ရုပ်ရှင်တွေကြည့်ဖို့ အကောင်းဆုံး Torrent Streaming Site များ

မိတ်ဆွေအနေနဲ့ ရုပ်ရှင်တွေလည်း ကြိုက်တယ်။ ထွက်သမျှကို Quality ကောင်းကောင်းနဲ့၊ Ads ကင်းကင်း၊ အခမဲ့ကြည့်ချင်တယ်ဆိုရင်တော့ ဒီ Torrent တွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ Torrent ဆိုတဲ့အတိုင်း အင်တာနက်လိုင်းကောင်းဖို့လိုပါတယ်။ ဒါ့အပြင် ဗမာစာတန်းထိုးပါမှာမဟုတ်တာတော့ သတိချပ်ရပါမယ်။ ဒါပေမယ့် ထွက်သမျှ ရုပ်ရှင်တွေကို အချိန်နဲ့ တပြေးညီ Update ပေးတဲ့အတွက် မစောင့်နိုင်တဲ့ သူတွေကတော့ သုံးကြည့်ဖို့ အကြံပေးလိုပါတယ်။

1. sflix.se
ဒီကောင်က Streaming ထဲမှာမှ ကိုယ်တိုင်လည်း အမြဲသုံးဖြစ်နေတဲ့ ကောင်လေးပါ။ Neftflix မှာမရှိတာ၊ Streaming Platform ပေါ်မှာမရှိတော့တဲ့ ဇာတ်လမ်းတွေကို ရှာကြည့်လို့အဆင်ပြေပါတယ်။ Speed လည်းကောင်းတဲ့အပြင် Server တွေလည်း အများကြီးမို့ ထိပ်ဆုံးက Recommend ပေးပါတယ်။ CAM, HD တွေကိုမှ 720P, 1080P ဆိုပြီး အများကြီး ရွေးနိုင်ပါတယ်။ Movies, Series, Sitcom, Anime Category အများကြီးပါပဲ။

2. watchsomuch.tv
ဒီကောင်ကလည်း သုံးလိုအဆင်ပြေတဲ့ထဲမှာပါပါတယ်။ ဒီကောင်က Member ဝယ်ရင် 4K resolution ထိရပေမယ့် Free Version မှာ 720, 1080 ပေးထားတော့ မဆိုးဘူးလို့ပဲပြောရပါမယ်။ Speed လည်းအတော်လေးမြန်လို့ သုံးလို့အဆင်ပြေပါတယ်

3. 1337x.to
ဒီကောင်ကတော့ ရုပ်ရှင်တွေအပြင်၊ Games တွေ၊ Software တွေလည်း Download လို့ရနိုင်ပါတယ်။ ဒီကောင်မှာ ထူးခြားတာက Download ပါဆွဲလို့ရတာပါ။ Stream ပြီးချက်ချင်းကြည့်မလား။ Download ထားပြီး နောက်မှ ကြည့်မလား။ သင့်သဘောအတိုင်းပါပဲ။

4. fmovie.to
ဒီကောင်ကို အရင်က သုံးကြည့်ဖူးပေမယ့် နောက်ပိုင်းမှာ Update မဖြစ်ဘူးလို့ ခံစားရလို့ မသုံးဖြစ်တာပါ။ ဒါပေမယ့် အားသာချက်က ခေတ်ဟောင်းရုပ်ရှင် တော်တော်များများ စုံလင်အောင်ရှိတာပဲဖြစ်ပါတယ်။

5. kimcartoon.li
နောက်ဆုံးတစ်ခုက Cartoon ပရိသတ်တွေအတွက် သီးသန့်ဖြစ်ပါတယ်။ Site တစ်ခုလုံး Cartoon ပဲသီးသန့်တင်ထားပေးတာမို့ အိမ်မှာကာတွန်းကား ကြိုက်တဲ့ သားသားမီးမီးရှိရင် ကွက်တိပါပဲ။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ရုပ်ရှင်တွေကြည့်ဖို့ အကောင်းဆုံး Torrent Streaming Site များ

Next
Next

Wifi ကောင်းဖို့ ဘာလို့ Router ကောင်းကောင်းလိုအပ်တာလဲ?