Android Kernel Vs iOS Kernel

Kernel ဆိုတာက Operating System တစ်ခုရဲ့အဓိကအစိတ်အပိုင်းတစ်ခုပါ။ Software တွေနဲ့ Hardware တွေကြားမှာ Processing လုပ်တဲ့ လုပ်ဆောင်ချက်တိုင်း (memory, and input/output operations)ကို CPU အတွက် Kernel ကအဓိကလုပ်ဆောင်ပေးတာပါ။

စက်တစ်ခုကို ပါဝါဖွင့်လိုက်တာနဲ့ အရင်ဆုံးပါဝါပွင့်တာ Kernel ပဲဖြစ်ပါတယ်။ Kernel ကအရင်ပါဝါပွင့်လာပြီးမှ ဖုန်းရဲ့ဘယ်အပိုင်းကိုတော့ ပါဝါပေးမယ်၊ ဘယ် Software အပိုင်းကတော့ အရင်ပါဝါပွင့်ရမယ်ဆိုပြီး Management လုပ်ပါတယ်။

Operating System တိုင်းလိုလို Kernel ပါလေ့ရှိတာကြောင့် Android နဲ့ iOS မှာလည်း မတူညီတဲ့ ကိုယ်ပိုင် Kernel တွေရှိပါတယ်။ Android ကတော့ Linux Kernel ကိုအခြေပြုထားပြီး၊ iOS ကတော့ Mach microkernel နဲ့ BSD (Berkeley Software Distribution) kernel ပေါ်ကိုအခြေပြုတဲ့ XNU Kernel ကိုအသုံးပြုပါတယ်။

အရင်တုန်းက Android ဖုန်းတွေဟာ iPhone တွေထက် RAM ပိုများတဲ့အခြေအနေမှာတောင် ဘာလို့ ပိုနှေးနေရတာလဲဆိုတဲ့ အဖြေကို Android App တွေဟာ Process လုပ်တဲ့အခါ Android SDK ပေါ်မှာ တစ်ဆင့်ခံ Run ရလို့ဆိုတဲ့ ဆွေးနွေးချက်တွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပိုအားကောင်းလာတဲ့ Snapdragon တွေက သံသယပြန်ဖြစ်လာစေခဲ့ပါတယ်။

ယနေ့ခေတ််မှာတော့ Smart Device တွေဘယ်လောက် Optimize ဖြစ်လည်း၊ Smooth ဖြစ်လဲဆိုတာဟာ Software တစ်ခုတည်းတင်မဟုတ်တော့ပဲ Hardware နဲ့ Software ဟန်ချက်ညီညီ ပေါင်းစပ်မှုဆိုတာ တစ်ဖြည်းဖြည်း မြင်လာရနိုင်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Microsoft Bing ရဲ့ Image Generator စမ်းသုံးကြည့်မယ်

Next
Next

သင့်အလုပ်တွေ ပိုမိုမြန််ဆန်သက်သာအောင် ကူညီပေးနိုင်မယ့် AI များ