ကိုယ့်ကိုယ်ကို စာပြန်ပို့ခြင်း

မိတ်ဆွေတို့တော့ မသိပေမယ့် ကျွန်တော်ကတော့ အမြဲကိုယ့်အကောင့်ကို စာပြန်ပို့ဖြစ်တယ်။ ဒါပေမယ့် စကားပြောရမယ့်သူမရှိလို့ ပြန်ပို့တာမဟုတ်ဘူးနော်... မှတ်စရာရှိတဲ့စာရင်းတွေ၊ To-do-list တွေနဲ့ တစ်ခြား အမြန်မှတ်စရာတွေကိုပြန်ပို့တာကိုပြောတာပါ။ အရင်တုန်းက Messenger မှာ Save ထားဖို့ရှိတဲ့ စာရင်းတွေ၊ ဖုန်းမှာသိမ်းမထားချင်တဲ့ပုံတွေ၊ အသံဖိုင်တွေကို ပို့ထားနေကြပါ။ ခုတော့ ရောက်တဲ့နိုင်ငံကိုလိုက်ပြီး သုံးဖြစ်တဲ့ Messaging မှာလည်း အရင်နည်းတူ ကိုယ့်ကိုယ်ကိုစာပို့ပြီး မှတ်ဖြစ်နေတုန်းပဲ...

Self-Texting ရဲ့အားသားချက်တွေက အမြဲသုံးဖြစ်နေကြ App မှာမှတ်ထားတာဖြစ်လို့ တစ်ခုခုဆို တကူးတကကြီးသွားပြန်ကြည့်နေစရာမလိုတာပါ။ တစ်နေ့မှာ နာရီ ၂၀ လောက်ဆက်သွယ်ရေးအတွက် အသုံးပြုနေရတဲ့ App ဖြစ်တဲ့အတွက် သုံးရတာလည်းလွယ်တယ်။ UI UX ကလည်းရင်းနှီးတယ်။ နောက်တစ်ခုက Cloud Storage ကို Free သုံးရသလိုဖြစ်တာပါ။

ဒါကြောင့်လည်း Chat App တွေကနောက်ပိုင်းမှာ Note တွေမှတ်ဖို့ Feature တွေတကူးတကထည့်ပေးလာတာပါ။ Viber မှာဆိုရင် My Notes, Telegram မှာဆိုရင် Saved Message, Messenger မှာဆိုရင် ကိုယ့်အကောင့်ကို စာပြန်ပို့တာ အစရှိတဲ့ Messaging App တွေကထည့်ပေးထားပါတယ်။ သေချာတာတစ်ခုကတော့ လူတိုင်းနီးပါး Messenger မှာကိုယ့်အကောင့်ကို စာပြန်ပို့ပြီး၊ ပုံတွေ၊ စာတွေ၊ အသံဖိုင်တွေ သိမ်းဖူးကြမယ်လို့ထင်ပါတယ်။

Self-Texting မှာအပေါ်ကအားသာချက်တွေရှိပေမယ့် အားနည်းချက်လည်း ရှိနေပြန်ပါတယ်။ ဒါကတော့ အကောင့်ပျက်သွားတာမျိုး၊ ခိုးခံရတာမျိုးတွေမှာတော့ ကိုယ့်ရဲ့လူသိမခံချင်တဲ့ အချက်အလက်တွေ ပါသွားနိုင်တာပါ။ ဒါတွေကိုတော့ သတိထားရမယ်လို့ ထင်ပါတယ်။

မိတ်ဆွေတို့ရော ကိုယ့်ကိုကိုစာပြန်ပို့တာမျိုး လုပ်ကြလား??

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

GPT- 3

Next
Next

နားထောင်ကြည့်သင့်တဲ့ Spotify Playlist Part 2