iPhone အတွက် အနာဂတ်ခြေလှမ်းများ

မိတ်ဆွေတို့ အသုံးပြုနေတဲ့ iPhone တွေဟာ Apple ကိုယ်ပိုင်စက်ရုံတွေက ထုတ်နေတယ်လို မိတ််ဆွေတို့ထင်နေရင်တော့ အတော်လေးလွဲနေပါပြီ။ တစ်ကယ်တော့ iPhone တွေကို Apple ကတစ်ချို့ အပိုင်းတွေကို ကိုယ်ပိုင်ထုတ်တာနဲ့ Assemble လုပ်တာကိုပဲ အဓိကလုပ်ကိုင်ပြီး Display တွေ၊ Sensor တွေ၊ Camera တွေဟာ တစ်ခြား Manufacture လုပ်ပေးတဲ့ ကုမ္ပဏီတွေဆီကနေမှာယူတာပဲ ဖြစ်ပါတယ်။ ဥပမာ Display အတွက် Samsung, LG, BOE တို့ဆီကမှာယူတာမျိုးတွေပဲဖြစ်ပါတယ်။

လိုအပ်တဲ့အပိုင်းတွေကို Apple ကဒီဇိုင်းလုပ်၊ စက်ရုံပိုင်ရှင်တွေကို ဒီအပိုင်းကိုတော့ ဒီပုံအတိုင်း လိုချင်တယ် မင်းတို့ကထုတ်ပေး၊ ငါတို့ကပိုက်ဆံပေးမယ်။ အစရှိတဲ့ ဒီဇိုင်းပိုင်းနဲ့ Engineerging ပိုင်းကိုပဲ Apple ကကိုင်တာပဲဖြစ်ပါတယ်။ စက်ရုံပေါင်းစုံကပေးတဲ့ အပိုင်းတွေကို တပ်ဆင်ပြီး လိုအပ်တဲ့ Calibration တွေကို လုပ်ဆောင်ပြီး ပါကင်ထုတ် ရောင်းချတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ်ပိုင် Chips တွေ၊ Display မဟုတ်တဲ့အတွက် တစ်ချို့အပိုင်းတွေမှာ ထင်သလောက် Performance မပြနိုင်ဘူး။ Innovative မဖြစ်ဘူးလို့ Apple အနေနဲ့ ယူဆတယ်ထင်လားမသိ၊ iPhone ကို Optimization ပိုကောင်းအောင်လုပ်ဖို့အတွက် Apple အနေနဲ့ ကိုယ်ပိုင် Display, ကိုယ်ပိုင် Broadcasting Chips တွေထုတ်ဖို့ကြိုးစားလာတာပါပဲ။

လတ်တလောသတင်းတွေအနေနဲ့ Apple MicroLED, Wifi+Bluetooth+Cellular Chips တို့ထုတ်လုပ်ဖို့ စီစဥ်နေတဲ့ သတင်းတွေအရတော့ နောက်ထပ် Generation ၃-၄ ဆက် လောက်မှာတော့ ပိုကောင်း၊ ပိုမိုက်တဲ့ iPhone တွေမြင်လာရမလားဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ပိုမိုလုံခြုံလွတ်လပ်တဲ့ လူမှုကွန်ရက်များ

Next
Next

LDRS တွေစမ်းကြည့်သင့်တဲ့ App တွေ