Foldable ဖုန်းတွေက အနာဂါတ်မှာ ပိုပြီးခေတ်စားလာမလား?

ခလုပ်နှိပ်ဖုန်းကနေတစ်ဆင့် Touch လုပ်ရတဲ့ဖုန်း၊ အဲ့ကနေတစ်ဆင့် တစ်ဖြည်းဖြည်း ဖုန်းဘေးဘောင်တွေကိုဖုန်းကုမ္ပဏီတွေက အပြိုင်အဆိုင် သေးအောင်လုပ်ကြရင်း Bazeless၊ Underdisplay Camera, Fingerprint နောက်ပိုင်း ​Notch ခုတော့ ခေါက်ဖုန်းတွေရဲ့ခေတ်လားလို့ မေးစရာပါပဲ။

တစ်ကမ္ဘာလုံးအနေနဲ့ကြည့်မယ်ဆိုရင် Samsung ရဲ့ Z Flip နဲ့ Z Fold တွေကို တရုတ်၊ မြောက်အမေရိက၊ ဥရောပ၊ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေက အစဥ်လိုက်နေရာယူထားပါတယ်။​ တစ်ကမ္ဘာလုံးဈေးကွက်နဲ့ယှဥ်ရင်တော့ ဒီဖုန်းတွေက တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းတောင်မကျော်သေးပါဘူး။

ပုံမှန်ဖုန်းတွေက ပုံစံတစ်ခုတည်းဖြစ်နေတဲ့အချိန်မှာ Fold, Flip တွေက ခေါက်လို့ရ၊ လှန်လို့ရ ဒေါင့်ပေါင်းစုံထားလို့ရတယ်ဆိုတဲ့ အားသာချက်ရှိပါတယ်။ နောက်တစ်ခုက သယ်ရလွယ်ပြီး ကျစ်ကျစ်လစ်လစ်ဖြစ်တာပါ။ ပုံမှန် Noti ကြည့်တာလောက်၊ သီချင်းဖွင့်တာလောက်ကို ဖုန်းတစ်ခုလုံးသုံးစရာမလိုပဲ Secondary Display ကိုပဲသုံးပြီး အလုပ်လုပ်လို့ရတာက အားသာချက်ဖြစ်ပါတယ်။

ဒါပေမယ့် အားနည်းချက်အနေနဲ့ကတော့ Screen Fold နည်းပညာက သူရဲ့ Peak Condition ကိုမရောက်သေးတာပါပဲ။ ခေါက်တာများရင် ကျိုးသွားတာ၊ Durable မခံသေးတာအပြင် သာမန် LCD Glass Display တွေရှိတဲ့ Durability တွေကိုတော့ မမှီသေးတာပါပဲ။ နောက်တစ်ခုက Hinge နည်းပညာကလည်း ခုထိဖွံ့ဖြိုးဆဲဖြစ်နေတုန်းပါ။ ဈေးနှုန်းတွေကလည်း Z Flip 5 မှာဆိုရင် ကျမသွားသေးလို့ လူတိုင်းလက်လှမ်းမှီတဲ့ နည်းပညာတော့မဟုတ်သေးပါဘူး။

အဲ့တော့ ခေါက်ဖုန်းတွေက အနာဂါတ်မှာ ပိုပြီးခေတ်စားလာဦးမလားမေးရင်တော့ တိုးတက်နေဆဲနည်းပညာဖြစ်လို့ ပိုပြီးခေတ်စားလာမှာသေချာပါတယ်။ ဒါပေမယ့် ဖုန်းတိုင်းကခေါက်တဲ့နည်းပညာကို Standard ထားပြီးထုတ်လာနိုင်မလားဆိုရင်တော့ မသေချာဘူးလို့ ပြောရပါမယ်။ ပိုကောင်းတဲ့ Display၊ ပိုကောင်းတဲ့ Hinge တွေပေါ်လာရင်တော့ Flip & Fold တွေရွှေခေတ်ဖြစ်လာဦးမှာပါပဲ။

Ref : CNet

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Netflix Error ကုဒ်များနဲ့ ဖြေရှင်းနည်းများ

Next
Next

Phone ပြင်တော့မယ်ဆိုရင် ဘာတွေလုပ်ထားသင့်လဲ?