Wifi ကောင်းဖို့ ဘာလို့ Router ကောင်းကောင်းလိုအပ်တာလဲ?

အိမ်မှာသုံးနေတဲ့ Wifi ဟာတစ်ခါတစ်လေကျရင် လိုင်းမိ ပြီး သုံးလို့မကောင်းတာတွေကြုံဖူးမှာပါ။ Mbps လဲအများကြီးယူထားပေမဲ့ Download speed တွေ upload speed မတက်တာတွေဖြစ်နေရင် ယူထားတဲ့ Wifi speed နဲ့ မဆိုင်တော့ပါဘူး။ အဲ့တာဆိုရင်တော့ တခြား Factor တစ်ခုခုကြောင့်ဖြစ်တယ်လို့ မှတ်ယူရတော့မှာပါ။အဖြစ်နိုင်ဆုံး Factor တစ်ခုကတော့ ISP ကနေ ကိုယ်သုံးတဲ့ Device တွေဆီကို ဖြန့်ပေးတဲ့ Router ကြောင့်ဖြစ်တာဖြစ်ပါတယ်။

Router မကောင်းရင် ဘာလို့ Internet မကောင်းနိုင်တာလဲ?

Router က Internet ကို ISP ကနေဖြန်ပေးတာဆိုတော့ Internet ကောင်းမကောင်းက သူ့ပေါ်မှာအများကြီးမူတည်နေပါတယ်။ ISP ကုမ္ပဏီတွေက ကိုယ်ဝယ်သုံးတဲ့ Plan ကိုလိုက်ပြီး တပ်ပေးတဲ့ Router အမျိုးအစားကွာပါသေးတယ်။အိမ်မှာသုံးတဲ့ Router တွေ က User အများကြီး ကို Handle မလုပ်နိုင်ပါဘူး။ User အများကြီးဆိုတာထက် သုံးတဲ့ Device တွေများလာရင် download speed, upload speed ကျတာတွေဖြစ်လာနိုင်ပါတယ်။ အဲ့တော့ User များများနိုင်တဲ့ Router ကိုကိုယ့်ဘာသာကို ဝယ်ပြီးသုံးလိုက်ရင် အဆင်ပြေသွားမှာပါ။

ဘယ်လို Router မျိုးသုံးရင် အဆင်ပြေမလဲ?

စျေးကွက်ထဲမှာအသုံးများနေတဲ့ Router အများစုဟာ TP link တွေများပါတယ်။စျေးသက်သာပြီးအသုံးပြုရတာ လွယ်ကူလို့ပါ။ ကိုယ်က အိမ်မှာ အသုံးပြုတဲ့လူနဲ့ device တွေများတယ်ဆိုရင် Device များများ ကို handle လုပ်နိုင်တဲ့ Router ကိုရွေးတာကောင်းပါတယ်။ တစ်ချို့ Router တွေက Device အခု သုံးဆယ်လောက်ထိပဲ Handle လုပ်နိုင်တယ်ဆိုရင် Device သုံးဆယ်ကျော်သွားတာနဲ့ ချိတ်လို့မရတော့တာဖြစ်တက်ပါတယ်။

နောက်တစ်ခုက Speed ပါ။ ကိုယ် ဝယ်လိုက်တဲ့ Internet speed ကို ပြန်လွှင့်နိုင်တဲ့ Router ကို ရွေးချယ်သင့်ပါတယ်။ Router တွေအများစုက 2.4 Ghz နဲ့ 5.0 Ghz ဆိုပြီး Frequency နှစ်မျိုးနဲ့လာတာများပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက Wireless speed က လွှင့်တဲ့နေရာမှာ ကွေ့တွေ အတားအဆီးတွေရှိနေရင် လိုင်းဆွဲအား ကျတက်ပါတယ်။ အဲ့တာဆိုရင်တော့ Access point သို့မဟုတ် Range Extender တွေထက်လွှင့်ပြီးဖြေရှင်းသင့်ပါတယ်။  

Wireless Protocol ကိုကိုက်တာကိုရှာပါ။

Router ဝယ်လိုက်ရင် Router မှာ IEEE 802.11 ဆိုတဲ့ စာနဲ့ဂဏန်းတွေကိုတွေ့မှာပါ။ အဲ့တာကတော့ Wifi standard ကိုပြောတာပါ။

11ax ကတော့ WIFI 6 ကိုပြောတာဖြစ်ပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Wifi standard တစ်ခုဖြစ်တဲ့အတွက်သူ့ကို support လုပ်တဲ့ Router တွေနဲ့ Device တွေက နည်းပါသေးတယ်။

11ac ကတော့ WIFI 5 ပါ အခု လက်ရှိမှာ အများဆုံးသုံးနေတဲ့ Standard တစ်ခုဖြစ်ပြီး Speed ကတော့ 3.5 Gbps အထိ Support လုပ်ပါတယ်။

11n ကတော့ WIFI 4 ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အများဆုံးသုံးနေတဲ့ Standard ဖြစ်ပြီး 2.4 GHz နဲ့ 5.0 GHz Frequencies နှစ်မျိုးလုံး Support လုပ်ပြီး Speed ကတော့ 600 Mbps အထိ ရပါတယ်။

အဲ့တော့ 11ax Router ကို ဝယ်မယ်ဆိုရင် WIFI 6 ကို Support လုပ်တဲ့ Device တွေသုံးမှ လက်တွေ့လုပ်အသုံးဝင်မှာဖြစ်တဲ့အတွက် 11ac နဲ့ 11n တွေသုံးဖို့ပဲ Recommend ပေးပါတယ်။

Previous
Previous

ရုပ်ရှင်တွေကြည့်ဖို့ အကောင်းဆုံး Torrent Streaming Site များ

Next
Next

စာလုံးဆက်ဂိမ်းကြိုက်တဲ့သူတွေအတွက် Wordle အပြင်တစ်ခြား ဂိမ်းများ