TV လုပ်ငန်းမှာ 15 နှစ်တိုင်ဦးဆောင်လာနိုင်ခဲ့တဲ့ Samsung ရဲ့ နောက်ကွယ်က အိမ်သုံးလျှပ်စစ်ထုတ်ကုန်ပစ္စည်းများရဲ့သမိုင်းကြောင်း

Samsung ကိုမိုလ်ဘိုင်းဖုန်းအနေနဲ့ ဒီနေ့အချိန်မှာလူသိများနေပေမဲ့ မိုလ်ဘိုင်းဖုန်းထုတ်လုပ်သူတွေကြားမှာ ကမ္ဘာ့ပထမနေရာရောက်အောင်တွန်းပို့ခဲ့တဲ့နောက်ကွယ်က အင်အားကတော့ Samsung ရဲ့ အိမ်သုံးလျှပ်စစ်ထုတ်ကုန်ပစ္စည်းများ လုပ်ငန်း တွေပဲဖြစ်ပါတယ်။ Samsung ကို ၁၉၃၈ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စားသောက်ကုန်တင်ပို့လုပ်ငန်းအနေနဲ့စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ကနေတစ်ဆင့် ဓာတု‌ဗေဒပစ္စည်း, လောင်စာဆီနဲ့ အထည်လုပ်ငန်းတို့ကိုအစအဆုံးထုတ်လုပ်တင်ပို့ရောင်းချခဲ့ပြီး ၁၉၆၉ ခုနှစ်မှာတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းလုပ်ငန်းကိုစတင်ဝင်ရောက်ခဲ့ပြီး Samsung ရဲ့ ပထမဆုံးထုတ်ကုန်ကတော့ အဖြူအမည်း TV ဖြစ်ပါတယ်။ ၁၉၇၀ ဝန်းကျင်မှာ အိမ်သုံးလျှပ်စစ်ထုတ်ကုန်ပစ္စည်းများကိုကမ္ဘာတစ်လွှားကိုစတင်ဖြန့်ဖြူးရောင်းချခဲ့ပြီး Samsung အနေနဲ့တောင်ကိုရီးယားရဲ့ အဓိကအိမ်သုံးလျှပ်စစ်ထုတ်ကုန်ပစ္စည်းထုတ်လုပ်သူဖြစ်လာပြီး နိုင်ငံရဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းရောင်ချမှုဈေးကွက် 50 ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

SS TV.jpg

Samsung TV များရဲ့သမိုင်းကြောင်း

Samsung ဟာအိမ်တစ်အိမ်မှာလိုအပ်တဲ့ပစ္စည်းမှန်သမျှအကုန်ထုတ်လုပ်နိုင်ပြီး Samsung ထုတ်ကုန်နဲ့လွတ်တဲ့ အိမ်သုံးကုန်ပစ္စည်းဆိုတာမရှိပါဘူး။ Microwave, အဝတ်လျှော်စက်, ရေခဲသေတ္တာ, TV, ဖုန်စုပ်စက် စတဲ့ထုတ်ကုန်တွေမှာ Samsung အမှတ်တံဆိပ်မြင်လိုက်တာနဲ့မသိသူမရှိအောင် တစ်ကမ္ဘာလုံးစျေးကွက်ကိုဦးဆောင်နိုင်ခဲ့ပါတယ်။

Samsung ဟာ Analog ကနေ Digital ကိုပြောင်းတဲ့အချိန်မှာ သူရဲ့ 55 လက်မ projection TV နဲ့စျေးကွက်မှာလူသိများလာပြီး တစ်ကမ္ဘာလုံးက TV စျေးကွက်ကလည်း Samsung ထုတ်ပြီးတဲ့နောက်မှာ Digital TV ခေတ်ကိုကူးပြောင်းလာပါပဲဖြစ်ပါတယ်။ 1998 မှာ ပထမဆုံး Flat TV ကိုထုတ်လုပ်နိုင်ခဲ့ပြီး 2000 ခုနှစ်တွေမှာလည်းဘယ်သူမှမထုတ်ရဲသေးတဲ့ LCD TV တွေနဲ့စျေးကွက်ကိုစတင်ဦးဆောင်ခဲ့ပါတယ်။ အဲ့တုန်းကဒေါ်လာ 13000 တန်တဲ့ 46 လက်မ TV တွေနဲ့ LCD TV စျေးကွက်ကိုအဖွင့်လှစေခဲ့ပါတယ်။ 21 ရာစုအစောပိုင်းတွေမှာ Samsung ပိုင်ဆိုင်ခဲ့တဲ့ဂုဏ်ပုဒ်တွေကတော့ 2002 ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ကမ္ဘာ့အပါးလွှာဆုံး TV နဲ့ 2006 ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ မျက်နှာပြင်နှစ်ဖက်ပါတဲ့ LCD screen တို့ပဲဖြစ်ပါတယ်။

2020 ခုနှစ်မှာ Samsung ဟာ ကမ္ဘာ့ TV စျေးကွက်ရဲ့ 31.9 ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားခဲ့ပြီးဒါဟာ ကုမ္ပဏီအနေနဲ့အမြင့်ဆုံးမှတ်တမ်းတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ Display ပိုင်းမှာသူများနဲ့မတူနာမည်ကြီးတဲ့ Samsung ဟာ ကမ္ဘာ့ TV စျေးကွက်ရဲ့ နံပတ် ၁ ကို 15 နှစ်ဆက်တိုက်ဦးဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

SS TV 1.png

လက်ရှိ Samsung ရဲ့ TV နည်းပညာ

အခု လက်ရှိ Samsung ရဲ့နည်းပညာကဘယ်အထိရောက်နေပြီလဲဆိုရင် TV မှာ AI chip အသုံးပြုပြီး 8K TV တွေကို ရုပ်ထွက်ပိုမိုကောင်းမွန်အောင် Up scaling လုပ်ပေးနိုင်တဲ့အထိရောက်ရှိနေပြီဖြစ်ပါတယ်။ Neo Quantum Processor ကိုအသုံးပြုပြီးဖန်သားပြင်ပေါ်က အရာဝတ္ထုများကို အရောင်ပိုမိုစိုပြေအောင် Detail ပိုမိုကောင်းမွန်အောင်နဲ့ Noise တွေကိုပိုမိုဖယ်ရှားပေးနိုင်ပါတယ်။ AI ရဲ့အထောက်အကူအပြင် 8K TV အသစ်မှာပါဝင်လာမဲ့ Quantum Mini LED လေးတွေကြောင့်ဂိမ်းဆော့တဲ့အခါမှာပိုမိုကောင်းမွန်တဲ့ Shadow Quality နဲ့ Motion Picture များကိုပြသပေးနိုင်ပါတယ်။ 8K resolution ကို screen ဘောင်အပြည့်နဲ့ ခံစားနိုင်ပြီး ဂိမ်းစက်အမြင့်များအတွက်ရုပ်ထွက်လိုက်ညီမှုရှိအောင် 4K 120Hz HDMI 2.1 port လည်း support လုပ်ပေးထားပါသေးတယ်။

SS TV3.jpg

Samsung ရဲ့ 2021 ရဲ့ Crystal UHD line up အသစ်

အခု အသစ်ထွက်ရှိလာမဲ့ TV Crystal UHD line up မှာ AI နဲ့ Enhance လုပ်မဲ့အပြင် Dynamic Crystal Color ကြောင့် ပိုမိုတိကျကြွယ်ဝတဲ့ပုံတွေကိုထုတ်ပေးနိုင်ပြီး RGB ပေါင်းစပ်မှုပိုင်းမှာ အလင်း‌ရောင်ရောထွေးခြင်းမှိန်ခြင်းများမဖြစ်စေမဲ့ Advanced phosphor Technology ကို သုံးပေးထားပါတယ်။ Sound System ကလည်းပိုမိုကောင်းမွန်လာတဲ့ Q-symphony နည်းပညာက TV နဲ့ Sound bar ကိုအတူတူလိုက်လျှောညီစွာ အလုပ်လုပ်စေပြီးအကောင်းမွန်ဆုံးသော အသံအရည်အသွေးကိုရရှိမှာပါ။

အခုအသစ်ထွက်ရှိလာမဲ့ TV line up အသစ်မှာတခြား Feature တွေအနေနဲ့ Smart Things နဲ့အိမ်ထဲမှာရှိတဲ့ Intelligence Device တွေအားလုံးကို TV မှတဆင့်ထိန်းချုပ်နိုင်မဲ့အပြင် သူ့မှာပါဝင်တဲ့ Processor ကြောင့် Samsung ဖုန်းတွေနဲ့ Samsung Dex ကိုအသုံးပြုပြီးကွန်ပြူတာတစ်လုံးလိုအသုံးပြုနိုင်မဲ့အပြင် Platform ကန့်သတ်ချက်လည်းမရှိတာကြောင့် Screen Mirroring တွေ Presentation တွေကို Device အားလုံးနဲအဆင်ပြေပြေသုံးနိုင်မှာပဲဖြစ်ပါတယ်။

အခုနောက်ဆုံးအသစ်ထွက်ရှိလာမဲ့ Crystal UHD 4K TV ‌ဟာ စျေးအနည်းဆုံး 55 လက်မ ကို ၁၂သိန်း ဝန်းကျင်ကျသင့်မှာဖြစ်ပြီး အမြင့်ဆုံး 85 လက်မဟာ ၃၆ သိန်းဝန်းကျင်ကျသင့်မှာပဲဖြစ်ပါတယ်။ စျေးပိုသက်သာ တဲ့ UHD မော်ဒယ်က အနိမ့်ဆုံး 43 လက်မ ကို ၇ သိန်းကျော်ကျော် နဲ့ UHD ထဲကအမြင့်ဆုံး 75 လက်မကတော့ ၂၁  သိန်းကျော် ကျသင့်မှာပဲဖြစ်ပါတယ်။အားလုံးဟာ Smart TV တွေဖြစ်တဲ့အတွက် Smart feature‌ တွေရရှိမှာပဲဖြစ်ပါတယ်။

Samsung TV များရဲ့အားသာချက်ကတော့ ဒီနိုင်ငံမှာတရားဝင် အရောင်းပြခန်းနဲ့ Service တွေလဲရှိတာကြောင့်ပြင်ရတာ အချိန်ကုန်လွယ်ကူတဲ့အပြင် အပိုပစ္စည်းတွေလည်း လွယ်လွယ်ကူကူ ရရှိနိုင်ပါတယ်။ နောက်ပြီးဒီနိုင်ငံမှာတရားဝင်တင်သွင်းရောင်းချခြင်းဖြစ်တဲ့အတွက်ဝယ်ပြီးသွားရင်လည်း

Samsung က ၄၀ လက်မနှင့်အထက် တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်​လျှော်စက်နှင့် အခြောက်ခံစက်၊ လေအေး​ပေးစက်တွေဝယ်တဲ့သူများအတွက် စက်ပစ္စည်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အခက်အခဲရှိပါက hot-line (၀၁-၂၃၉၉၈၈၈) ဖုန်းနံပါတ်အား ၂၄ နာရီလုံး ခေါ်ဆိုမေးမြန်းခြင်းဖြစ်စေ၊ လိုအပ်ပါက အင်ဂျင်နီယာများမှ အိမ်တိုင်ရာရောက် လာရောက်ပြုပြင်ပေးသွားမည့် In-Home ဝန်ဆောင်မှုကိုလည်း ခံစားရရှိမှာပါ။ ထိုနည်းတူစွာ Samsung ရဲ့ Carry-In Service ဖြင့် ချို့ယွင်းသွားသည့် စက်ပစ္စည်းများကို မြန်မာနိုင်ငံတဝန်းရှိ Samsung Service Center ၂၂ ​နေရာများရှိ ကျွမ်းကျင်သော အင်ဂျင်နီယာများထံသို့ ယူဆောင်ပြသ၍ after-sale repair service ဝန်ဆောင်မှုများကိုလည်း ခံစားရနိုင်မှာဖြစ်ပါတယ်။

 

Author : Hein Htet

Ref: The History of the Samsung TV (techwalla.com)

Samsung | History & Facts | Britannica

[15 Years of TV Leadership] ① Samsung TVs – A Legacy of Innovation – Samsung Global Newsroom

Previous
Previous

Traditional HDD drive တွေကိုရေရှည်သုံးနိုင်အောင်ဘယ်လိုထိန်းသိမ်းရမလဲ ?

Next
Next

Mobile Data ချွေတာတတ်ဖို့ဘာတွေလုပ်ရမလဲ?