Piracy အကြောင်း

Piracy ဆိုတာ အင်္ဂလိပ်စကားလုံး တစ်လုံးဖြစ်ပြီး တစ်ယောက်ယောက်ပိုင်ဆိုင်တာကိုခိုးယူခြင်း လို့အဓိပ္ပာယ် ကောက်ယူနိုင်ပါတယ်။ Internet လောကမှာတော့ တစ်ယောက်ယောက် တီထွင်ထားတဲ့ Creation တစ်ခုခုကို မသိအောင်ခိုးယူပြီး သုံးစွဲကြတာကို Pirate လုပ်တယ်လို့ခေါ်ပါတယ်။

Piracy ကိုမြန်မာနိုင်ငံက လူတွေလည်း အခေါ်အဝေါ်သာစိမ်းရင် စိမ်းမယ်၊ ကြုံတွေ့ဖူးကြမယ့် လူတွေများပါတယ်။ အရင်ခေတ် အင်တာနက်တွေ မကောင်းခင်က၊ မြန်မာနိုင်ငံက ဆင်ဆာတွေကလည်း နမ်းရင်တောင် ဆင်ဆာဖြတ်နေကြတဲ့အချိန် နိုင်ငံခြားကားတွေကို ၃ ခွေတစ်ထောင်၊ ဇာတ်လမ်း ၈ ကားလောက်ပါတဲ့ ၃ ခွေ ၁၅၀၀ နဲ့ရောင်းတဲ့ခေတ်ကို မှီကြမယ်ထင်ပါတယ်။ အဲ့တာ ​Pirate လုပ်တာပါပဲ။ မှောင်ခိုပေါ့ဗျာ..။ မူပိုင်ခွင့်မူကြမ်းတွေ၊ ဥပဒေတွေ ကြပ်မတ်တဲ့နိုင်ငံမှာဆိုရင်တော့ အကြီးအကျယ်အဖမ်းခံရနိုင်တဲ့ လုပ်ငန်းပါ။ မြန်မာနိုင်ငံမှာလည်း ဖမ်းတာစီးတာ ရှိပါတယ်။ ဒါတွေက အရင်ခေတ်က မြန်မာ့နည်းနဲ့ Pirate လုပ်ကြတယ်ဆိုပါတော့...

အင်တာနက်မှာဆိုရင်တော့ Piracy လုပ်တဲ့အခါ Paid Software တွေ၊ ဇာတ်လမ်းတွေ၊ Ebook တွေ၊ အခပေးကြည့်ရတဲ့ Content တွေကို Pirate လုပ်ကြပါတယ်။ တစ်ယောက်ယောက်က အင်တာနက်က Content တစ်ခုခုကို အနစ်နာခံပြီး ပိုက်ဆံပေးဝယ်လိုက်တယ်။ သူ့မှာ ရှိတဲ့ Content တစ်ခုခုကို ကျန်တဲ့သူတွေကို အခမဲ့ရအောင် ပြုလုပ်ပြီး ပြန်မျှဝေတာမျိုးတွေလုပ်ကြပါတယ်။ ဒီနေရာမှာ Crackတာတွေ၊ Mod တာတွေကလည်း သူ့အပိုင်းနဲ့သူပါဝင်နေပါသေးတယ်။ ဒါပေမယ့် ပြန်မျှဝေတဲ့အခါ မူပိုင်ခွင့်ကြောင့် အဖမ်းမခံရလေအောင် Torret တွေ၊ Discord Server တွေ၊ Reddit Forum တွေ၊ Telegram Bots တွေအစရှိတဲ့ မူရင်းကို လိုက်ဖို့ခက်တဲ့ နည်းတွေနဲ့ မျှဝေကြပါတယ်။

ဒေတာတွေအရတော့ နှစ်စဥ် Pirate လုပ်ခံရဆုံး Software တွေမှာ PhotoShop ကပထမ၊ Microsoft Tools တွေကဒုတိယ၊ Adobe Acrobat က တတိယလိုက်ပါတယ်။ ဇာတ်လမ်းမှာဆိုရင်လည်း Game of Thrones, FRIENDS, Family Guy စတဲ့ ဇာတ်လမ်းတွေက Priacy Rate မြင့်မားပါတယ်။

အနှစ်ချုပ်အနေနဲ့ Piracy အကြောင်း တစ်ကိုယ်ရေအမြင်ကို ပြောရရင်တော့ သူတစ်ပါးရဲ့ Content ကိုခိုးယူတယ်ဆိုတာ ဘယ်လိုမှမကောင်းတဲ့ကိစ္စပါပဲ။ ဒါပေမယ့် အင်တာနက် Digital Assets တွေကို ဝယ်ယူဖို့ဆိုရင်တော့ Payment, ကိုယ်နိုင်ငံရဲ့ ငွေကြေးနှုန်း အကုန်းလုံးက အင်တာနေရှင်နယ်မှာ မျှချေတစ်ခုတော့ ရှိဖို့လိုအပ်ပါတယ်။ တိုးတက်ပြီးသားနိုင်ငံကြီးတွေမှာတောင် ဖြစ်ပျက်နေတဲ့ အနေအထားတစ်ခုမှာ မြန်မာနိုင်ငံလို Third World နိုင်ငံတွေမှာတော့ Payment, Currency တွေမငြိမ်သေးသရွေ့ကတော့ Piracy ကိစ္စက တွင်ကျယ်နေဦးမှာပါပဲ။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကလေးငယ်တွေနဲ့ ကျောင်းသားငယ်တွေအတွက် အင်္ဂလိပ်စာလေ့လာဖို့ Website ၅ ခု

Next
Next

Best 2D Indie Nintendo Switch Games