အားသွင်းကြိုး တစ်လွဲမဝယ်မိပဲ ဂျင်းထည့်ခံရတာတွေရှောင်နိုင်ဖို့ဆိုရင်

ခုခေတ်မှာက ဖုန်းတစ်လုံးဝယ်ပြီးရင် ငွေကုန်တာရပ်သွားပြီလို့ မိတ်ဆွေထင်တားရင် အတော်လေးမှားနေပါပြီ။ မှန်မကွဲ၊ ဖုန်းကာဗာ၊ Type C to 3.5 mm jack၊ Camera Glass Cover၊ အားသွင်းကြိုး၊ အားသွင်းခေါင်း ပေါင်းစုံမူးနောက်နေအောင် ဝယ်ရပါတယ်။ Android တွေမှာ နောက်ကလိုက်ရတဲ့ စုံစီနဖာလိုက်ရတာ သိပ်မကုန်ပေမယ့် ပန်းသီးကိုင်မိရင်တော့ Accessories ကိုလုံးဝ အမှန်အကန်ကောင်းတာမှ ကိုင်မယ်ဆိုရင် နောက်ကနေ သိန်းဂဏန်းကုန်ဖို့ ပြင်လိုက်ဖို့ ပြောချင်ပါတယ်။ ဒီလိုစုံစီနဖာ ကုန်နေတဲ့အထဲကမှ လူတိုင်းဂျင်းမိနေတတ်တဲ့ အားသွင်းကြိုး ရွေးချယ်ရာမှာ ရှောင်ရန်၊ ဆောင်ရန်တွေ ပြောပြချင်ပါတယ်။ ဖုန်းတွေကလည်း နောက်ပိုင်း သဘာဝပတ်ဝန်းကျင် ဘာညာဆိုပြီး အားသွင်းကြိုးနဲ့ Adapter ကလည်း ထည့်မပေးကြတော့ဘူးမဟုတ်လား...

အားသွင်းတယ်ဆိုတာက လွယ်ပါတယ်။ Adapter ကို AC outlet တစ်ခုခုနမှာ ချိတ်ပြီး၊ ကျန်တဲ့ဖက်က ဖုန်းကိုထိုးလိုက်ရုံပါပဲ။ ဒါပေမယ့် အားသွင်းနေတုန်းမှာ ဖုန်းက Fast Charging တစ်ကယ်လုပ်နေလား၊ ဖုန်းကခံနိုင်တဲ့ အားသွင်းနှုန်းကို လျော့နေလား၊ ကျော်နေလား မသိနိုင်သလို၊ နောက်ပိုင်း အားသွင်းရင်း သုံးတတ်တဲ့သူတွေအနေနဲ့ အားသွင်းကြိုးကောင်းကောင်းဝယ်ဖို့ အရေးကြီးပါတယ်။

ပထမဆုံးသိသင့်တာကတော့ ကိုယ့်ဖုန်းရဲ့ အားသွင်းနှုန်းက ဘယ်လောက် W အထိရလဲဆိုတာသိရပါမယ်။ ဒါကလွယ်ပါတယ်။ ဖုန်းရဲ့ Manual စာအုပ်ထဲမှာ ပါသလို Internet မှာရှာလိုက်လည်းရပါတယ်။ ဝယ်တဲ့ဆိုင်ကိုမေးလည်းရပါတယ်။ ကိုယ့်ဖုန်းရဲ့ အမြန်နှုန်းကို ကျော်ပြီး Watt များများနဲ့ အားသွင်းလို့မကောင်းသလို၊ နည်းသွားရင်လည်း အားဝင်တာနှေးမှာပါ။

ဒုတိယအချက်ကတော့ ကိုယ့်ဖုန်းမှာ ပါဝင်တဲ့ Charging Protocol ကိုဂရုစိုက်ရပါမယ်။ ဥပမာ - OnePlus မှာဆိုရင် Super VOOC Charge (Warp Charge), Huawei ရဲ့ Quick Charge, Xiaomi ရဲ့ HyperCharge အဆိုပါ နာမည်တွေပါခဲ့ရင် သတ်မှတ်ထားတဲ့ Protocol တွေရဲ့ အမြန်နှုန်းကို ရဖို့ဆိုရင် သူတို့ရဲ့ Official Charger တွေကိုသုံးရမှာဖြစ်သလို၊ ကုမ္ပဏီတွေက တရားဝင်သတ်မှတ်ထားတဲ့ Charger တွေကိုသုံးမှသာ သူတို့ရဲ့ အမြန်နှုန်းကို ခံစားရမှာပါ။

နောက်ဆုံးအချက်ကတော့ Official Charger တွေကို အမြဲသုံးဖို့တိုက်တွန်းတာပါ။ ဈေးချိုလို့ဝယ်လိုက် ပျက်သွားလိုက်၊ ဈေးချိုလို့ အလွယ်ဝယ်လိုက်နဲ့ ကြာရင် ဖုန်း Battery ထိနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်မှာ Device တွေများလို့ Adapter ကို Port တွေအများကြီးပါတာဝယ်မယ်ဆိုရင် Quality ကောင်းတာဝယ်ဖို့ပဲတိုက်တွန်းချင်ပါတယ်။ ဖုန်းအတွက်အများကြီးအကုန်ခံပြီးမှ ဆင်ဖိုးထက် ချွန်းဖိုးကြီး ဆိုသလို၊ ပျက်ရင် ခဏခဏပြင်ရတာ မစားသာပါဘူး။

Extra Tips အနေနဲ့ပြောရရင် ဖုန်းမှာ Inware ဆိုတဲ့ Application ကိုထည့်ထားပြီး ဖုန်း Battery Status ကိုစောင့်ကြည့်နိုင်ပါသေးတယ်။ မိတ်ဆွေတို့ အားသွင်းရင်း ဂျင်းမမိဖို့ ဂရုစိုက်ကြပါ...


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

စမ်းသုံးကြည့်သင့်တဲ့ Email App များ

Next
Next

Streaming လုပ်ချင်သူတွေအတွက် Software ၃ ခု