GPT- 3

GPT-3 ဆိုတာဘာလဲ။ GPT ဆိုတာ Third generation Generative Pre-trained Transformer လို့ခေါ်တဲ့ Machine Learning လုပ်ထားတဲ့ AI model တစ်ခုပါ။ ဒီ AI ကို စာသားတွေ Generate လုပ်တဲ့နေရာမှာ အသုံးပြုဖို့ Open AI ဆိုတဲ့ကုမ္ပဏီက တီထွင်ထားတာပါ။ Open AI ဆိုတာက AI Model တွေကိုတည်ဆောက်တဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမှာတည်ရှိပြီး Non-profit Research ကုမ္ပဏီတစ်ခုပါ။ ဒီကုမ္ပဏီကို Microsoft အပါအဝင် အဖွဲ့အစည်းအကြီးကြီးတွေက အဓိက Funding လုပ်ပေးထားပါတယ်။

GPT-3 ဆိုတဲ့ AI ကိုအသုံးပြုပြီး ကျွန်တော်တို့ဟာ အကြောင်းအရာတစ်ခုကို လူ့ဦးနှောက်ကစဥ်းစားပြီး ချရေးသလို စာပိုဒ်တွေရေးခိုင်းလို့ရပါတယ်။ လောလောဆယ်မှာတော့ GPT-3 ကိုလူတိုင်းအခမဲ့အသုံးပြုခွင့်ရနေပေမယ့် တစ်ကယ်လို့ ဝယ်ယူသုံးစွဲရမယ်ဆိုရင် အရမ်းကိုဈေးကြီးနိုင်တယ်လို့ ဆိုထားပါတယ်။

လောလောဆယ်မှာတော့ ကမ္ဘာပေါ်မှာ GPT-3 ထက် Powerful ပိုဖြစ်တဲ့ Text Generating AI မရှိသေးပါဘူး။ GPT-3 မှာ ဘာသာစကား အတော်များများကိုအသုံးပြုပြီး စာပိုဒ်တွေရေးပေးနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဒါပေမယ့် လူသားတွေ နေ့စဥ်သုံးစွဲနေတဲ့ နေ့စဥ်သုံး စကားဖြစ်အောင်တော့ ရေးထုတ်နိုင်ဖို့ Challenge ဖြစ်နေဆဲပါ။

GPT-3 ကိုလောလောဆယ်မှာ Blog Post ရေးခိုင်းတာမျိုး၊ ကြော်ငြာစာ Content ရေးခိုင်းတာမျိုး၊ ကဗျာစပ်ခိုင်းတာနဲ့ နောက်ဆုံး Computer Programming Code တွေပါရေးခိုင်းလို့ရတဲ့အထိ Powerful ဖြစ်နေပါပြီ။ အနာဂတ်မှာ ဘယ်လိုအလုပ်တွေကို AI တွေနဲ့အစားထိုးလာမလဲဆိုတာ စဥ်စားစရာဖြစ်ပါတယ်။

GPT-3 Engine နဲ့တစ်ခြား AI တွေကိုပေါင်းစပ်ပြီး အလိုအလျောက်ပုံဆွဲတာ၊ Website တွေဖန်တီးတာနဲ့ ပုံတွေခွဲခြမ်းစိတ်ဖြာတဲ့ Project တွေလောလောဆယ်မှာ လုံဆောင်နေကြပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

File Size သေးသေးနဲ့ ဆော့လို့ကောင်းမယ့် Game (၅) ခု

Next
Next

ကိုယ့်ကိုယ်ကို စာပြန်ပို့ခြင်း