ဖုန်းအားကုန်မြန်တာသက်သာစေဖို့…

ဖုန်းအားကုန် မြန်တာသက်သာစေဖို့အတွက် အများကြီးလိုက်လုပ်ဖို့မလိုပဲ လိုက်နာထားသင့်တဲ့ Tips လေးတွေကိုမျှဝေပေးပါမယ်။

1. Screen Off time တိုတိုထားပါ။

Inactive ဖြစ်တာနဲ့ Screen Timeout ဖြစ်သွားစေဖို့ Screen timeout ကို ၁ မိနစ်လောက်ထားရင် အကောင်းဆုံးပါ။

2. Screen Brightness ကို Auto ထားပါ။

Screen Brightness များရင် မျက်လုံးလည်းထိခိုက်သလို၊ Battery ကိုလည်း Drain ပါတယ်။ Auto ထားလိုက်တာအကောင်းဆုံးပါ။

3. မလိုတဲ့အသံတွေ၊ Vibration တွေပိတ်ပါ။

မလိုအပ်တဲ့ Keyboard သံတွေနဲ့ Vibration တွေကိုပိတ်ထားလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ တစ်ချို့ကအသံတွေကြားနေရမှ Noti တက်ရင်တုန်ခါနေမှကြိုက်တာ ဆိုပေမယ့် မလိုအပ်ရင်ပိတ်ထားပါ။

4. Dark Theme သုံးပါ။

ခုဆိုရင်ဖုန်းတိုင်းမှာ Dark Theme တွေပါနေပါပြီ။ Dark Theme တွေက မျက်လုံးကိုထိခိုက်စေတဲ့အလင်းစူးစူးတွေကို လျော့ချပေးနိုင်သလို၊ Battery အကုန်မြန်တာကိုလည်း ကာကွယ်ပေးပါတယ်။

5. App အပိုတွေနဲ့ အကောင့်အပိုတွေကိုရှင်းပစ်ပါ။

မသုံးဖြစ်တဲ့ App တွေနဲ့ အထူးသဖြင့် Android ဖုန်းတွေမှာ Email အကောင့်တွေအများကြီးကို ဖုန်းထဲထည့်သိမ်းထားတာမျိုးက နောက်ကွယ်မှာ Account တွေက Internet ကနေ Auto Syn လုပ်ပြီး ဖုန်းအားကုန်မြန်စေနိုင်ပါတယ်။

ဒါကတော့ လိုက်နာထားသင့်တဲ့ ဖုန်းအားကုန်တာ သက်သာစေမယ့်နည်းတွေပဲဖြစ်ပါတယ်။ ဖုန်းကို Original သို့ ကောင်းမွန်တဲ့ Charger သုံးပြီးအားသွင်းတာမျိုးနဲ့ ဖုန်း Battery မကောင်းတော့တဲ့အခါ အတင်းပေမသုံးပဲ Battery အသစ်လဲတာမျိုးလည်း လိုက်နာသင့်ပါသေးတယ်။

#AKhayerTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

NFC ဘယ်လိုအလုပ်သလဲ

Next
Next

Netflix Error ကုဒ်များနဲ့ ဖြေရှင်းနည်းများ