App တွေကတစ်ဆင့် Hack ခံရတာတွေကိုရှောင်ရှားဖို့
ခုရက်ပိုင်း Hot နေတဲ့ ဘယ်ကမှန်းမသိတဲ့ App တွေကို Download မိရာကနေ Banking တွေထဲထိဝင်ပြီး ပိုက်ဆံခိုးခံရတဲ့ ကိစ္စတွေကြားလာရပါတယ်။ iOS မှာတော့ အဲ့လောက်စိတ်မပူရပေမယ့် Third-Party တွေကို Install ခွင့်ပြုထားတဲ့ Android တွေမှာ တစ်ကယ်လို့ App တွေဒေါင်းတော့မယ်ဆိုရင် အောက်ကအချက်တွေကို ဂရုစိုက်စေချင်ပါတယ်။
၁. Official Site or Playstore ကပဲ App တွေကို ဒေါင်းပါ
ဒီနေရာမှာပါ Crack လိုချင်လို့ APKPure ကနေ Download တဲ့သူတွေကို မပြောလိုပေမယ့် App တစ်ခုခုကို Playstore ကနေမဟုတ်ပဲ တစ်ခြားနေရာကနေရယူမယ်ဆို Official Website ဟုတ်မဟုတ်စစ်စေချင်ပါတယ်။
၂. နောက်တစ်ခုက Permissison တွေတောင်းတဲ့အခါ သေချာစစ်ပြီးမှပေးပါ
ကင်မရာသုံးဖို့မလိုတဲ့ App တစ်ခုက Camera Access ပေးခိုင်းတာမျိုး၊ Contacts သုံးဖို့မလိုတဲ့ App က Contact Access တောင်းတာမျိုးဆိုရင် မပေးပါနဲ့။ ချက်ချင်း App ကို Uninstall ပါ။ မြန်မာမှာလူတိုင်းက Access ကိုသေချာမဖတ်ပဲပေးကြတာများပါတယ်။
၃. စဥ်းစားပြီးမှယုံပါ
ကျွန်တော်ခဏခဏတင်နေတဲ့ စဥ်းစားပြီးမှယုံဆိုတာ အလကားပြောနေတာမဟုတ်ပါဘူး။ ခုလိမ်ခံရတဲ့ App အများစုက သူများ ၃-၄ သောင်းယူနေတဲ့ Service ကို ထောင်ဂဏန်းနဲ့လုပ်ပေးတယ်ဆိုတဲ့ Service တွေအဖြစ်အယောင်ဆောင်ပြီး လိမ်နေကြတာဖြစ်ပါတယ်။ ချင့်ချိန်ယုံပါ။
၄. Banking App တွေကို Update ပုံမှန်လုပ်ပါ။
App တွေကို Update ပုံမှန်လုပ်တာဟာ Security Upgrade လုပ်တာနဲ့အတူတူပါပဲ။ အဲ့တော့ Update ထွက်ရင်ပုံမှန် Upgrade လုပ်ပါ။
၅. စူးစမ်းလေ့လာပါ
App တွေကို လိမ်ခံရမယ့်သူတွေဆီရောက်အောင် Facebook ကနေပဲအများအားဖြင့် ကြေငြာလိမ်လည်ကြတာပါ။ တစ်ကယ်လို့ Page တစ်ခုက App တစ်ခုကိုကြေငြာနေတယ်ဆိုရင် အနည်းဆုံးတော့ Page ထဲကိုဝင်ပြီး လူလိမ်ဟုတ်မဟုတ် စစ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
အားလုံးလိမ်ခံရခြင်းကနေ ကင်းဝေးပါစေ။
#AkhayarTech