RAM ဘယ်လောက်ဆို ဖုန်းအတွက် လုံလောက်ပြီလဲ?

၂၀၁၅ ဝန်းကျင်တုန်းက RAM 4GB ပါတဲ့ဖုန်းဆိုတာ အတော်လေးရှားသလို ပါလာရင်လည်း အတော်လေးကောင်းမယ်လို့ ကျနော်တို့အများစုထင်ခဲ့ကြမှာပါ။ မြန်မာနိုင်ငံကလူအများစုရဲ့ စိတ်ထဲမှာက RAM များလေး ဖုန်းသွက်လေ ယူဆချက်တွေလည်း များခဲ့တာမို့ ဖြစ်ပါမယ်။

ဒါပေမယ့် ဖုန်းတစ်လုံးမှာ RAM များတိုင်းကောင်းလား?? RAM အများကြီးရောလိုလို့လားဆိုတာ မေးစရာဖြစ်လာပါတယ်။

Android GO ဖုန်းတွေမှာ RAM 1-2 GB လောက်နဲ့လာလေ့ရှိပါတယ်။ ခုခေတ် Mid-range ဖုန်းတွေမှာတော့ 6-8 GB RAM တွေပါလာပြီး Flagship တွေမှာတော့ 24GB ထိပါလေ့ရှိပါတယ်။ ဆိုတော့ Budget ဖုန်းတွေမှာတောင် RAM က 6GB လောက် အနည်းဆုံးပါလာပြီဖြစ်ပါတယ်။

ဒါပေမယ့် RAM အများကြီးမလိုဘူးဆိုတာကို OS Optimization, CPU Performance ကောင်းတဲ့ ပန်းသီးတွေက သက်သေပြခဲ့ပေမယ့် သူတို့လည်း ခုတော့ RAM 8GB ထိတိုးမြှင့်ထုတ်လာပါပြီ။ အသစ်ထွက်လာမယ့် Samsung S24 Series မှာလည်း RAM 12GB ထည့်သွင်းလာတော့မှာဖြစ်သလို iPhone 15 Pro Max မှာလည်း RAM 8GB သုံးလာပါတယ်။ တစ်ခြား Brand Flagship တွေမှာတော့ ဒီထက်မများရင်နေ မနည်းဖို့ပဲရှိပါတယ်။ ပထမဆုံး RAM 24GB ပါတဲ့ ဖုန်းကတော့ Red Magic 8S Pro+ ပါ။

ပို Demand များလာတဲ့ Gaming တွေနဲ့ ခုခေတ်မှာ Chrome Tab တွေအများကြီးဖွင့်ထားရင်တောင် RAM ကုန်နေတဲ့ခေတ်မှာတော့ ဖုန်းတွေမှာလည်း Consumer တွေရဲ့လိုအပ်ချက်ကို လိုက်လာရတာမြင်ရပါတယ်။ နောက်ပိုင်း Android အများစုမှာ Virtual Ram ဆိုတာကို မိတ်ဆွေတို့ မြင်ရကြားရ ရှိပါလိမ့်မယ်။ Storage ပေါ်က နေရာလွတ်ကို RAM အနေနဲ့ ခဏတာ ယူပြီး သုံးတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါပေမယ့် Google ကတော့ Virtual RAM သုံးတာ အားမပေးပါဘူးတဲ့။ ဘာလို့လဲဆိုတော့ Memory Lifespan ကိုတိုစေလို့ပဲဖြစ်ပါတယ်လို့ ဆိုထားပါတယ်။

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google AI ကန့်လန့်ကာနောက်ကွယ်က ဆရာကြီးတတစ်ပါး

Next
Next

တစ်ညလုံး Charging လုပ်ထားရင် ဖုန်း Battery ပျက်နိုင်လား?