ဖုန်းတွေမှာ Haptics Feedback ကောင်းကောင်း ဘာလို့ပါဝင်သင့်တာလဲ
ဖုန်းနဲ့ရုပ်ရှင်ကြည့်နေတုန်းမှာပဲဖြစ်ဖြစ်၊ ဂိမ်းဆော့နေတုန်းမှာပဲဖြစ်ဖြစ် Notification တစ်ခုခုဝင်လာတဲ့အခါ ဖုန်းရဲ့ တုန်ခါမှုကို ကောင်းကောင်းခံစားရခြင်းဟာ ဖုန်းရဲ့ Haptic Feedback ကောင်းမွန်လို့ပဲဖြစ်ပါတယ်။ အားသွင်းကြိုးတပ်လိုက်လို့ Animation အလန်းစားနဲ့အတူ ဖုန်းရဲ့တုန်ခါမှုကို ခံစားရတာမျိုး၊ ဂိမ်းဆော့ရင်း ဂိမ်းထဲကအတိုင်း ဖုန်းတုန်ခါတာမျိုးတွေအပြင် ဖုန်းမှာတစ်ခြား Process တစ်ခုလုပ်ဆောင်နေစဥ်အတွင်း Notification နဲ့ ဖုန်းဝင်လာတဲ့အခါ တုန်ခါမှုကောင်းကောင်းကို ခံစားရဖို့အတွက် Haptic Vibration Motor ကောင်းကောင်း လိုပါတယ်။ Notification ဝင်လာတိုင်း ဗြီးဗြီးဗြဲဗြဲ နဲ့ ဆူညံနေတဲ့ Vibration ဖြစ်နေရင် ဖုန်းရဲ့ Haptic Feedback မကောင်းလို့ပဲဖြစ်ပါတယ်။
ဒီနိုင်ငံမှာတော့ Haptic Feedback ကိုအရမ်းကြီး အလေးပေးတာမျိုးမရှိသေးပေမယ့် တစ်ချို့နိုင်ငံတွေမှာ အသုံးပြုသူတွေ တော်တော်များများက Haptic Feedback ကိုထည့်သွင်းစဥ်းစားလာကြပြီဖြစ်ပါတယ်။ Mobile Gaming ခေတ်စားလာတာနဲ့ အမျှ Haptic Feedback ကိုလည်း အရေးပေး ရွေးချယ်လာကြတာဖြစ်ပါတယ်။ ဒါ့အပြင် Google, Apple တို့မှာရှိတဲ့ App Developer တွေရဲ့ ပြောကြားချက်အရ App တွေရဲ့ User Interface, User Experience ကောင်းကောင်းရဖို့အတွက် Haptic Feedback ကောင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
၂၀၁၈ ထွက်နောက်ပိုင်း ဖုန်းတော်တော်များများမှာတော့ Haptic Feedback ပါဝင်လာပြီး တစ်နှစ်ထက်တစ်နှစ် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပါဝင်လာပါတယ်။ ရုပ်ရှင်ထဲက အဖြစ်အပျက်ကိုလိုက်ပြီး ဖုန်းမျက်နှာပြင်နေရာမှာ တုန်ခါမှုကို ခံစားရတာ၊ ဂိမ်းဆော့ရင် ဂိမ်းထဲက လုပ်သမျှ လှုပ်ရှားမှုအတိုင်း တုန်ခါမှုဖြစ်တာမျိုးတွေကို Haptic Feedback ကပဲပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Google နောက်ဆုံးထွက် Pixel 6 Series မှာ Contact ကိုလိုက်ပြီး တုန်ခါမှုပုံစံနဲ့ အသံကို ကြိုက်သလိုထားနိုင်တာမျိုးတွေကို ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့်မို့ ဖုန်းလာရင် ဘယ်သူဖုန်းခေါ်လဲ ဆိုတာမျိုးကို ဖုန်းထုတ်ကြည့်စရာမလိုပဲ တုန်ခါမှုကိုမူတည်ပြီး ဖုန်းခေါ်ဆိုသူကို သိရှိနိုင်မှာဖြစ်ပါတယ်။
ခုလိုကောင်းမွန်တဲ့ Feature တစ်ခုဟာ လွယ်လွယ်လေးလေး ပေါ်လာတာတော့မဟုတ်ပါဘူး။ အရင်တုန်းက ဖုန်းတွေမှာ Haptic Feedback ကို CPU ကမနိုင်တဲ့အခါ အသံအရင်ထွက်လာပြီး Vibrration ကျန်နေခဲ့တာမျိုးတွေရှိပါတယ်။ ခုလိုမျိုး Lantancy ဖြစ်မှုကို လျော့ချပြီး Gamingနဲ့ Entertainment ပိုင်းမှာပါ ထည့်သွင်းနိုင်လာဖို့အတွက် Cirrus Logic ဆိုတဲ့ Companyက အဖြေရှာနိုင်ခဲ့ပါတယ်။
Stereo Speaker တွေ၊ Haptic Feedback တွေပိုကောင်းလာတာနဲ့အမျှ ဖုန်းအသုံးပြုသူတွေအနေနဲ့ ဖုန်းတစ်လုံးနဲ့တင် Entertainment ပေါင်းစုံကို ခံစားနိုင်မှာဖြစ်ပါတယ်။
Ref : Android Authority