5 Websites to Study Programming

Programming ဆိုတာ အင်တာနက်ခေတ်မှာ ဝင်ငွေအကောင်းဆုံး အလုပ်တစ်ခုဖြစ်လာပါတယ်။ နေ့စဥ်သုံးနေတဲ့ ဖုန်းတွေ, Application တွေ, AI tools တွေကိုဖန်တီးကြသူတွေမှာ Programmer တွေလည်း တစ်ထောင့်တစ်နေရာကပါဝင်ပါတယ်။ 2022 အတွင်း ကမ္ဘာ့လစာအကောင်းဆုံးအလုပ်တွေမှာ Programmer တွေ၊ Data Scientist တွေ၊ Developer တွေပါဝင်ပါတယ်။ နိုင်ငံခြားမှာဆိုရင် တစ်နှစ်ကို လစာ ဒေါ်လာ သိန်းချီရကြတာဖြစ်ပါတယ်။ ဒါကြောင့် Programming ကိုလေ့လာချင်တယ်ဆိုသူတွေအတွက် “အခမဲဲ့” ကိုယ်တိုင်လေ့လာနိုင်မယ့် Resource တွေကို မျှဝေပေးလိုက်ပါတယ်။

#1 CS50: ntroduction to Computer Science

CS50: Introduction to Computer Science ဆိုတာ ကမ္ဘာကျော် Harvard University ကနေ “အမခဲ့” ပို့ချနေတဲ့ Programming Course တစ်ခုပါ။ Programming ကိုအခြေခံကနေစလို့ နောက်ဆုံး Project ထွက်သည်အထိ တစ်ဆင့်ချင်းစီတက်ရောက်နိုင်ပြီး Algorithm တွေ၊ Data Structure တွေလည်း သင်ပေးလို့ ခုမှစပြီး မြေစမ်းခရမ်းပျိုးမယ့် Begineer တွေအတွက် အတော်လေးအဆင်ပြေပါတယ်။

#2 FreeCodeCamp

FreeCodeCamp ဆိုတာ NGO တစ်ခုဖြစ်ပြီး Web Development နဲ့ပတ်သတ်တဲ့ Course တွေအများစုကို အဓိကလေ့လာနိုင်ပါတယ်။ Development ပိုင်းတင်မဟုတ်ပဲ၊ Web Security နဲ့ပတ်သတ်လို့လည်း ဒီမှာ လေ့လာနိုင်ပါသေးတယ်။ ဒါ့အပြင် လက်တွေ့ Project တွေပါ တစ်ခါတည်း လေ့ကျင့်ဖို့ ပေးထားပါတယ်။

#3 Learn with Kaggle

Data ပိုင်းကိုစိတ်ဝင်စားတဲ့သူတွေကိုတော့ Kaggle မှာလေ့လာဖို့တိုက်တွန်းချင်ပါတယ်။ Data Science, Data Analyst, Maching Learning စတဲ့ ခုခေတ်စားနေတဲ့ ပညာရပ်တွေကို အခမဲ့လေ့လာနိုင်မယ့် နေရာတစ်ခုပါ။ ကိုယ်ပိုင်ပရောဂျက်တွေလုပ်လို့ရသလို ကိုယ့်ပရောဂျက်ကိုပြပြီး ကြွယ်လို့လည်းရပါသေးတယ်။

#4 Coursera

Coursera မှာကမ္ဘာတစ်ဝှမ်းက ထိပ်သီးတက္ကသိုလ်တွေ၊ ကုမ္ပဏီတွေကိုယ်တိုင်လာရောက် ပို့ချပေးတဲ့ Course တွေကို တွေ့နိုင်ပါတယ်။ ပိုက်ဆံပေးဝယ်ရတဲ့ Course တွေကို အခမဲ့တက်ချင်ရင်တော့ Essay ရေးပြီး စကော်လာရှစ်ရယူနိုင်တဲ့ အားသာချက်ကြောင့် စာရေးနိုင်တဲ့ ဘော်ဒါတွေအတွက် ကွက်တိပါပဲ။ (Programming အပြင် Management, Security, Personal Development နဲ့ပတ်သတ်တာတွေလည်း လေ့လာနိုင်ပါတယ်)

#5 edX

edX ကလည်း Non Profit အဖွဲ့အစည်းတစ်ခုပါပဲ။ MIT, Harvard, Berkeley တို့လို တက္ကသိုလ် က Course တွေကိုလေ့လာနိုင်ပြီး Begineer ကနေစလို့ Advanced Level အထိ ကိုယ်နဲ့ကိုက်ညီမယ့် သင််တန်းတွေကို edX မှာ ရွေးချယ်တက်ရောက်နိုင်ပါတယ်။

ခုလို ရင်းမြစ်တွေပေါများတဲ့ခေတ်ကြီးမှာ မိတ်ဆွေအနေတဲ့ တက်မြောက်လိုစိတ်ရှိရင် လေ့လာနိုင်တွေ နေရာတွေ အများကြီးရှိသေးတယ်ဆိုတာ သိစေချင်တဲ့အတွက် မျှဝေလိုက်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

5 Tech Myth Busters

Next
Next

IEM နားကြပ်ဆိုတာဘာလဲ