ပိုတိုးတက်လာတဲ့ Video Call Feature များ

iOS သုံးတဲ့သူတွေထဲ သိတဲ့သူရှိသလို မသိတဲ့သူလည်း ရှိနေတဲ့ ဒီ Feature ကို သုံးတတ်ရင် Video Confrencing လုပ်တဲ့နေရာမှာ အတော်လေး အဆင်ပြေလို့ စမ်းသုံးကြည့်သင့်ပါတယ်။ iOS မှာ Center Stage လို့ခေါ်ပြီး Nvidia မှာတော့ Auto Frame လို့ခေါ်တဲ့ ဒီလုပ်ဆောင်ချက်က Video Call တွေမှာ စကားသံထွက်နေတဲ့ သူရဲ့ မျက်နှာကိုပဲ Focus ထားပြီး အလိုအလျောက် အဆိုပါသူကို Screen Frame အတွင်းဝင်အောင် ညှိပေးမှာဖြစ်ပါတယ်။

တစ်ကယ်လို့ မိတ်ဆွေက Video Confrencing လုပ်တဲ့အခါ လမ်းလျောက်ရင်း Presentation လုပ်ရင်းလုပ်တတ်တဲ့သူ၊ အိမ်ထဲမှာ Video Call ခေါ်ထားပြီး လုပ်စရာရှိတာကိုလုပ်နေရင်း ပြောတတ်တဲ့သူဆိုရင် အတော်လေးအသုံးတည့်မယ့် Feature ပါပဲ။ iPad မှာဆိုရင်တော့ Model အကုန်လုံးမှာ သုံးလို့ရပေမယ့် Generation တစ်ချို့မှာပဲ သုံးလို့ရပါမယ်။ Macbook Pro မှာဆိုရင်လည်း 2016 နောက်ပိုင်း Model အတော်များများနဲ့ Air မှာတော့ 2018 နောက်ပိုင်း တွေသုံးလို့ရပါမယ်။

Windows အတွက်ကတော့ Nvidia ကထုတ်တဲ့ BroadCast မှာ Auto Frame ဆိုတဲ့ Feature က အထက်ပါအတိုင်း Auto Tracking လုပ်သလို၊ နောက်ထပ် Update မှာဆိုရင် မျက်လုံးက Camera ကိုကြည့်မနေရင်တောင် Eye Contact ဆိုတဲ့ AI ကိုသုံးပြီး Camera ကိုအာရုံစိုက်နေတဲ့ ပုံဖြစ်အောင် လုပ်ထားလို့ရတဲ့ Feature ပါလာပါပြီ။

မိတ််ဆွေအနေနဲ့ Video Call နဲ့ Work From Home နေရသူဆိုရင် အထက််ပါ Feature တွေကို အသုံးပြုကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဝီကီလိခ်အကြောင်း

Next
Next

ချစ်စရာကောင်းတဲ့ Android Os နာမည်များ