Streaming လုပ်ချင်သူတွေအတွက် Software ၃ ခု

ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းမှာ Streaming အနေနဲ့ Global မှာခေတ်စားလာခဲ့ပြီး၊ မြန်မာနိုင်ငံမှာတော့ ၂၀၁၈ လောက်မှာစပြီး Streaming တွေ မှိုလိုပေါက်လာပါတယ်။ နိုင်ငံတစ်ကာမှာတော့ YouTube, Twitch လိုနေရာတွေမှာ Stream ပေမယ့် မြန်မာနိုင်ငံမှာတော့ ခုချိန်ထိ Facebook Streaming ကခေတ်အစားဆုံးဖြစ်နေဆဲပါ။ Streaming ကနေငွေရှာနိုင်တာကို သိလာကြတဲ့အခါမှာတော့ Streamer Industory ဆိုပြီး ရှိလာတဲ့အထိ ဈေးကွက်ဖြစ်လာပါတယ်။ ဒီနေ့မှာတော့ Stream လုပ်ရာမှာ သုံးကြည့်လို့ရမဲ့ Beginner တွေအတွက် Streaming Software ၃ ခုအကြောင်းကို အနည်းငယ်ပြောပြပေးပါမယ်။

ပထမဆုံး Streaming Software တွေရဲ့ အဓိကလုပ်ဆောင်ချက်အကြောင်းကို နည်းနည်းလေးပွားချင်ပါတယ်။ Streaming Software တွေအဓိကလုပ်တဲ့ အလုပ်က ၂ ခုပါ။ ပထမတစ်ခုက Encoding လုပ်တာရယ်၊ Mixing & Production ပိုင်းရယ်ပါ။ (ခုရေးသွားမယ့် အကြောင်းအရာက PC ရှိတဲ့ Live Stream သမားတွေအတွက်ဖြစ်ပါတယ်)

-Encoding ကိုအလွယ်ဆုံးပြောရရင် Video Quality နဲ့ Format ပြောင်းပေးတာလို့ မှတ်လိုက်ပါ။ ကင်မရာကနေထွက်လာတဲ့ Video Feed တွေနဲ့ Video Content တွေကို ချက်ချင်း Live Stream လို့မရပါဘူး။ ဒါကြောင့် Live လွှင့်မယ့် Platform နဲ့ကိုက်ညီတဲ့ Format ကို Encode လုပ်ရပါတယ်

-Mixing & Production ကတော့ Live လွှင့်ရင်း Sponsor ကြော်ငြာထိုးတာ၊ Intro Video ဝင်တာ၊ နောက်ခံတီးလုံးဘာညာ တွေထည့်ပေးတဲ့ လုပ်ဆောင်ချက်လို့ အကြမ်းဖျဥ်းမှတ်သားနိုင်ပါတယ်။

၁. OBS ( Open Broadcaster Software)

မြန်မာမှာ အတော်လေးအသုံးများကြတဲ့ Software ပါ။ အဓိကကတော့ အခမဲ့ အသုံးပြုနိုင်လို့ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Windows, Mac, Linux OS အကုန်ရပါတယ်။ သုံးရတာလည်း အတော်လေးလွယ်လို့ လူသုံးများပါတယ်။ တစ်ခုရှိတာက သူ့မှာနောက်ထပ် လုပ်ဆောင်ချက်အသစ်တွေကို ထပ်ထည့်သွင်းလို့မရတာပါ။ အဲ့တော့ Animation ထည့်တာဘာညာဆိုရင် သူ့ထဲက ရှိတဲ့ လုပ်ဆောင်ချက်ကိုပဲ သုံးလို့ရပါမယ်။ နောက်တစ်ခုက multibitrate Streaming လုပ်လို့မရပါဘူး။ ဆိုလိုတာကတော့ Resolution 1080 ဆိုရင် 1080 နဲ့ပဲကြည့်လို့ရပါမယ်။​ Viewer တွေကလိုင်းမကောင််းလို့ 720 ချပြီးကြည့်မရပါဘူး။ အဲ့တစ်ခုဆိုးပါတယ်။

၂. XSplit

ဒီ Broadcaster မှာတော့ အပိုင်း ၃ ခုပါဝင်ပါတယ််။ ပထမတစ်ခုက Live လွှင့်ဖို့နဲ့ Recording ယူဖို့၊ နောက်တစ်ခုက Camera မှာ Background Remove ပြီး BG Setting ချိန်ဖို့နဲ့ နောက်တစ်ခုက WebCam မရှိရင် ဖုန်းကို Webcam ပြောင်းပေးမယ့်ကောင်ပါ။ အတော်လေးမိုက်တယ်ဟုတ်? ဒါပေမယ့် ဝမ်းနည်းစရာတစ်ခုက Windows မှာပဲကောင်းကောင်း Optimize ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဝယ်သုံးရမှာဖြစ်ပါတယ်။ Video Conferencing, Online Interview, Professional Streamer တွေကတော့ XSplit ကို Review ကောင်းကောင်းပေးထားကြပါတယ်။

၃. Streamlabs OBS

ဒီကောင်က တစ်ခြား Software တွေနဲ့မတူတာက Web Version သုံးလို့ရသလို၊ ​Android မှာပါ သုံးလို့ရတာဖြစ်ပါတယ်။ Web Version ဖြစ်တဲ့အတွက် OS မရွေး Browser ကနေခေါ်သုံးလို့ရသလို One Click နဲ့ Live လို့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဝယ်သုံးရမယ့် Prime Version ပါဝင်တာပါ။ ကောင်းတာတွေက သုံးရလွယ်၊ Tips ပေးတာတွေလည်း Manage လုပ်လို့ရပေမယ့် မကောင်းတာတွေကတော့ Overlay လုပ်ဖို့အတွက် သိပ်မကောင်းပါဘူး။ သုံးဖူးသူ User တွေဆီက ကြားရသလောက် တစ်ချို့လုပ်ဆောင်ချက်တွေက Bugs ရှိတယ်ပြောပါတယ်။




Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အားသွင်းကြိုး တစ်လွဲမဝယ်မိပဲ ဂျင်းထည့်ခံရတာတွေရှောင်နိုင်ဖို့ဆိုရင်

Next
Next

ခရီးသွားသူတွေ မဖြစ်မနေဆောင်ထားသင့်တဲ့ App 10 ခု