တစ်ညလုံး Charging လုပ်ထားရင် ဖုန်း Battery ပျက်နိုင်လား?

ဖုန်းအားပြည့်သွားလည်း Charging ကြိုးတပ်ထားရင် ဖုန်း Battery ပျက်နိုင်လား?

အဖြေကတော့ မိတ်ဆွေသုံးနေတဲ့ ဖုန်းအပေါ်မှုမူတည်ပါတယ်။ ခုနောက်ပိုင်းထွက်တဲ့ ဖုန်းအများစုက Optimized Charging လို့ခေါ်တဲ့ ပမာဏတစ်ခုကိုရောက်ရင် Charging ကိုနှေးပစ်ပြီး အားပြည့်သွားတာနဲ့ Charging ကိုရပ်ထားတဲ့ စနစ်တွေပါဝင်နေပါပြီ။ အရင်တုန်းက ဖုန်းတွေလို အားပြည့်သွားလည်း Charging ဆက်သွားနေပြီး ဖုန်း Battery ပူနေတာမျိုး ဖြစ်ဖို့ အတော်လေးရှားသွားပါပြီ။

တစ်ကယ်လို့ အားသွင်းရင်း ၁၀၀ ပြည့်သွားရင် Plug ကိုဖြုတ်ထားတာ အကောင်းဆုံးပါ။ ဒါပေမယ့် မေ့ပြီး Charging အကြာကြီးသွင်းမိထားလည်း အရင်တုန်းကလို ကြောက်စရာတွေ သိပ်မရှိတော့ပါဘူး။ ဖုန်းဆိုတာ သုံးဖို့ဝယ်ထားတာမို့ စည်းနဲ့ကမ်းနဲ့ သုံးသင့်သလောက် သုံးရင်အဆင်ပြေပါတယ်။ Mobile Phone တွေဆိုတာ နေ့စဥ်ဘဝမှာ ပိုပြီးအဆင်ပြေလာဖို့ တီထွင်ထားတာပါ။ ဒီဖုန်းတွေကြောင့် အပိုအလုပ်တွေဖြစ်လာရင် မူလရည်ရွယ်ချက်လည်း ပျောက်ပြီး စိတ်ညစ်စရာကောင်းပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

RAM ဘယ်လောက်ဆို ဖုန်းအတွက် လုံလောက်ပြီလဲ?

Next
Next

လူမှုကွန်ရက်ကြောင့် ပြောင်းလဲသွားနိုင်တဲ့ အိန္ဒိယမဲရလဒ်များ