Programming လေ့လာဖို့ Website ၅ ခု

၂၀၂၂ မှာ ဝင်ငွေအကောင်းဆုံး Professional ကိုပြောပြပါဆိုရင် Programmer တွေက ထိပ်ဆုံးကဖြစ်ပါတယ်။ IT ပစ္စည်းတွေ၊ Robots တွေနဲ့ နေ့စဥ်လည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ Programmer တွေက အလုပ်အကောင်းဆုံးဖြစ်နေပြီး ၁၀ စုနှစ် ၁ ခုအတွင်း ဝင်ငွေအကောင်းဆုံးဖြစ်လာတာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းအများစုက IT နဲဲ့မကင်းလွတ်နိုင်ကြလို့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာ Programming ကို ကိုယ်တိုင်လေ့လာချင်တဲ့သူတွေအတွက်် လေ့လာနိုင်မယ့် Website တွေကို ဖော်ပြပေးလိုက်ရပါတယ်။

1. Codecademy
Codecademy ဆို Programming Beginner တွေကြားမှာ အတော်နာမည်ကြီးတဲ့ Website ဖြစ်ပါတယ်။ Course တွေအားလုံးနီးပါး Free ရပြီး စာသင််နေရင်း Code တွေကို တိုက်ရိုက်စမ်းသပ်နိုင်လို့ အတော်လေးလူကြိုက်များပါတယ်။

2. freeCodeCamp
Course သေချာဆွဲပြီိး စာသင်တဲ့ ဒီ Platformမှာ Courses. တစ်ခုကို နာရီရာနဲ့ချီပြီး သင်ပေးပါတယ်။ စာသင်ကာလပြီးသွားတဲ့နောက်မှာလဲ Nonprofit တွေအတွက် လက်တွေ့ Project တွေလုပ်ရလို့ စာတွေ့ရော၊ လက်တွေ့ရော အတော်လေး ကောင်းတဲ့ Platform ပဲဖြစ်ပါတယ်။

3. Coursera
Coursera ကတော့ အခကြေးငွေပေးရတဲ့ Course တွေရော၊ အခမဲ့ Course တွေပါ ရှိတဲ့ Platform တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး ကျောင်းတွေ ကိုယ်တိုင်လည်း Certifed Course တွေလာဖွင့်ထားတာမို့ အရမ်းကိုစုံတဲ့ Platform တစ်ခုဖြစ်ပါတယ်။ Programming အပြင် Data Analyst နဲ့ တစ်ခြား ဘာသာရပ်တွေပါ အများကြီးရှိတဲ့ Platform တစ်ခုဖြစ်ပါတယ်။

4. Udacity
Free Course တွေအပြင် Nanodegress တွေအစုံရှိတဲ့ Website ဖြစ်ပါတယ်။ Front-end နဲ့ Data Analyst သမားတွေ အများစုတက်ကြပြီး တော်တော်လေးလူကြိုက်များပါတယ်။ Course တွေက Free ဖြစ်ပြီး Nanodegrees တွေလိုချင်ရင်တော့ Tution Fees နဲ့တက်ရမှာဖြစ်ပါတယ်။

5. Khan Academy
"You can learn anything" ဆိုတဲ့ စကားအတိုင်း Khan Academy မှာ Computer Programming အပြင် တစ်ခြား ဘာသာရပ်ပေါင်းစုံလေ့လာလို့ရပါတယ်။ ကလေးငယ်လေးတွေအတွက်ပါ Course တွေရှိတာကြောင့် ကလေးငယ်ငယ်လေးကနေ လူကြီးတွေထိ လေ့လာနိုင်ပါတယ်။

Ref : Learncodewithme

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Professional Email တစ်ခုဘယ်လိုရေးမလဲ

Next
Next

Chill ရင်း ဆော့လို့ကောင်းမဲ့ Indie Android ဂိမ်း (၆) ခု