အသုံးဝင်နိုင်မဲ့ Website

အသုံးအဝင်ဆုံး လူသိနည်းတဲ့ website 5 ခု ကိုပြောပြသွားမှာပဲဖြစ်ပါတယ်။

1.      TinyWow

ဒီ Website ကတော့ office သမားတွေအတွက်လိုအပ်မဲ့ Website တစ်ခုဖြစ်ပါတယ်။ PDF manage တွေ Manage လုပ်တာ File တွေကို Format ပြောင်းတာ , Video တွေကို Trim လုပ်တာ Edit လုပ်တာ အစရှိတဲ့ Office နဲ့ဆိုင်တဲ့ ကရိကထများတဲ့ အလုပ်တွေကိုဒီ Site မှာတစ်ခါတည်းလုပ်နိုင်ပါတယ်။တစ်ခါတစ်လေ ကျရင် Application က activate မဖြစ်တာတို့ PC ကနှေးနေတာတို့ ဖြစ်နေရင် ကိုကလည်း အလျှင်လိုနေတယ်ဆိုရင်ဒီ Website မှာအလွယ်သွားလုပ်လိုက်လို့ရပါတယ်။ ဒီ Site မှာ URL ကနေ လည်း QR code ပြောင်းတာတွေဘာတွေလုပ်လို့ရပါတယ်။

2.      Picwish

Graphic designer တွေအနေနဲ့ ပုံတစ်ပုံကိုလိုအပ်သလို Background ပြောင်းဖို့အတွက် အကြာကြီးတွေလှီးထုတ်နေရတယ်။သိပ်စိတ်မရှည်တော့ဘူးဆိုရင်ဒီ Website လေးကို Try ကြည့်ဖို့အကြံပြုပါတယ်။ ဒီ Website က Picwish လို့ခေါ်ပြီး AI ကိုအသုံးပြုပြီး Background Remove လုပ်တာတွေနဲ့ Photo retouch တွေကိုအစုံလုပ်လို့ရပါတယ်။ကိုယ် Background remove လုပ်ချင်တဲ့ပုံတစ်ပုံကို တင်လိုက်ရုံပဲ ပြီးတာနဲ့ AI ကသူ့အလိုလို background ကိုဖြုတ်ပေးပြီး ကိုယ်ကြိုက်တဲ့ Background ပုံကိုထည့်လို့ရပါတယ်။

3.      Ifixit.com

ဒီ Website က ကွန်ပြူတာတွေ Laptop တွေ ဖုန်းတွေနဲ့ပတ်သတ်ပြီးတစ်စုံတစ်ခု အခက်အခဲဖြစ်လာပြီဆိုရင် manual book အလွယ်တကူရှာလို့ရတဲ့ Website ပါ။ များသောအားဖြင့် Hardware ပိုင်းအခက်အခဲတစ်ခုခုဖြစ်နေလို့ကိုယ့်ဘာသာကိုပြင်ချင်တဲ့လူတွေအတွက် ပြင်ပုံပြင်နည်း Step by step တွေကိုပုံလေးတွေနဲ့ပြထားပါတယ်။ကိုယ်လိုချင်တဲ့ Devices ရဲ့ မော်ဒယ်နံပါတ်ကိုရိုက်ထဲ့လိုက်ရုံနဲ့ကျလာမှာပါ။နောက်ပြီး Device တွေရဲ့ Teardown တွေကိုပါတစ်ခါတည်းကြည့်နိုင်မှာဖြစ်ပါတယ်။

4.      Saymine

အင်တာနက်ပေါ်ကကိုယ့်ရဲ့ Personal information တွေကိုဘယ် Website တွေဘယ် ကုမ္ပဏီတွေက Hold လုပ်ထားလဲဆိုတာကိုသိနိုင်တဲ့အပြင်ကိုယ့်ရဲ့ Personal information တွေကိုပါပြန်ပြီး Reclaim လုပ်လို့ရတဲ့ website ပါ။ Saymine.com ကိုသွားလိုက်ပြီးရင် ကိုယ့်ရဲ့ Gmail account နဲ့ Signup လုပ်လိုက်ရုံပါပဲ။ ပြီးရင် ကိုယ့် information တွေကိုဘယ်ကုမ္ပဏီတွေက Hold ထားလည်း ဘယ်သူ့ဆီက ပြန်ယူချင်လဲဆိုတာကို Reclaim လုပ်လိုက်ရုံပါပဲ။Facebook ဆီကလည်း ကိုယ့် Data တွေပြန်ယူလို့ရပါတယ်။

5.      Photopea

Photoshop ကိုပေါ့ပေါ့ပါးပါး သုံးချင်တဲ့လူတွေအတွက် ဒီ Website လေးကအသုံးဝင်ပါတယ်။ Photoshop lite လိုမျိုးပါပဲ။ အားလုံးကို Free သုံးလို့ရပြီး Tools တွေကလည်း Photoshop နီးပါးပါပဲ။ Layer adjustment , Filter adjustment, Brush များသောအားဖြင့် တူတူပါပဲ။ ဒါပေမဲ့ Photoshop လိုတော့ 3D တွေ , Filter , Image type တွေတော့ပြင်လို့မရပါဘူး။ ဓာတ်ပုံကို ပေါ့ပေါ့ပါးပါးပဲပြင်ချင်တဲ့လူတွေဆိုရင်တော့ သိထားသင့်ပါတယ်။

Author: Hein Htet

Previous
Previous

ဘာကြောင့် VPN ဝယ်သုံးသင့်သလဲ

Next
Next

Galaxy S21 FE 5G ကို Samsung တရား၀င်မိတ်ဆက်