Chill ရင်း ဆော့လို့ကောင်းမဲ့ Indie Android ဂိမ်း (၆) ခု

အိမ်ထဲမှာ အေးဆေး chill ပြီး Indie Game ဆော့ဖို့စဥ်စားနေတဲ့သူတွေအတွက် Indie Game ကောင်းကောင််းလေးတွေ ဖော််ပြပေးလိုက်ပါတယ်။ Playstore မှာ သွားရှာရင် Indie ဂိမ်းတွေ အများကြီးထွက်လာပြီး ရွေးစရာတွေများမှာပါ။ ဒီတော့ Nostalgia လည်းဖြစ်၊ challenging လည်းဖြစ်၊ Graphics လည်းမိုက်တဲ့ Indie ဂိမ်းတွေကို သေချာရွေးပေးထားပါတယ်။

1. OPUS: Rocket of Whispers
ကြယ်တွေပေါ်မှာ သွားပြီး Mission လုပ်ရတဲ့ Indie Game ဆိုတာ ရှားပါတယ်။ ဒီဂိမ်းထဲမှာ တော့ ကြယ်တွေပေါ်မှာ သွားရောက်ပြီး ​Mission တွေလုပ်ရမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကပ်ဆိုက်သွားတဲ့အခါ ကြယ်တွေပေါ်မှာ စုန််းမလေးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်တို့ ကပ်ဘေးကို ရှောင်ပြီး ကမ္ဘာကိုပြန်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။
ဒါ့ပြင် Plot Twist တွေလည်းပါလို့ Thriller ကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Soundtrack တွေလည်း အရမ်းမိုက်လို့ ဆော့ကြည့်ဖို့ အကြံပေးချင်ပါတယ်။

2. Alto's Adventure
2D Indie Game လေးတစ်ခုဖြစ်ပါတယ်။ နှင်းစကိတ်စီးပြီး Mission တွေနဲ့ Endless Mode လည်းပါဝင်လို့ အချိန်ကုန်မှန်းမသိ ကုန်သွားမယ့် ဂိမ်းလေးပါ။ တောင်ပေါ်ရွာလေး၊ ထင်းရှုးနှင်းတော၊ တောအုပ်ကြီးတွေထဲမှာ နှင်းစကိတ်စီးရတဲ့ Game ဖြစ်ပါတယ်။ 2D ဆိုပေမယ့် Graphics တွေသေချာဆွဲထားတာမို့ သဘောကျကြမှာပါ။ ဂိမ်းထဲမှာ စကိတ်စီးတာကို ပိုမြန်အောင် မြည်းလေးတွေကို ကယ်ရတာမျိုးတွေလည်း ပါပါသေးတယ်။
မိုးရွာတာတွေ၊ တောင်ပြိုတာတွေ၊ မိုးသက်မုန်တိုင်းကျတာတွေ၊ မြူထတာတွေ စတဲ့ Difficulties တွေကိုလည်း တွေ့နိုင်ပါတယ်။ မတူကွဲပြားတဲ့ နှင်းစကိတ်တွေလည်း ပါဝင်လို့ Purchase လုပ်ပြီးတော့ ဆော့နိုင်ပါသေးတယ်။

3. The Bonfire: Forsaken Lands
2D Indie Survival Gameဖြစ်ပါတယ်။ Graphics တွေဆွဲထားတာ အထာကျလွန်းလို့ အကြိိုက်ဆုံး Game ထဲမှာလည်းပါပါတယ်။ ကိုယ်ပိုင် စခန်းတစ်ခုကို တည်ဆောက်််ပြီး ဝင်လာမဲ့ သားကောင်အန္တရာယ််တွေကို ကာကွယ်ရမှာပါ။ ထင်း၊ စားစရာ၊ အဝတ်အတအထည်တွေ စုဆောင်းပြီး စခန်းဆောက်တာမျိုး၊ အစောင့်တွေငှားပြီး စခန်းကို ကာကွယ်ရတာမျိုးတွေ ပါဝင်ပါတယ်။ စွန့်ပစ်နယ်မြေကြီးထဲမှာ ရွာတည်ပြီး ဒီနယ်မြေကြီးထဲကနေ လွတ်မြောက်နိုင်မလားဆိုတာကို Management ကောင်းကောင်းနဲ့ ဆော့ရမဲ့ Game လည်းဖြစ်ပါတယ်။ ဒါ့အပြင် Solve လုပ်ရမဲ့ Mystery တွေလည်းပါပါသေးတယ်။

4. MIRIAM: The Escape
Miriam ဆိုတဲ့ ကောင်မလေးရဲ့ အိမ်မက်ဆိုးတွေကနေ လွတ်မြောက်ဖို့ ကြိုးစားတာကို ကူညီပေးရမယ့် Arcade Horror Game ဖြစ်ပါတယ်။ Gameplay ကအိမ်မက်ထဲမှာ ကြောက်စရာကောင်းအောင် ဖန်တီးထားတဲ့ Background နဲ့ဆော့ရမှာဖြစ်ပါတယ်။ ဂိမ်းမှာ မတူညီတဲ့ အဆုံးသတ်် ၃ ခုရှိပါတယ်။ Game ဆော့နေရင်း ကိုယ်ရွေးချယ်တဲ့ ဆုံးဖြတ်ချက်တွေကို မူတည်ပြီး အဆုံးသတ်က ပြောင်းလဲသွားမှာပါ။
ဂိမ်းထဲမှာ ကိုယ့်ရဲ့ ဂိမ်းကောင်ဟာ အလင်းထဲကို မရောက်ပဲ အမှောင်ထဲမှာပဲ နေရမှာဖြစ်ပါတယ်။ Puzzles တွေဖြေပြီး နောက်တစ်ခန်းကို ကူးတဲ့ သော့တွေကိုရှာနိုင်ပါမယ်။ ဒီ Game မှာ one-touch controls ကိုသုံးထားတဲ့အတွက် controls ပိုင်းအနည်းငယ် ခက်ခဲနိုင်ပါတယ်။

5. Cat Bird
ဒါကတော့ မြောင်ကြိုက်တဲ့ လူတိုင်းအတွက် ချစ်စရာကောင်းတဲ့ ဂိမ််းလေးတစ်ခုပါ။ ဒီဂိမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ကြောင်နဲ့ ငှက််ရောထားတဲ့ အကောင်လေးဖြစ်ပါတယ်။ အိမ်အပြန််လမ်းမှာ ဆူးတွေ၊ ငြှောင့်တွေကို ကြောင်တစ်ကောင်လို ခုန်ပျံကျော်လွှားသွားတာမျိုး၊ ငှက်လိုမျိုး ပျံသန်ရှောင််ရှား ရတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ 8-bit Graphics ဖြစ်တာမို့ တစ်မျိုးလေးလည်း အမြင်ဆန်းနေမှာပါ။ တစ်ခုရှိတာက Offline မဟုတ်တဲ့အတွက် ဒီဂိမ်ကိုဆော့ဖို့အတွက် internet လိုအပ်မှာဖြစ််ပါတယ်။ သူငယ်ချင်းတွေနဲ့ Multiplayer လည်းဆော့လို့ရပါသေးတယ်။ ချစ်စရာဂိမ်းဆိုပြီး အထင်သေးရင်တော့ မှားပါမယ်။ Boss Fight 4 ကောင်ပါဝင်ပြီး ခက်ခက်ခဲခဲ ဆော့ရမှာပါ။

6. Sky: Children of the Light
ဒီဂိမ်းကတော့ Graphics ကောင်းလွန်းလို့ တော်ရုံဖုန်းမှာ ဆော့လို့ရမှာမဟုတ်ဘူးဆိုတာ ကြိုပြောချင်ပါတယ််။ ဒီဂိမ်းမှာ Zodiac Signs တွေနဲ့ ရောမခေတ်က Legends တွေလည်းပါဝင်ပါတယ်။ ကိုယ့်ရဲ့ဇာတ််ကောင်ဟာ မိုးပေါ်ပျံလို့ရသလို အာကာသထဲမှာ လျောက်သွားပြီး ပျောက်သွားတဲ့ အလင်းရဲ့ အပိုင်းအစတွေကို ရှာဖွေရမှာဖြစ်ပါတယ်။ အထဲမှာ အကောင်တွေလည်း ပါဝင်ပြီး ဆွဲထားတဲ့ Graphics တွေအပြင် Soundtrack တွေကလည်းခမ်းနားလို့ နားကြပ်နဲ့ ဆော့ကစားဖို့ အကြံပေးချင်ပါတယ်။ ဂိမ်းမှာ Ending မရှိလို့ မပျင်းအောင်ဆော့လို့ရမယ့် Game လေးတစ်ခုပါ။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Programming လေ့လာဖို့ Website ၅ ခု

Next
Next

Self-Study သမားတွေအတွက် အသုံးဝင်မဲ့ Website ၆ ခု