Traditional HDD drive တွေကိုရေရှည်သုံးနိုင်အောင်ဘယ်လိုထိန်းသိမ်းရမလဲ ?

ဒီနေ့ခေတ်မှာလပ်တော့တော်တော်များများနဲ့ ကွန်ပြူတာအများစုမှာ Solid State Drive (SSD) တွေအသုံးများနေကြပြီ ဆိုပေမဲ့ SSD အများစုဟာသာမန် HDD တွေထက်စျေးကြီးနေသေးပြီး Storage လည်း HDD တွေလောက်အများကြီးမသုံးစွဲနိုင်သေးတာကြောင့် HDD တွေကိုအားထားနေရတုန်းဖြစ်ပါတယ်။ SSD တွေဟာ သာမန် HDD တွေထက် ပိုမြန် ပိုစိတ်ချ ပြီး ပြုတ်ကျတာတွေလည်းခံနိုင်ပေမဲ့ ဒေတာတွေကိုမဖြတ်ရက်ဘူးသိမ်းထားချင်သေးတယ်ဆိုရင်တော့ ကိုယ့်ရဲ့ HDD တွေကိုရှေရှည်ထိန်းသိမ်းနိုင်ဖို့အတွက်အခုနည်းလမ်းလေးတွေကိုပြောပြလိုက်ပါတယ်။

1.      HDD တွေရဲ့ကျရှုံခန်းအများစုဟာ အပူနဲ့ အထားအသိုပုံစံတို့ကြောင့်ဖြစ်ပါတယ်။ အပူပြဿနာဟာ Laptop တွေအများစုမှာဆိုရင်အနဲအကျဉ်းလောက်ပဲရင်ဆိုင်ရလေ့ရှိပေမဲ့အခန့်မသင့်ရင် Fail သွားတက်ပါတယ်။ Desktop တွေမှာဆိုလည်း Cooling system မကောင်းရင် Hard disk ကလိုအပ်တာထပ်ပိုပြီးပူလာပြီဆိုရင် Data read write လုပ်တဲ့စနစ်ပျက်စီးသွားတက်ပြီး Detect မဖြစ်တော့တာမျိုးတွေနဲ့ကြုံတွေ့ရတက်ပါတယ်။Desktop ဆင်ကျသူအများစုက CPU, GPU နဲ့ Motherboard တွေပိုက်ဆံအများကြီးအကုန်ကျခံဆင်ပြီးရင် Cooling system နဲ့ Power supply မှာခိုတက်ကျပါတယ်။အဲ့တာကြောင့် Desktop တွေမှာဆိုရင် လေဝင်လေထွက်နဲ့ Cooling system ကောင်းမွန်ခြင်းဟာ Hard disk အတွက်တင်မဟုတ်ပဲ ကွန်ပြူတာတစ်လုံးလုံးရဲ့ရေရှည်အသုံးပြုနိုင်မှုနဲ့ပါတိုက်ရိုက်သက်ဆိုင်နေပါတယ်။ ထို့အပြင် တစ်ခါတစ်ရံသတိလပ်လွက်ဖြစ်သွားတက်ပြီး casing ပုံးထဲမှာ လေပူထုတ်တဲ့နေရာနဲ့ Hard disk ထားတဲ့နေရာနဲ့ကွက်တိသွားကျနေတက်ပြီး ထုတ်လွှတ်လိုက်တဲ့လေပူတွေက Hard disk ပေါ်မှာတိုက်ရိုက်သွားကျနေရင်ရေရှည်လုံးဝသုံးနိုင်တော့မှာမဟုတ်တော့တဲ့အတွက် ဒါကိုလုံးဝသတိထားပြီး Computer ဆင်ရင်သတိထားရပါမယ်။ laptop တွေမှာဆိုရင်တော့အောက်ခံ cooling fan တွေကိုအသုံးပြုသင့်ပြီး external Hard disk တွေဆိုရင်တော့ သာမန် Room temperature မှာ ထားသင့်ပြီးနေပူထဲပစ်ထားတာမျိုးရှောင်သင့်ပါတယ်။

 

2.      နောက်တစ်ခုက External hard Disk တွေဟာ ခဏခဏပြုတ်ကျရင်အချိန်တိုအတွင်းမျာပျက်စီးတက်ပြီးအခန့်မသင့်ရင်တစ်ချက်ထဲနဲ့ Fail သွားတက်ပါတယ်။အဲ့တာကြောင့် HDD တွေကို cover တက်သုံးသင့်ပါတယ်။ လပ်တော့ထဲမှာရှိတဲ့ HDD ကတော့ လပ်တော့ပြုတ်ကျရင် Fail တက်ပြီး Desktop ထဲက HDD ကတော့ Hardware ပိုင်း customization လုပ်နေတဲ့အချိန်မှာလက်ထဲကလွတ်ကျတာတွေကို ပျက်စီးနိုင်တဲ့အတွက် Hard disk တွေကိုအကိုင်အတွယ်ပိုင်းသတိထားရပါမယ်။ HDD တွေဟာလည်နေတဲ့ အဝိုင်းပြားကြီးပေါ်မှာအရင်ခေတ်ကဓာတ်စက်တွေလို Pin နဲ့ထောက်ပြီးဖတ်တာဖြစ်တဲ့အတွက် အပ်ဖူးလေးနဲနဲလွဲသွားရင်တောင် Data တွေဆုံးရှုံးနိုင်ပါတယ်။

 

3.      တခြားအကြောင်းအရာများနှင့် ဒဏ္ဍာရီများ

 

နောက်တစ်ခုကတော့ Hard disk ကိုအသုံးပြုမှုပုံစံဖြစ်ပါတယ်။ OS တင်ထားတဲ့ Hard disk က တခြား ပုံမှန်သုံးနေတဲ့ Hard disk ထက်သက်တမ်းပိုတိုကျတယ်ဆိုပြီးပြောကြပါတယ်။ ဒါပေမဲ့ Google  ရဲ့ research တစ်ခုကတော့ Hard disk နဲ့ OS တင်ထားမှုအသုံးပြုမှုပုံစံတွေဟာ Hard disk ရဲ့သက်တမ်းအပေါ်သက်ရောက်မှုအနဲအကျဉ်းပဲရှိတယ်လို့ဆိုပါတယ်။ အဲ့တော့ အဲ့တာတွေအတွက်ဖြေရှင်းချက်ကတော့ ကိုယ့်ရဲ့ OS တင်ထားတဲ့အပိုင်းကို SSD ပဲသုံးပါလို့အကြံပေးချင်ပါတယ်။ SSD ဟာ OS loading booting ပိုင်းကိုလည်း HDD တွေထက်နှစ်ဆကျော်ပိုမိုမြန်ဆန်ပြီးအသုံးပြုရတာလည်း smooth ဖြစ်စေပါတယ်။အဲ့တာကြောင့် OLD data တွေကို HDD ပေါ်တင်ပြီး OS နဲ့ အမြဲသုံးနေတဲ့ Files တွေကို SSD ပေါ်တင်ပါလို့အကြံပေးချင်ပါတယ်။

Author : Hein Htet

Ref: How to Geek

Previous
Previous

iPhone တွေမှာ other storage တွေကိုအထိရောက်ဆုံးဘယ်လိုဖျက်မလဲ?

Next
Next

TV လုပ်ငန်းမှာ 15 နှစ်တိုင်ဦးဆောင်လာနိုင်ခဲ့တဲ့ Samsung ရဲ့ နောက်ကွယ်က အိမ်သုံးလျှပ်စစ်ထုတ်ကုန်ပစ္စည်းများရဲ့သမိုင်းကြောင်း