Google AI ကန့်လန့်ကာနောက်ကွယ်က ဆရာကြီးတတစ်ပါး

တစ်ခုခုဆိုရင် လူတွေက လူရှေ့နဲ့ မီဒီယာမှာပဲ ဖော်ပြခံရလေ့ရှိတဲ့ လူတွေကိုပဲ သိကြပါတယ်။ နောက်ကွယ်က တစ်ကယ့် Master Mind တွေကိုတော့ လူသိပ်မသိကြသလို အဲ့လိုလူတွေကလည်း လူရှေ့ထွက်ကြတာရှားပါတယ်။ Talk is Cheap, Show me the Code ဆိုတဲ့အတိုင်း အလုပ်များများ စကားနည်းနည်း လူစားတွေပါ။

Google လို့ပြောလိုက်တာနဲ့ လူတွေက Larry Page, Sundar Pichai တို့ကို သိကြပေမယ့် Google ရဲ့နာမည်ကြီး Product တွေဖြစ်တဲ့ Tensorflow, MapReduce, Bigtable, Google AI တို့ရဲ့ ဖန်တီးရှင် Jeffrey Dean ကိုတော့ ကြားဖူးသူ နည်းပါလိမ့်မယ်။

Jeffery Dean ဆိုတာ Google Bard, Gemini တို့လို AI တွေအတွက် Machine Learning Model တွေအပြင်၊ Data နဲ့ပတ်သက်တဲ့ Bigtable, MapReduce တို့လို နာမည်ကြီး System တွေ၊ ဒီနေ့ အသုံးပြုနေတဲ့ Google Products တွေရဲ့ Foundation Level တွေမှာအသုံးပြုနေတဲ့ System တွေအများကြီး တီထွင်ထားတဲ့ Google's Chief Scientist တစ်ယောက်ပါ။

ဘယ်လောက်ထိဆရာကျလဲဆို သူ့အတွက် Google မှာ Role တစ်ခုသပ်သပ် သတ်မှတ်ပြီး လစာကောင်းကောင်းပေးထားထိ ကြမ်းပါတယ်။ MIT လိုကျောင်းမှာ Seminar ပေးရတာမျိုးတွေ၊ သူ Co-author လုပ်ထားတဲ့ ဆုရထားတဲ့ စာတမ်းတွေလည်း အများကြီးပါပဲ။

သူရဲ့ Live Goal ကတော့ ကမ္ဘာ့တိုက်ကြီးတိုင်းမှာ Soccer နဲ့ Basketball ဆော့နိုင်ဖို့ဖြစ်ပြီး လောလောဆယ် North America, South America, Europe, Asia, Oceania, နဲ့ Africa မှာဆော့ကစားပြီးဖြစ်ပါတယ်။ နောက်ထပ်ဆော့ကစားဖို့ ကြံနေတာ Antarctica ဖြစ်ပါတယ်တဲ့...

အသေးစိတ်ကိုတော့ သူရဲ့ Google Research မှာသွားဖတ်ဖို့ အကြံပေးပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Next
Next

RAM ဘယ်လောက်ဆို ဖုန်းအတွက် လုံလောက်ပြီလဲ?