ကလေးငယ်တွေနဲ့ ကျောင်းသားငယ်တွေအတွက် အင်္ဂလိပ်စာလေ့လာဖို့ Website ၅ ခု

အင်္ဂလိပ်စာကို သင်တန်းတွေ တကူးတကသွားတက်ဖို့ အချိန်မပေးချင်တဲ့သူတွေ၊ အားတဲ့အချိန်မှာ အိမ်ထဲက၊ အိမ်ပြင်မထွက် သားသားမီးမီးတွေကို လေ့လာစေချင်သူတွေအတွက် ဒီ Website တွေက Animation လေးတွေနဲ့မို့ စိတ်ဝင်စားဖို့လည်းကောင်း အခမဲ့လည်း ရတယ်နော်။

၁. ABCYa

အရုပ်တွေနဲ့ ကလေးတွေစိတ်ဝင်စားအောင် ဖန်တီးပေးထားတဲ့အပြင်၊ ဂိမ်းတွေဆော့ရင်းစာလုပ်လို့ရတာမို့ တစ်ကယ်ကို ပျော်စရာလည်းကောင်း၊ စိတ်ဝင်စားဖို့လည်းကောင်တဲ့ Website တစ်ခုပါ။ ကလေးငယ်တွေအတွက် ပိုသင့်တော်ပါတယ်။

၂. Activities for ESL Student

ဒီတစ်ခုကတော့ နည်းနည်းအသက်ကြီးပြီး အတန်းကြီးတဲ့ကလေးတွေအတွက် ရည်ရွယ်ထားတာပါ။ Essay တွေ၊ Quiz တွေအပြင် English to German, English to Polish စတဲ့ Cross Language တွေရပါတယ်။

၃. BBC Learning English

ဒီတစ်ခုက နည်းနည်းတော့ Advance ဖြစ်တယ်။ Idioms တွေ၊ Pronunciation တွေကိုပါသင်ပေးတယ်။ Easy, Medium, Hard ဆိုပြီး Level လည်းခွဲထားလို့ရသေးတယ်။

၄. Duolingo

ဒီကောင်ကတော့ လူတိုင်းနီးပါသိကြမယ်ထင်ပါတယ်။ English တင်မဟုတ်ပဲ ဂျပန်၊ ပြင်သစ်၊ တရုတ် စတဲ့နာမည်ကြီး စကားပေါင်းစုံပါသင်လို့ရပါတယ်။ လက်ရှိမြန်မာမှာတော့ ဂျပန်စာကိုလေ့လာသူတွေ အသုံးများပါတယ်.

၅. Language Guide

ဒီ Website ကတော့ ပုံတွေပေါ်မှာ ထောက်လိုက်တာနဲ့ အသံထွက်ကိုပါရွတ်ပြပြီး စာလုံးပေါင်းပြတဲ့ Website ပါ။ ကလေးတွေကို ပုံလေးတွေနဲ့ အသံထွက်ကို တွဲသင်ချင်သူတွေ အတော်လေး အသုံးဝင်ပါလိမ့်မယ်။ ငယ်ငယ်က ပုံတွေပေါ်မှာ ခဲတံထောက်လိုက်တာနဲ့ အသံထွက်ပေးတဲ့ Smart စာအုပ်ပုံစံပါပဲ။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

သမိုင်းတစ်လျောက် ထူးထူးဆန်းဆန်းတီထွင်မှုများ

Next
Next

Piracy အကြောင်း