ပိုမိုလုံခြုံလွတ်လပ်တဲ့ လူမှုကွန်ရက်များ

Facebook, Instagram, Twitter စတဲ့ လူမှုကွန်ရက်တွေမှာ Feature တွေ၊ အမျိုးမျိုးသော အသားပေးရည်ရွယ်ချက်တွေရှိပေမယ့် တူညီတဲ့အချက်တစ်ခုကတော့ အဆိုပါကွန်ရက်အသုံးပြုသူတွေရဲ့ Data တွေ၊ အသုံပြုတဲ့ Pattern တွေကိုခိုးယူတယ်ဆိုတဲ့အချက်ပါ။ လူမှုကွန်ရက်တွေကို အခမဲ့အသုံးပြုဖို့အတွက် လိုအပ်တဲ့ Server ဖိုးတွေ၊ Development ဖိုးတွေကို User Data တွေကတစ်ဆင့် Online Ads Company တွေကို ရောင်းစားပြီး ပိုက်ဆံရှာကြပါတယ်။ Data ဆိုတာ Digital ခေတ်မှာ ရွှေပါပဲ။

Web 3.0 Movement ပြီးတဲ့နောက်မှာ အသုံးပြုသူကိုယ်တိုင် ကိုယ်ပိုင် Data တွေကိုထိန်းချုပ်လာနိုင်မယ့် Block-chain technology, peer-to-peer နည်းပညာပိုမိုခေတ်စားလာပါတယ်။အဲ့ဒီနောက် Data ကိုမပေးလိုကြတဲ့ Dev တွေက Decentralized social media platform တွေကို တီထွင်လာကြပါတယ်။ ခုနောက်ပိုင်း နာမည်ကြီးလာတာကတော့ Mastodon ဆိုတဲ့ Platform ပါပဲ။ Mastodon ဆိုတာ Decentralized social media platform ကိုမှ Open-Source ပါဖြစ်ပါသေးတယ်။ Open-Source ဆိုတာက Software ရဲ့ Source Code ကိုမှ Public ကိုပါအသုံးပြုနိုင်အောင် ပေးထားတာလို့ အကြမ်းဖျဥ်းမှတ်ယူနိုင်ပါတယ်။

Mastodon ကို Eugen Rochko ဆိုတဲ့ လူတစ်ယောက်က Founded လုပ်ခဲ့ပါတယ်။ဘယ်သူပိုင်လဲမေးရင်တော့ ဘယ်သူမှမပိုင်ပါဘူး။ Mastodon ကို Server အလိုက်ပိုင်းခြားပြီး ကိုယ်ပိုင် Server တွေပေါ်မှာ Social Media တွေကိုတည်ထောင်ကြတာပါ။ ကိုယ်ပိုင် Server အလိုက်လည်း မတူညီတဲ့ Server ပိုင်ရှင်ချမှတ်ထားတဲ့ လိုက်နာရမယ့် စည်းကမ်းတွေတော့ရှိပါတယ်။ မြင်သာအောင်ပြောရရင် Facebook မှာ Group တွေထောင်ထားသလိုပါပဲ။ ဒါပေမယ့် Facebook Group တွေကို Facebook ကပဲပိုင်ပေမယ့် Mastodon ကတော့ သပ်သပ် ဂရုအလိုက်ကိုယ်ပိုင် Server တွေခွဲပြီး သီးသန့်နေကြသလို Server ပိုင်ရှင်ကလွဲလို့ ဘယ်ကုမ္ပဏီမှ သီးခြားမပိုင်ပါဘူး။ တစ်ကယ်လို့ သဘောကျတဲဲ့ Server တစ်ခုတွေ့ရင် အကောင့်ဆောက်ပြီး ဝင် Join ရုံပါပဲ။ ဒါပေမယ့်။ Decentrailze ဖြစ်တဲ့အတွက် Server တွေအများကြီး Join ထားချင်ရင်တော့ အကောင့်တွေအများကြီး ဆောက်ရမယ့် ကိစ္စတော့ရှိပါတယ်။

တစ်ကယ်လို့ မိတ်ဆွေက ကိုယ့်ရဲ့ Data ကိုခိုးတာလည်းမခံချင်ဘူး၊ Freedom of Speech လည်းလိုချင်တယ်ဆိုရင်တော့ Mastodon ကိုစမ်းသုံးကြည့်ဖို့အကြံပေးချင်ပါတယ်။ Mastodon ရဲ့ Official Website မှာရေးထားတဲ့ ဆောင်ပုဒ်က "Social Networking that's not for sale" ပါ။ မြန်မာနိုင်ငံမှာလည်း လောလောဆယ် လူသုံးများနေတဲ့ Mastodon ​Network အနေနဲ့ "burma.social" ဆိုပြီးရှိပါတယ်။ အသုံးပြုသူ Active User 500 ကျော်လာပြီဖြစ်သလို Server Intro မှာ ads တွေ Engage မလုပ်ကြောင်းနဲ့၊ Free & Open Environment ဖြစ်ကြောင်းကို ဖော်ပြထားပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Cybersex Crime နဲ့ပတ်သတ်လို့ သတိမူစရာများ

Next
Next

iPhone အတွက် အနာဂတ်ခြေလှမ်းများ