အွန်လိုင်းပေါ်က လိမ်လည်မှုတွေ ဘယ်လိုရှောင်ရှားမလဲ

မြန်မာနိုင်ငံမှာ Mobile Banking တွေခေတ်စားလာပြီးတဲ့နောက်မှာ Online ကနေတစ်ဆင့် Information တွေရပြီး Phishing Link(အယောင်ဆောင် Link), Fake App, Phone Call, Viber Message တွေကနေတစ်ဆင့် လိမ်လည်ခံရတာတွေ ဒုနဲ့ဒေးပါပဲ။ ရေးချင်တာများပြီး စာရှည်မှာမို့ သည်းခံဖတ်ပေးပါ။

လိမ်လည်တဲ့သူတွေက အစပိုင်းမှာတော့ တစ်ယောက်ချင်းစီ Random လိမ်လည်ရာကနေ၊ နောက်ပိုင်းမှာတော့ အုပ်စုဖွဲ့ပြီး နည်းစနစ်ကျကျလိမ်လည်တာတွေဖြစ်လာပါတယ်။ ဒီမှာက Cyber Crime တွေနဲ့ပတ်သတ်ပြီး ဥပဒေနဲ့ အရေးယူမှုကလည်း ဖွံဖြိုးတိုးတက်ဖို့ လိုနေသေးတာမို့ ခုချိန်ထိ လိမ်လည်နည်းအသစ်တွေနဲ့ အလုပ်ဖြစ်နေဆဲပါ။

ဒီတော့ မိတ်ဆွေများအနေနဲ့ အွန်လိုင်းကနေ လိမ်လည်တာတွေကို ဘယ်လိုရှောင်ရှားနိုင်မလဲ?

၁. Internetမှာ ကိုယ့်ရဲ့ Information တွေကို လွယ်လွယ်ကူကူ မပေးလိုက်ပါနဲ့

Survey ကောက်တာကစလို့၊ Giveaway ပေးတာ၊ Form ကောက်တာတွေမှာ ဘယ်သူကကောက်တာမှန်းမသိ၊ ဘယ်လို Information တွေကိုပြန်သုံးမယ်မှန်းမသိတဲ့ နေရာတွေမှာ ဖုန်းနံပါတ်တွေ၊ မှတ်ပုံတင်တွေ၊ လိပ်စာတွေ လွယ်လွယ်မပေးလိုက်ပါနဲ့။ ရုတ်တရက်ဆိုရင် ဘာမှအရေးကြီးမလို့ထင်ရပေမယ့် တစ်ကယ်တော့ လုပ်နိုင်စွမ်းရှိသူဆိုရင် အတော်လေး အန္တရာယ်ကြီးသွားနိုင်တဲ့ ကိစ္စရပ်တွေပါ။

၂. စဥ်းစားဖို့နဲ့ အယုံမလွယ်ဖို့လိုပါတယ်

စားသောက်ဆိုင် Review အတွက် Survey တောင်းတာမှာ အိမ်လိပ်စာ၊ ဖုန်းနံပါတ်တွေ တောင်းတာမျိုးဆိုရင် တစ်ဖက်လှည့်က သူတို့ Marketing အတွက် Data တောင်းတာမျိုးဖြစ်နိုင်ပေမယ့်, အိမ်လိပ်စာနဲ့ ဖုန်းနံပါတ်ဆိုတာ Review အတွက် အရေးတစ်ကြီးမလိုတဲ့ဒေတာတွေပဲဖြစ်ပါတယ်။ Giveaway တစ်ခုပေးဖို့အတွက် Click ၃ ခုလောက်ပဲ နှိပ်ဖို့လိုပြီး ဘာ Form မှဖြည့်ဖို့ မလိုဘူးဆိုတဲ့ ခေတ်မှာ မှတ်ပုံတင်တွေ၊ Email တွေတောင်းတဲ့ Giveaway ဆိုရင် ပျော်ပျော်ကြီး Data တွေပေးနေကြတဲ့သူတွေဒုနဲ့ဒေးပါ။ အဲ့တော့ စဥ်းစားချင့်ချိန်ပြီး inforamation တွေပေးကြပါ။

၃. တွေ့ကရာ Link တွေလျှောက်မဝင်ပါနဲ့

ပုံလေးတွေလှလို့ဝင်ကြည့်လိုက်တာမျိုး၊ Link စာတန်းအပြာလေးတွေရင် နှိပ်လိုက်ရမှဆိုတဲ့ လူတွေလည်း ဂရုစိုက်ရပါမယ်။ Link တစ်ခုကိုနှိပ်လိုက်မိလို့ ဖုန်းတစ်ခုလုံးကို Access ရသွားနိုင်တဲ့ထိ လုပ်နိုင်တဲ့နည်းပညာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ တစ်ချိန်ကဖုန်းတွေကို ဒုက္ခပေးတဲ့ Monkey Test ဆိုတာကြုံဖူးရင်သိကြမှာပါ။ ဖုန်း Service တွေမှာ မျောက်ကိုက်လို့ဆိုပြီး ၂၀၁၅ ဝန်းကျင်တုန်းက ဖုန်းဆိုင်ရောက်ဖူးရင်သိပါလိမ့်မယ်။ နောက်ထပ် Facebook ပေါ်က တွေ့ကရာ Link တွေနှိပ်မိလို့ ကိုယ်မသိလိုက်ခင် Porn တွေ နောက်ကွယ်မှာ လျှောက် Share နေလို့ အရှက်ကွဲတာမျိုးတွေပေါ့။ အဲ့တော့ Link မြင်တိုင်းနှိပ်ချင်တဲ့ စိတ်ကို ထိန်းပါ။

၄. App တွေကို ဒေါင်းလုပ်ဆွဲတဲ့အခါ သတိထားပါ

ငွေချေးပေးမယ်တို့၊ ရုပ်ရှင်အခမဲ့ကြည့်ရမယ်တို့၊ သူများ ၁၀၀ နဲ့လုပ်ပေးတဲ့အလုပ်ကို ၃၀လောက်နဲ့ လုပ်ပေးမယ်တို့ App တွေကိုတွေ့ဖူးပါလိမ့်မယ်။ အိမ်မှာအလုပ်ကူလုပ်မှ အဆဲမခံရတဲ့ ခေတ်ကြီးမှာ ဘာမှ အခမဲ့ပေးတာရှိမှာမဟုတ်ပါဘူး။ တစ်ခုခု အကျိုးအမြတ်ရလို့ လုပ်တာပါ။ နောက်ကွယ်မှာ App Install လိုက်တဲ့အခါ Device Access တွေပေးရတာမျိုး၊ Contact တွေခိုးတာမျိုး၊ Ads ကြည့်ပေးရတာမျိုးရှိလာပါလိမ့်မယ်။ အဲ့တော့ ဂရုစိုက်ကြပါ။

၅. အဝင် Call ဖုန်းနံပါတ်တွေကို ဂရုစိုက်ပါ

တစ်ကယ့်Call Center ကဖုန်းနံပါတ်တွေ အများစုက ပေါက်ကရနံပါတ်တွေနဲ့ ခေါ်ခဲပါတယ်။ Company အများစုက Hotline နံပါတ်တွေနဲ့ Customer Support နံပါတ်တွေကို သူတိို့သက်ဆိုင်ရာ Page တွေ၊ Website တွေမှာ တင်ထားပါတယ်။ အဲ့တော့ အဲ့နံပါတ်တွေမဟုတ်ပဲ တစ်ခြား နံပါတ်အလှတွေနဲ့ ဖုန်းခေါ်လာပြီး ကျွန်တော်/ကျွန်မကတော့ ဘယ်က ဘယ်သူပါဆိုပြီး စကားရောဖောပြီး ဝင်လာရင်သေချာပါတယ်။ iPhone 8 နဲ့အပြင်ပိုင်းပုံစံတူတဲ့ ဖုန်းရောင်းတဲ့ကောင်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် Banking OTP မေးမယ့် လူလိမ်ဖြစ်ပါလိမ့်မယ်။ တစ်လက်စတည်း Banking OTP ကို ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ (ယုတ်စွအဆုံး အိမ်ကလူတွေကိုတောင် မပေးနဲ့ဗျာ) မပေးပါနဲ့။

အများစုလိမ်ခံရတဲ့ကိစ္စတွေမှာ အယုံလွယ်တာ၊ သေချာမဆန်းစစ်တာတွေကြောင့် လိမ်ခံရတာများပါတယ်။ Internet ကကိစ္စအများစုကို ပြီးစလွယ်မယုံဖို့၊ စဥ်းစားဉာဏ်လေးကပ်ပြီးမှာ လုပ်ကိုင်ကြဖို့ အကြံပေးလိုပါတယ်။

လူလိမ်များအန္တရာယ်ကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

App တွေကတစ်ဆင့် Hack ခံရတာတွေကိုရှောင်ရှားဖို့

Next
Next

ChatGPT ကို File Upload ဘယ်လိုလုပ်မလဲ