ခရီးသွားသူတွေ မဖြစ်မနေဆောင်ထားသင့်တဲ့ App 10 ခု

ခုလို နည်းပညာခေတ်ကြီးထဲ ခရီးထွက်ရာမှာ အရင်လို မြေပုံကြီးတွေ တစ်ကိုင်ကိုင် ဘာသာပြန်စာအုပ်ကြီးတွေ တစ်ကားကားနဲ့ သွားနေကြတဲ့ခေတ် ကတော့နောက်မှာကျန်ခဲ့ပါပြီ။လူတိုင်းPhone ကိုင်နေကြတဲ့အချိန်မှာ အရမ်းကောင်းပြီး Smart ဖြစ်တဲ့ ခရီးသွားတဲ့နေရာမှာ အထောက်အကူပေးတဲ့ Appတွေကို ဖော်ပြပေးပါမယ်။

1. Google Maps
အရင်ဆုံး လိုအပ်တာကတော့ ခရီးသွားဖို့ မြေပုံတစ်ချပ်ပါ။ ရောက်လေရာ အရပ်မှာ ဟိုလူလိုက်ပြီး လမ်းမေးရ ဒီလူလိုက်ပြီး လမ်းမေးရတာ အရမ်းအောက်ပါတယ်။အဲ့ဒီအစား Google Mapsလေးသာ installသွားလိုက်ပါ။အရင်ဆုံး မြေပုံကြည့်ပြီး မသိတဲ့နောက်ဆုံးမှ လမ်းမေးလိုက်တော့ အချိန်ကုန်သက်သာပါတယ်။ဖုန်းကနေ Data လေးကောက်ဖွင့် သွားချင်တဲ့ Route လေးထည့်ပြီး အေးဆေးသွားနိုင်ပါတယ်။ မြေပုံကို offline လည်း downloadဆွဲထား နိုင်ပါသေးတယ်။

2. Maps Me
Google Mapsက အင်တာနက် ရတဲ့နေရာတွေသာ အဆင်ပြေပေမယ့် offline ဆိုရင် Maps.me ကပိုအဆင်ပြေသလို သူကတချို့နေရာ တွေမှာGoogle Mapsထက် ပိုမို အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

3. Airbnb
ဒီappကတော့ ခရီးသွားလာရာမှာ တည်းခိုခန်းအတွက် အပြင် အိမ်လုံးချင်းငှားတာတွေကိုပါ onlineကနေ ဆောင်ရွက်နိုင်တာကြောင့် အိမ်ငှားဖို့အတွက် ဆောင်ထားပါ။ အခန်းငှားမယ့်သူတွေအတွက်လည်း ဒီမှာရှာဖွေနိုင်ပါတယ်။

4. Google Translate
ကိုယ်နဲ့ မရင်းနှီးတဲ့ Oversea တွေသွားရင် ဘာသာစကား အခက်အခဲလည်း မကြာခဏဖြစ်နိုင်ပါတယ်။ ဒီအတွက်ကလည်း Google Translateနဲ့ အဆင်ပြေပြေ ဖြေရှင်းနိုင်ပါတယ်။

5. App in the Air
ဒီ Appကတော့ ကိုယ့်ရဲ့ Flight Schedule တွေကို Manage လုပ်ပေးရုံမက လေကြောင်းခရီးစဉ်တွေကိုလည်း ဖော်ပြပေးထားလို့ အချိန်ကုန်သက်သာ စေပါတယ်။

6. Wolfram Sun Exposure
ကမ်းခြေဒေသတွေ အပူချိန်မြင့်တဲ့ ဒေသတွေကို သွားလည်မယ့်သူတွေ၊မိမိအသားအရေက Sensitive ဖြစ်တဲ့သူတွေ အဓိကထား ဆောင်သင့်ပါတယ်။ Appထဲမှာ မိမိအသားအရေ အမျိုးအစားကို အရင်ဆုံးထည့်ပေးတာနဲ့ အလိုအလျောက် မိမိရောက်နေတဲ့ ဒေသရဲ့ နေအပူချိန်နဲ့ မိမိအသားအရေနဲ့ ဆိုရင် နေပူထဲ ဘယ်လောက်သာနေသင့်တယ် ဆိုတာကို တွက်ချက်ပေးပါတယ်။

7. Time Out
ဒီappလေးကတော့ မိမိရောက်လေရာမှာ စားသောက်ဆိုင်၊ Bar စတာတွေကို အလွယ်တကူ ရှာနိုင်ရုံမက showတွေ၊ EDM Festivals တွေရှိရင် ဒီ Appကနေ အလွယ်တကူ လက်မှတ်နိုင်ပါတယ်။

8. Splittr
ကိုယ်ခရီးသွားနေတုန်း ငွေအသုံးတွေကို သေချာမှတ်ထားချင်ပေမယ့် စာအုပ်ကြီးတစ်ကိုင်ကိုင် နဲ့မှတ်နေတာထက်စာရင် ဒီ Appကို သုံးလိုက်တာက ပိုမိုတိတိကျကျ အချိန်ကုန်သက်သာနဲ့ ခေါင်းရှုပ်စရာ မလိုပဲ သုံးခဲ့တဲ့နေရာအလိုက် ဘယ်လောက်သုံးခဲ့တယ်ဆိုတာကို အသေးစိတ်မှတ်ပေး ထားနိုင်တဲ့ appလေးတစ်ခုပါ။

9. XE Currency
Play Store မှာ Download 20 million ကျော်ကိုရထားတဲ့ ဒီappမှာ ကမ္ဘာ့ငွေကြေး ပေါက်ဈေးတွေကို အချိန်နဲ့ တပြေးညီ ပြသပေးသလို နိုင်ငံခြားခရီးသွားတွေ အတော်သုံးကြပါတယ်။ အနီးစပ်ဆုံး ဖြစ်တဲ့ ဈေးတွေကို တွက်ပေးတဲ့ အတွက် တစ်ခုခု ဝယ်ခါနီး ငွေပေးချေခါနီးတွေမှာ ချိန်ဆ နိုင်မှာပါ။

10. Packpoint
ခရီးသွားမယ့် နေရာ၊ အချိန်၊ နေမယ့်ရက်စုစုပေါင်းကို ထည့်လိုက်တာနဲ့ အင်္ကျီ ဘယ်နှထည်၊ ဘောင်းဘီ ဘယ်နှထည်၊ စသည်ဖြင့် ယူသွားရမယ့် အဝတ်အစား အမျိုးအစားနဲ့အရေအတွက်ကို တွက်ချက်ပေးမယ့် Appဖြစ်လို့ ခရီးသွားဖို့ အဝတ်အစား ရွေးရင်းခေါင်းကိုက်နေရသူတွေဖို့ ဆောင်ထားသင့်တဲ့ Appပါ။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Streaming လုပ်ချင်သူတွေအတွက် Software ၃ ခု

Next
Next

Auto Focus စနစ်ပါဝင်လာမယ့် iPhone 14