်ပေးပါတယ်။ အဲ့တော့ အွန်လိုင်းကနေ ငွေချေတော့မယ့်အခါ Http ပဲသုံးထားရင် ကြားဖြတ်ပြီး Bank Card ခိုးယူခံရတာတွေဖြစ်လာနိုင်ပါတယ်။

၃. ကိုယ့်ဆီဝင်လာတဲ့ Link (သို့) Email Address ဟာအစစ်ဟုတ်မဟုတ်စစ်ဆေးပါ

contact@boa.com နဲ့ contact-boa@mail.com ဟာသေချာကြည့်ရင်မတူပါဘူး။ ဒါပေမယ့် မရင်းနှီးသူတွေအနေနဲဲ့ Mail ၂ ခုဟာ အတူတူထင်ပြီး အလိမ်ခံရတာတွေဟာလည်း ခဏခဏပါပဲ။ ဒါကြောင့် Email Address တွေ၊ Website Address တွေကို မဝင်ခင် သေသေချာချာစစ်ပါ။

၄. Email ထဲကဝင်လာတယ်ဆိုရင် information စစ်ပါ

Email တစ်ခုရဲ့ Subject အောက်မှာ “to Recipients” ဘေးက Drop Down Button ကိုနှိပ်မယ်ဆိုရင် Email Sender Address, Date နဲ့ တစ်ခြား Domain နာမည်ကိုပါသိနိုင်ပါတယ်။ အောက်က Ss မှာဆိုရင် KBZ အယောင်ဆောင်ပြီး nurgroupbd.com ဆိုတဲ့ Domain နဲ့ Scam တာဖြစ်ပါတယ်။


ဒီလောက်ဆိုရင်တော့ Scam Link နဲ့ Email တွေကိုခွဲနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

LGBTQ+ တွေအတွက်် Dating လုပ်လို့အကောင်းဆုံး App တွေ

Next
Next

Sustainable Energy နဲ့ EVs