iPhone တွေမှာ other storage တွေကိုအထိရောက်ဆုံးဘယ်လိုဖျက်မလဲ?

iPhone တွေနဲ့ iPad တွေမှာ storage option ကစဝယ်တည်းကရွေးချယ်ရတာဖြစ်တဲ့အတွက် ဝယ်လိုက်ပြီဆိုတာနဲ့ storage ကိုထပ်တိုးဖို့ option က iCloud ပဲရှိပါတော့တယ်။ကိုယ့်ဖုန်းကကိုယ်လဲမသုံးပဲနဲ့တစ်ခါတစ်လေ Other storage နဲ့  ပြည့်နေတာမျိုးတွေဖြစ်နေတက်ပါတယ်။ အဲ့တာကြောင့် ဒီ article မှာ iPhone မှာဖြစ်တက်တဲ့ other storage ကိုဘယ်လိုရှင်းမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

1.      Safari cache တွေကိုရှင်းပါ။

အရင်ဆုံး setting ထဲကိုဝင်ပါ။ setting > Safari > clear history and website data ကို နိုပ်လိုက်ပါ။ အဲ့တာနိုပ်လိုက်ရင် iPhone ထဲက storage တွေပေါ့သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ safari ကမှတ်ထားတဲ့ Preferences တွေနဲ့ password မှတ်ထားတာတွေအကုန်လုံးတော့ပျက်သွားမှာဖြစ်ပါတယ်။ အဲ့တာအတွက်ကျွန်တော်ကတော့ Google search application ကိုသုံးဖို့အကြံပေးပါတယ်။

2.      iMessage နဲ့ Mail data အ‌ဟောင်းတွေကိုဖျက်ပါ။

iMessage ကိုအသုံးများတဲ့လူဆိုရင်တော့ iMessage ကနေပို့ထားတဲ့ attachment တွေပုံတွေကသင့်ဖုန်းကိုလေးလံစေမှာပါပဲ။ ဖျက်ချင်ရင်တော့

Setting> Message> Keep message ကို 30 days လို့ထားလိုက်ရင် ဟိုးအရင်တုန်းက ပို့ခဲ့ပြီးအသုံးမဝင်တော့တဲ့ data တွေပျက်ပြီး storage တွေအပိုထွက်လာမှာပဲဖြစ်ပါတယ်။

3.      Telegram cache တွေကိုရှင်းပါ။

 Telegram app က Wifi ချိတ်ထားမယ်ဆိုရင် အလိုအလျောက်ဖုန်းထဲကို download ဆွဲပါတယ်။အဲ့တော့ ခဏခဏလည်းသွားမဖြတ်ချင်ဘူးဆိုရင် အခုလိုမျိုးလုပ်လိုက်ပါ။

Telegram > Data and Storage > storage usage မှာ Maximum Cache size ကို 5GB ထားလိုက်ပါ။ဒါဆိုရင်တော့ 5GB ကျော်တာနဲ့အလိုအလျောက်ဖျက်သွားမှာပဲဖြစ်ပါတယ်။

Author : Hein Htet

Ref: makeuseof  

Previous
Previous

2021 မှာ စာအုပ် အလကားဒေါင်းလုပ်ဆွဲဖို့အကောင်းဆုံးဝဘ်ဆိုဒ်များ

Next
Next

Traditional HDD drive တွေကိုရေရှည်သုံးနိုင်အောင်ဘယ်လိုထိန်းသိမ်းရမလဲ ?