IEM နားကြပ်ဆိုတာဘာလဲ

IEM ဆိုတာ In Ear Monitor Earphone တွေကိုဆိုလိုပါတယ်။ နားကြပ်အတွင်းပိုင်းထိ ဝတ်ဆင်ရတဲ့ နားကြပ်လို့ဆိုနိုင်ပါတယ်။ ပုံမှန်နားကြပ်တွေမှာ နားအခေါင်းထဲထိ တပ်ဆင်တာမျိုးမဟုတ်ပဲ နားအပြင်ပိုင်းမှာ တပ်ဆင်ရတဲ့နားကြပ်တွေများပါတယ်။ Headphone တွေကတော့ နားတစ်ခုလုံးကိုအုပ်ပြီး တပ်ဆင်ရတာပါ။ IEM တွေကို အဆိုတော်တွေ၊ Music Producer တွေနဲ့ Film Production ပိုင်းတွေမှာ အများဆုံးအသုံးပြုကြပါတယ်။

IEM တွေက နားအတွင်းပိုင်းကိုပိတ်ပြီး ပြင်ပအသံတွေကို မကြားရအောင်လုပ်ထားလို့ နားကြပ်ကလာတဲ့ အသံတွေကို ကွဲကွဲပြားပြား ကြားနိုင်ပါတယ်။ ဒါ့အပြင် နားကြပ်အတွင်းကလာတဲ့အသံကို အပြင်ကိုလည်း မထွက်ပဲ နားစည်ကိုတိုက်ရိုက်ပို့ပေးလို့ အသံတွေကို စစ်ဆေးတဲ့ကိစ္စရပ်တွေမှာလည်း IEM တွေကိုပဲ သုံးကြပါတယ်။

IEM တွေရဲ့ အများစု အသံတွေက Flatter ဖြစ်တဲ့အသံတွေများပါတယ်။ ဘာလို့ Flat ဖြစ်လဲဆိုတော့ သံစဥ်တွေထဲက ဘယ်တီးလုံးကိုမှ အထူးပြုပြီး တိုးထားခြင်း၊ ကျယ်ထားခြင်း မရှိလို့ပါ။ ဒါမှ Music Producer တွေအနေနဲ့ ကိုယ့်သံစဥ်ရဲ့ တီးလုံးတိုင်းကို အမှန်အတိုင်းကြားနိုင်မှာဖြစ်ပါတယ်။

IEM တွေရဲ့ အားသာချက်လို့ ပြောလို့ရတဲ့နောက်တစ်ချက်က ကိုယ့်နားအတွင်းပိုင်းနဲ့ကိုက်တဲ့ Earbuds တွေပြောင်းတပ်လို့ရတဲ့အချက်ပါ။ ဒါပေမယ့် အချိန်အကြာကြီးတပ်ထားရင်တော့ နားနာတာနဲ့ အကြားအားရုံထိခိုက်နိုင်တဲ့ ပြဿနာရှိနိုင်ပါတယ်။

နာမည်ကြီးတဲ့ IEM Brand တွေကတော့ Audio Technica, Sennheiser, Shure, InEar တွေဖြစ်ပြီး တစ်ခြားနာမည်ကြီး Brand တွေလည်းအများကြီးရှိပါတယ်။ မိတ်ဆွေက သီချင်းသံတွေကို ဘာ Equalizer မှမပါပဲ မူရင်းအတိုင်းခံစားချင်တယ်ဆိုရင်တော့ IEM တွေကိုစမ်းသုံးကြည့်ပါလို့ အကြံပေးချင်ပါတယ်။ Review ကြည့်ချင်ရင်တော့ YouTube မှာ Crinacle လို့ရိုက်ရှာပြီး ကြည့်ကြည့်ပါ။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

5 Websites to Study Programming

Next
Next

Microsoft Bing ရဲ့ Image Generator စမ်းသုံးကြည့်မယ်