LDRS တွေစမ်းကြည့်သင့်တဲ့ App တွေ

အဲ့တော့ Messenger မှာတစ်နေကုန် စာပို့၊ ဖုန်းပြော၊ ညကျ Video Call ခေါ်ပြီးမှ အိပ်ပျော်ပါတယ်ဆိုတဲ့ အတွဲတွေလည်း ဘေးဖယ်၊ အဆင်ပြေရင် ပြေသလို Google Meet လိုက်၊ Zoom နဲ့ခေါ်လိုက်၊ FaceTime လိုက်လုပ်နေတဲ့ အတွဲတွေလည်း ခဏနားထားလိုက်ပါ။ အရင်ဆုံး အောက်က App လေးတွေကို ဝေးနေတဲ့ ကိုကို၊မောင်မောင်၊မမ၊ဘေဘီ လေးတွေနဲ့ Try ကြည့်ပါ။

1. Touch Note

iOS ရော၊ Android ရောရတယ်။ App ထဲမှာ Digital Postcard တွေ၊ Notes တွေလုပ်ပြီး Partner နဲ့ ၂ ယောက်ထဲပို့ပေးပြီး ချစ်ကြည်နူးတစ်တီတူးလို့ရတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် Activities တွေရှိအောင် ဖန်တီးပေးတယ်လို့ပဲ ပြောလို့ရပါတယ်။

2. Nujj

ဒီတစ်ခုကတော့ Spice Things Up ထားတယ်ပေါ့နော်။ နဲနဲပြောစရာကောင်းမယ့် App လေးပါ။ ကိုယ်နဲ့ ကိုယ့်ရည်းစားက ဒီ App ကိုအတူတူ Install ထားပြီး တစ်ယောက်နဲ့တစ်ယောက် Pair လုပ်ထားမယ်ဆိုရင် ကိုယ့်ချစ်သူဖုန်းကို ဒီဖက်ကနေ Vibrate လှမ်းလုပ်လို့ရတယ်ပေါ့နော် :3။ ဒါ့အပြင် Location Share တာ၊ Reminder လုပ်တာတွေလည်း လုပ်လို့ရပါတယ်။ (ios only)

3. Rave

သီချင်းတွေ အတူတူနားထောင်ချင်တယ်၊ ရုပ်ရှင်လည်းအတူတူကြည့်ချင်တယ်ဆိုတဲ့ အတွဲတွေအတွက်၊ YouTube နဲ့ NetFlix အတူတူကြည့်တာ၊ Playlist တွေနားထောင်ဖို့ လုပ်ထားပေးတာတွေကို ဒီ App ထဲမှာလုပ်လို့ရပါတယ်။

4. Desire

ဒီ App ကတော့နည်းနည်းစားတယ်ပြောရမယ်။ ကိုယ့်ပါတနာနဲ့ ကိုယ်နဲ့က ကိုယ်ပိုင် Avater တွေ Create လုပ်ပြီး Roleplaying လုပ်တာ၊ Private Video ပို့တာ၊ Exclusive Photo တွေပို့တာတွေလုပ်လို့ရပါတယ်။ အဲ့တော့ ဒီ App ကိုသုံးမယ်ဆိုရင် "What you fancy baby?" လို့မေးထားမှရမယ်ထင်ပါတယ်။

တစ်ကယ်လို့ အပေါ်က App တွေကိုကိုယ့်ရဲ့ရည်းစားဖုန်းထဲမှာ တွေ့ပေမယ့် ကိုယ့်ကိုတော့ သုံးနေတယ်ဆိုတာ ပေးမသိထားရင်တော့ ညိုကီတို့၊ ညောင်နီတို့၊ ဆစ်တို့ အနေနဲ့ ကိုယ့်ရည်းစားလေးကို နည်းနည်းပါးပါး မေးမြန်းဖို့ လိုနေပြီလို့ အပိတ်ပြောပါရစေ...

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone အတွက် အနာဂတ်ခြေလှမ်းများ

Next
Next

နေ့စဥ်ဘဝမှာ Fast Charging ကဘယ်လောက်အရေးပါလဲ