ဘာကြောင့် VPN ဝယ်သုံးသင့်သလဲ

ခုနောက်ပိုင်း အင်တာနက်အသုံးပြုသူတွေအနေနဲ့ မိမိရဲ့ဆိုင်ဘာလုံခြုံရေးကို အသားပေးဂရုစိုက်လာကြတဲ့အခါ VPN တွေလည်း အသုံးများလာကြပါတယ်။ ပိတ်ပင်ထားတဲ့ Websiteတွေကို ဝင်နိုင်တာ၊ ကိုယ်ရေးအချက်အလက်ကို အတိုင်းတာတစ်ခုထိ ကာကွယ်ပေးနိုင်တာ စတာတွေကြောင့် VPN ဆိုတဲ့ စကားလုံး မြန်မာနိုင်ငံကလူတွေကြားမှာ ခေတ်စားလာတာ ၁ နှစ်လောက်ရှိပြီဖြစ်ပါတယ်။

VPN တွေဟာ အသုံးပြုသူတွေရဲ့ Internet Connection တွေကို Encrypt လုပ်ပေးပါတယ်။ မိမိသုံးနေတဲ့ Device ကနေတိိုက်ရိုက်မဟုတ်ပဲ VPN Server ကနေ connection ကို တစ်ဆင့်ခံသွားစေပါတယ်။ ကိုယ်ရဲ့Connectionကို Encryptလိုက်တဲ့အတွက် အသုံးပြုနေတဲ့ ISP တွေအနေနဲ့ ကိုယ့်ရဲ့ အင်တာနက်အသုံးပြုမှုတွေကို မမြင်ရတော့ပါဘူး။ ဒါ့အပြင် ဝင်ရောက်ကြည့်ရှုမယ့် Website ကလည်း ကိုယ့်ရဲ့ IP Address ကို မမြင်နိုင်တော့ပါဘူး။ VPN ဆာဗာရဲ့ IP Address ကိုပဲမြင်ရတော့မှာပါ။

VPN အသုံးများလာတာနဲ့အတူ ဈေးကွက်မှာ အတုအယောင်နဲ့ အလိမ်အလည်တွေလည်း ရှိလာပါတယ်။ VPN အတုတွေ၊ Scam Software တွေ၊ VPN ကနေတစ်ဆင့် အသုံးပြုသူရဲ့ Internet Traffic ဒေတာတွေခိုးတာမျိုး၊ Spyware ထည့်ခံရတာမျိုး ဖြစ်နိုင်ပါတယ်။

တစ်ချို့ VPN တွေမှာ အခမဲ့ အသုံးပြုခွင့်ပေးထားပေမယ့် အပြန်အလှန်အနေနဲ့ အသုံးပြုသူတွေရဲ့ Internet Traffic Data တွေကိုရောင်းစားတာမျိုးတွေရှိပါတယ်။ အခမဲ့ဆိုပေမယ့် Data Limit နဲ့ဖြစ်စေ၊ Speed Limit နဲ့ဖြစ်စေသုံးရတာမျိုး၊ ကြော်ငြာ Ads တွေကြည့်ရတာမျိုးတွေရှိပါတယ်။ အကောင်းဆုံးကတော့ နောက်ပိုင်း မြန်မာနိုင်ငံမှာ VPN Premium Service တွေဈေးချိုချိုနဲ့ ရနေပြီဖြစ်သလို၊ ကိုယ်တိုင်ဝယ်သုံးဖို့ကလည်း အရင်လိုမခက်ခဲတော့တဲ့ အနေအထားဖြစ်ပါတယ်။

Serivce ကို ဝယ်သုံးပေမယ့် တစ်ခု သတိပြုရမှာက VPN Software တွေကို Download တဲ့အခါမှာ သက်ဆိုင်ရာ Official Website ကနေဖြစ်စေ၊ Playstore နဲ့ App Store ကနေပဲ Download သင့်ပါတယ်။ဒါ့အပြင် Premium Feature တွေကို အခမဲ့သုံးနိုင်အောင် လုပ်ထားတဲ့ Mod, Crack လုပ်ထားတဲ့ VPN တွေကိုလည်း သတိထားသင့်ပါတယ်။

Photo source : internet

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Netflix အကောင့်နဲ့ ဂိမ်းတွေဆော့လို့ရပြီ

Next
Next

အသုံးဝင်နိုင်မဲ့ Website