Netflix အကောင့်နဲ့ ဂိမ်းတွေဆော့လို့ရပြီ

2021 November တုန်းက Netflix အနေနဲ့ သူတို့ Mobile App ထဲမှာ ဂိမ်းဆော့လို့ရအောင် ပြုလုပ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ထွက််ထွက်ခြင်းမှာ ဂိမ်းအနည်းငယ်ပဲပါလာပေမယ့် ခုနောက်ပိုင်း ဂိမ်းတွေတစ်ဖြည်းဖြည်းနဲ့ များများလာပါပြီ။ ဂိမ်းတွေကို Netflix App ရဲ့ Gaming Section ထဲမှာ တွေ့နိုင်ပြီး ဂိမ်းဆော့မယ်ဆိုရင် အရင်ဆုံး Download ဆွဲဖို့တော့လိုအပ်ပါတယ်။ လောလောဆယ်မှာ ဂိမ်းတွေအများကြီး မရှိသေးပေမယ့်လည်း တစ်ဖြည်းဖြည်းနဲ့ Netflix ကအသစ်တွေထပ်ထည့်ပေးနေပါတယ်။ ဒီထဲကမှ ဆော့လို့ကောင်းမဲ့ Game တစ်ချို့ကို ဖော်ပြပေးပါမယ်။

Stranger Things : 1984
Netflix ရဲ့နာမည်ကြီး လူကြိုက်များတဲ့ Stranger Things ရဲ့ ဂိမ်းပဲဖြစ်ပါတယ်။ ဂိမ်းကို 8 bit Graphics နဲ့ထုတ်လုပ်ထားလို့ Retro ဆန်ဆန်ပဲမြင်ရမှာဖြစ်ပါတယ်။ Action Adventure Game ဖြစ်ပြီး Quest တွေဖြေ၊ Upside Down ထဲက Monsters တွေနဲ့လည်း တွေ့ရမှာပါ။

Teeter(Up)
ဘောလုံးလေးကို တန်းပေါ်တင်ပြီး သတ်မှတ်ထားတဲ့ ကျင်းထဲကို ဝင်အောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လွယ်တယ််ထင်ရပေမယ့် နောက်ပိုင်းမှာ မဆိုင်တဲ့ ကျင်းတွေထဲ မဝင်အောင် ဂရုစိုက်ရတာ အရမ်းခက်ခဲလို့ အချိန်ကုန်မှန်းမသိ ကုန်အောင်လုပ်နိုင်တဲ့ Mini Game ပဲဖြစ်ပါတယ်။

Stranger Things 3 : The Game
နောက်ထပ် Stranger Things Theme နဲ့ထုတ်ထားတဲ့ Game ပါပဲ။ Detail ပိုကျတဲ့ 8-bit Graphics နဲ့ Stranger Things Season 3 Storyline ကို အခြေခံထားတဲ့ ဒီ Gameမှာ Game Character ၁၂ ယောက်ပါဝင်ပြီး တော်တော်မိုက်တဲ့ Mission တွေလည်းပါဝင်လို့ စမ်းဆော့ကြည့်သင့်ပါတယ်။

Wonderputt Forever
Mini Golf Game လို့ပြောလို့ရပါတယ်။ အစပိုင်းမှာတော့ လွယ်သလိုထင်ရပေမယ့် နောက်ပိုင်းမှာတော့ တစ်ဖြည်းဖြည်း ခက်လာပြီး လက်ချိန်ဆနိုင်မှ နိုင်မယ့် ဂိမ်းဖြစ်ပါတယ်။

Krispee Street
ပြထားတဲ့ ပုံထဲက ရုပ်ပုံနဲ့ တစ်ထပ်တည်းတူတဲ့ ပုံကို သူပေးထားတဲ့ ပုံကြီးထဲကနေ ပြန်ရှာရတဲ့ ဂိမ်းဖြစ်ပါတယ်။ ငယ်ငယ်က ရုပ်ပြဂျာနယ်တွေထဲမှာ ပါလေ့ရှိတဲ့ တူတာရှာဂိမ်းနဲ့ ခပ်ဆင်ဆင်ပါပဲ။

Asphalt Xtreme
Asphalt လို့ပြောလိုက်တာနဲ့ အများကြီးရှင်းပြစရာ လိုမယ်မထင်ပါဘူး။ Graphics ကောင်းကောင်းနဲဲ့ 3D Racing Games တွေနာမည်ကြီးတဲ့ Asphalt ကို Offroad Racing Version အဖြစ် Netflix Gaming မှာ ထည့်ပေးထားပါတယ်။

Arcanium: Rise of Akhan
Strategy Card Game ကောင်းကောင်းတစ်ခုကို Graphics ကောင်းကောင်းနဲ့ဆော့မယ်ဆိုရင်တော့ ဒီဂိမ်းက ရွေးချယ်စရာဖြစ်လာမှာပါ။ အကောင်တွေကလည်း ချစ်စရာလေးတွေဖြစ်အောင် လုပ်ပေးထားပါတယ်။

Knittens
နာမည်ကြီး Candy Crush Saga ကိုလည်းကြိုက်တယ်။ ကြောင်လည်း ချစ်တယ်။ သိုးမွေးထိုးရတာလည်း ဝါသနာပါတယ်ဆိုရင် ဒီဂိမ်းလေးကို ဆော့ကြည့်ဖို့အကြံပေးချင်ပါတယ်။

Dominoes Cafe
မြန််မာလိုဆိုရင် ဒိုးဇတ်ဆော့ရတာပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အင်တာနက်ပေါ်ကနေ ဒိုးဇတ်အတူတူ ဆော့လို့ရသလို Computer AI နဲဲ့လည်း ယှဥ်ဆော့လို့ရပါတယ်။

Card Blast
Poker ဆော့ရတာ သဘောကျတဲ့ သူတွေအတွက် Poker ကို ချစ်စရာ Version အဖြစ် ဆော့ကစားနိုင်မယ့် Card Game လေးပါ။

Netflix Game တွေရဲ့အားသာချက်က Netflix Subscription ရှိယုံနဲ့ Free ဆော့နိုင်ပြီး Ads လည်းမပါဝင်ပါဘူး။ နောက်ပိုင်းမှာ Game တွေအများကြီး ထပ်ထည့်ပေးသွားမယ်လို့လည်း သိရပါတယ်။

Ref : Netflix

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဖုန်းတွေမှာ Haptics Feedback ကောင်းကောင်း ဘာလို့ပါဝင်သင့်တာလဲ

Next
Next

ဘာကြောင့် VPN ဝယ်သုံးသင့်သလဲ