လူမှုကွန်ရက်ကြောင့် ပြောင်းလဲသွားနိုင်တဲ့ အိန္ဒိယမဲရလဒ်များ

အိန္ဒိယနိုင်ငံဟာ လူတန်းစားချမ်းသာကြွယ်ဝမှုအတော်လေး ကွာခြားချက်တွေရှိနေတဲ့နိုင်ငံတစ်ခုပါ။ ကျေးလက်ဒေသတွမှာ ခုချိန်ထိ မီးမရသေးပေမယ့် မြို့တော်ဒေလီရဲ့ စည်ကားရာအရပ်တွေမှာတော့ တစ်ခြားနိုင်ငံတစ်ခုလို ချမ်းသာကြွယ်ဝနေပြန်ပါတယ်။

ခုလက်ရှိထွက်ပေါ်ထားတဲ့ စစ်တမ်းတွေအရ YouTube က Shorts တွေနဲ့ Instagram Reels တွေဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးစနစ်တွေနဲ့ မဲရလဒ်ကိုပါပြောင်းလဲနိုင်တဲ့အထိ ကြီးမားတယ်လို့ တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံရဲ့အဓိက အသုံးပြုတဲ့ လူမှုကွန်ရက်တွေဟာ Instagram, Snapchat နဲ့ YouTube တို့ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ အဆိုပါလူမှုကွန်ရက်တွေကနေ တဆင့် ကျေးလက်နေလူထုကို မဲပေးပွဲအတွက်နိုင်ငံရေးမဲဆွယ်တာ၊ တစ်ခြားအဖွဲ့အစည်းတွေကိုတိုက်ခိုက်တာနဲ့ တခြားသော နိုင်ငံရေးဆိုင်ရာ အသုံးပြုမှုတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးချနေပါတယ်။

အင်တာဗျူးတစ်ခုကို ကြည့်လိုက်ရတဲ့အခါ Patel လို့ခေါ်တဲ့ အိန္ဒိယက Instagram Cele တစ်ယောက်ဟာ သူရဲ့အကောင့်မှာ Follower သန်းချီရှိပြီး အများစုက ကျေးလက်ပြည်သူတွေဖြစ်ကြပါတယ်။ သူ့ကို အိန္ဒိယနိုင်ငံရေး အဖွဲ့အစည်းတွေက မဲပေးဖို့၊ လူတွေကိုချွေးသိပ်ဖို့နဲ့ တစ်ခြားနိုင်ငံရေးအဖွဲ့အစည်းနဲ့ဆိုင်တဲ့ ကိစ္စတွေ ကြော်ငြာပေးဖို့ ငွေပေးခိုင်းစေတာအမြဲတစေ ခံရတယ်လို့ ပြောထားပါတယ်။ အိန္ဒိယနိုင်ငံမှာ အင်တာနက်ဈေးတွေ သက်သာလာတာနဲ့အမျှ အွန်လိုင်းအသုံးပြုနိုင်တဲ့သူဦးရေလည်း တစ်ဖြည်းဖြည်းများလာတာကြောင့် ဒီနည်းလမ်းက ထိရောက်တဲ့နည်းလမ်း တစ်ခုဖြစ်လာပါတယ်။

လူမှုကွန်ရက်ကနေတဆင့် နိုင်ငံရေးကိစ္စတွေပြုလုပ်တာ အိန္ဒယက ပထမဆုံးတော့ မဟုတ်ပါဘူး။ 2016 တုန်းက အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ Donal Trump တစ်ယောက် Social Media ကိုသုံးပြီး မဲဆွယ်စည်းရုံးရေးနဲ့ တစ်ခြားအပြိုင်ပါတီတွေကို အပုတ်ချဖို့အတွက် အသုံးပြုခဲ့တဲ့ ကိစ္စတစ်ခုရှိခဲ့ပါတယ်။ ဒီကိစ္စကို 2018 မှာတော့ ဗူးပေါ်သလိုပေါ်ပြီး Facebook လည်းတရားရုံးတွေတက်ခဲ့ရပါတယ်။

လောလောဆယ်မှာတော့ အိန္ဒိယရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စအတွက် စည်းမျဥ်းအသစ်တွေထုတ်ဖို့ စီစဥ်နေတယ်ဆိုပေမယ့် ထိရောက်တဲ့တားမြစ်မှုတွေ ပြုလုပ်ဖို့တော့ မလွယ်သေးဘူးလို့ ပညာရှင်တွေက ကောက်ချက်ချထားပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

တစ်ညလုံး Charging လုပ်ထားရင် ဖုန်း Battery ပျက်နိုင်လား?

Next
Next

ပျောက်ကွယ်သွားတော့မယ့် Barcodes များ