Microsoft Bing ရဲ့ Image Generator စမ်းသုံးကြည့်မယ်

DELL-E နဲ့ MidJourney ကိုလူတိုင်းသိကြမယ်လို့ ထင်ပါတယ်။ DELL-E ဟာ Realistic ဖြစ်တဲ့ပုံတွေကိုထုတ်လုပ်ရာမှာ ပိုကောင်းပြီး MidJourney ကတော့ Art Style တွေမှာပိုပြီး Creative ဖြစ်တယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။ ဒါဆို Microsoft Bing ကရော??

Microsoft Bing ရဲ့ Chat ကို List လုပ်ထားတဲ့ လူတိုင်းအသုံးပြုခွင့်ရသလောက်ဖြစ်နေပါပြီ။ ဒီထဲကမှ Microsoft image Generator ကိုလည်း ထပ်မံ List လုပ်ပြီးသုံးနေကြပါပြီ။

Microsoft Bing Image Generator ကိုသုံးဖို့အတွက် တစ်ခြား AI တွေလို ပိုက်ဆံပေးစရာမလိုပါဘူး။ Image Generator ကိုသုံးခွင့်ရပြီဆိုတာနဲ့ Boost လို့ခေါ်တဲ့ Credit တွေရနေမှာဖြစ်ပါတယ်။ Image တစ်ခု Generate လုပ်ပြီးတိုင်း Boost တစ်ခုကုန်သွားမှာပါ။ Boost ကုန်သွားရင် Image Generate လုပ်ရာမှာ အနည်းငယ်ပိုကြာသွားမှာဖြစ်ပါတယ်။ Boost တွေဟာ VIP Ticket သဘောမျိုး အလုပ်လုပ်ပါတယ်။

Boost ကုန်သွားရင်လည်း ဝယ်စရာမလိုပါဘူး။ Microsoft Bing ကိုသုံးပြီး နေ့စဥ် Web Search တွေလုပ်ရင် Credit တွေရနေမှာဖြစ်ပါတယ်။

အောက်ပါပုံတွေကတော့ စမ်းထုတ်ကြည့်ထားတဲ့ ပုံတွေပဲဖြစ်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

IEM နားကြပ်ဆိုတာဘာလဲ

Next
Next

Android Kernel Vs iOS Kernel