စာလုံးဆက်ဂိမ်းကြိုက်တဲ့သူတွေအတွက် Wordle အပြင်တစ်ခြား ဂိမ်းများ

Wordle ဆိုတာကတော့ လောလောဆယ် လူကြိုက်များနေတဲ့ စာလုံးဆက် ဂိမ်းပဲဖြစ်ပါတယ်။ စာလုံးငါးလုံးပါတဲ့ စကားလုံးတွေကို ၆ခါ သို့မဟုတ်၆ခါထက်နည်းတဲ့ အကြိမ်ရေအတွင်း ခန့်မှန်းရတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ ဒီဂိမ်းကို Browser တစ်ခုနဲ့ တစ်ရက်ကို တစ်ကြိမ်သာဆော့ခွင့်ရမှာဖြစ်ပြီး နောက််တစ်ကြိမ်ကိုတော့ ည ၁၂ ကျော်မှပြန််ဆော့လို့ရမှာဖြစ်ပါတယ််။ Wordle လိုမျိုး ကိုနောက်ထပ်ဂိမ်းတွေစိတ်ဝင်စားရင်တော့ အောက်က ဂိမ်းတွေကို ဆော့ကြည့်ဖို့ အကြံပေးချင်ပါတယ်။

Quordle, Octordle, Dordle နဲ့ Sedecordle
တစ်ကယ်လို့ Wordle လိုမျိုး Puzzle ကို ပိုပြီး Challenging ဖြစ်ဖြစ်နဲ့ ဆော့ချင်ရင် ရွေးချယ်နိုင်တဲ့ အမျိုးအစားတွေပါ။ စာလုံးရေပိုများလာသလို၊ ၄ခု, ၆ခု, ၁၀ခု ကျော်ထိ ဆက်တိုက်ဖြေရှင်းရမှာမို့ ပိုပြီး ခေါင်းစားမှာအသေအချာပါပဲ။

Word Master
ဒီ Puzzleမှာတော့ စာလုံး ၅ လုံးပါတဲ့ စကားလုံးတစ်ခုကို ခန့်မှန်းရမှာပါ။ Word Master ဟာ Wordle လိုမျိုး မီးခိုး၊ အဝါ၊ အစိမ်းတွေကို သုံးပြီး အမှားတွေကို ပြပေမယ့် Wordle လိုမျိုး ၂၄ နာရီစောင့်နေစရာမလိုပဲ ဆော့လိုရမှာပဲဖြစ်ပါတယ်။

Hello Wordl
ဒီ Puzzle ကလည််း အရောင််တွေကို သုံးပြီး စကားလုံးခန့်မှန်းရတာဖြစ်ပါတယ်။ သူက Unlimited Games ဆော့လို့ရသလို ထူးခြားတာတစ်ခုက စကားလုံးတွေကို Ramdom ပြောင်းလို့ရတာဖြစ်ပါတယ်။ တစ်ကယ်လို့ စာလုံးရေနည်းလို့ အဆင်မပြေဘူးဆိုရင် စာလုံးရေပြောင်းလို့ရသလို စာလုံးရေ ၁၁ လုံးထိပြောင်းဆော့လို့ရပါတယ်။

Lewdle
ဒါကတော့ Puzzle လည်းဆော့ချင်တယ်။ စကားလုံးကို ချိုချိုသာသာတွေ မသုံးပဲ။ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း စကားလုံးတွေကို ခန့်မှန်းချင်တယ်ဆိုတဲ့ သူတွေအတွက် ထုတ်ထားတာဖြစ်ပါတယ်။ စကားလုံး ခန့်မှန်းရာမှာ ညစ်ညမ်းစကားလုံးတွေ၊ ဆဲတာတွေ၊ ကြိမ်ဆဲတာတွေပါဝင်နေမှာဖြစ်တာမို့ Game Dev တွေကတော့ ချင့်ချိန်ဆော့ဖို့ အကြံပေးထားပါတယ်။ သူလည်းတစ်ရက်ကို တစ်ကြိမ်ပဲဆော့လို့ရတာဖြစ်ပါတယ်။

Absurdle
ဒီကောင်ကတော့ Wordle ရဲ့ Modified Version ပုံစံပဲဖြစ်ပါတယ်။ Wordle လိုမျိုးမဟုတ်ပဲ ဒီကောင်ကတော့ စာလုံးကို ကြိုရွေးထားမှာမဟုတ်ပဲ ကိုယ်ရွေးတဲ့ စာလုံးကို မူတည်ပြီး စာလုံးစာရင်းကို တစ်ဖြည်းဖြည်းချင်း ကျဥ်းအောင် လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ ကိုယ်မှန်းချင်သလောက် စာလုံးတွေကို မှန်းလို့ရမှာဖြစ်ပြီး ကိုမှန်းတဲ့ အကြိမ်ရေကို လိုက်ပြီိး Score ဖြစ်မဖြစ်ကိုတော့ Scoreboard မှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Crosswordle
Wordle ကဆော့ရတာလွယ်တယ်။ စကားလုံးတစ်ခုထဲ ခန့်မှန်းရတာ မကြိုက်ဘူးဆိုရင် Crosswordle ကို ဆော့ကြည့်မှာ စာလုံး ၂ ခု cross ဖြစ်အောင် ထားပြီး ၂ လုံးစလုံးကို အဆင်ပြေအောင် တစ်ပြိုင်နက်ခန့်မှန်းရမှာဖြစ်လို့ ခေါင်းစားမယ့် ဂိမ်းဆိုလည်း မမှားပါဘူး။

Lordle of the Rings
Lordle of the Rings ကတော့ Lord of the Rings ထဲက Character တွေ၊ Lore တွေကို ခန့်မှန််းရမယ့် Puzzle ဖြစ်လို့ Lord of the Rings Fan မဟုတ်ရင် ဆော့ဖို့အကြံမပေးလိုပါဘူး။ သူကလည်း Timelimit မရှိပဲဆော့လို့ရမှာဖြစ်လို့ အချိန်အားတိုင်းဆော့လို့ရမှာဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Wifi ကောင်းဖို့ ဘာလို့ Router ကောင်းကောင်းလိုအပ်တာလဲ?

Next
Next

မီးမမှန်တဲ့အခါ ဖုန်းအားခြွေတာနည်းများ