Netflix Error ကုဒ်များနဲ့ ဖြေရှင်းနည်းများ

Netflix and Chill ဖို့လုပ်ရင်း Error ကုဒ်တွေပေါ်လာပြီး မကြည့်လိုက်ရပဲ ဘူပိတ်သွားတာမျိုးမဖြစ်ဖို့အတွက် ဒီတစ်ပတ်မှာတော့ ဖြစ်တတ်တဲ့ Netflix Error ကုဒ်တွေကို ဖြေရှင်းနည်းတွေ တင်ပြပေးသွားမှာဖြစ်ပါတယ်။

၁. Netflix Error 0041

Device or connectivity issue ကြောင့်ဖြစ်တာပါ။ Wifi ကို Reset လုပ်တာမျိုးနဲ့ Netflix App ကို Clear Data လုပ်ပြီး အသစ်ပြန်ဝင်ကြည့်တာမျိုး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

၂. Error 100

ဒီ Error ကတော့ Apple Device တွေသုံးတဲ့သူတွေပဲ မြင်ရမယ့် Error ပါ။ Netflix အကောင့်ထဲကထွက်ပြီး ပြန်ဝင်တာ၊ App ကိုဖျက်ပြီး ပြန် Install လုပ်တာမျိုး လုပ်နိုင်ပါတယ်။

၃. Error 7034

ဒီ Error ဖြစ်ရင်တော့ အပေါ်ကနည်းတွေကို လုပ်ကြည့်လို့ အဆင်မပြေဘူးဆိုရင် Netflix Customer Support ကိုဆက်သွယ်ရမယ့် Error ပဲဖြစ်ပါတယ်။

၄. Error (AIP-705)

Device or connectivity issue ပါ Wifi Reset လုပ်တာမျိုး၊ Netflix App က Old Version ဖြစ်နေတယ်ဆိုရင် Update တင်တာမျိုး လုပ်နိုင်ပါတယ်။

၅. Error NQL.2303

Android နဲ့ Windows သမားတွေပဲဖြစ်တတ်တဲ့ Error ပဲဖြစ်ပါတယ်။ App Reset ချတာ၊ Clear Data လုပ်တာတွေလုပ်နိုင်ပါတယ်။

၆. Error NQM.407

Payment အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ Error ပဲဖြစ်ပါတယ်။ သက်ဆိုင်ရာဘဏ် (သို့) Netflix ကို Email ပို့ပြီးမေးမှပဲအဆင်ပြေမယ့်ကိစ္စဖြစ်ပါတယ်။ Payment Method ကိုလည်း တစ်ချက်ပြန်စစ်ပါ။

၇. Error S7111-11101

Mac နဲ့ Browser ကနေ ​Netflix ကြည့်သူတွေပဲ ဖြစ်မယ့် Error ပဲဖြစ်ပါတယ်။ Browser ထဲက Netflix Cookies တွေ Clear လုပ်ပေးရင် အဆင်ပြေပါလိမ့်မယ်။

၈.Error TVP-832

ဒီ Error ဖြစ်လာရင် -

-VPN ပိတ်/ဖွင့်လုပ်တာမျိုး

-Netflix ကြည့်နေတဲ့ Device ကို Restart လုပ်တာမျိုး

-Netflix အကောင့်ကနေ Sign In/ Sign out လုပ်တာမျိုး

-Data Connection Reset တာမျိုး

လုပ်သင့်ပါတယ်။

ကဲ့ ဒါတွေကတော့ အဖြစ်များတတ်တဲ့ Netflix Error တွေနဲ့ ဖြေရှင်းနည်းတွေပဲဖြစ်ပါတယ်။ နေ့တိုင်း နက်ဖလစ်ရင်း ချေးနိုင်ကြပါစေဗျား

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဖုန်းအားကုန်မြန်တာသက်သာစေဖို့…

Next
Next

Foldable ဖုန်းတွေက အနာဂါတ်မှာ ပိုပြီးခေတ်စားလာမလား?