Tech Industry ကိုလုံးဝပြောင်းလဲပစ်နိုင်တဲ့ LK99

LK99 ဆိုတာ ခဲနဲ့ကြေးနီ ပါဝင်တဲ့ဒြပ်သတ္တု ပစ္စည်းတစ်ခုပါ။ LK99 ကို ကိုရီးယားသိပ္ပံပညာရှင်တွေက ၁၉၉၉ ခုနှစ်မှာ စတင်ရှာဖွေတွေ့ခဲ့တာပါ။ ၂၀၂၃ မှာတော့ အဲ့ဒီကိုရီးယားသိပ္ပံပညာရှင်တွေကပဲ နောက်ထပ်စာတမ်း ၂ စောင်ထုတ်ပြန်ခဲ့ပါတယ်။

LK99 ဒြပ်သတ္တုဟာ အခန်းတွင်းသာမန်အပူချိန်မှာတောင် အလွန်အမင်းဒြပ်ကူးမှုကောင်းတဲ့ သတ္တုတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်တစ်ခြား သံလိုက်တွေမှာရှိတတ်တဲ့ လေထဲမှာမျောနေတဲ့ Meissner ဂုဏ်သတ္တိလည်းရှိနေပါသေးတယ်။

ဒါဟာ Physics လောကနဲ့ နည်းပညာလောကမှာ အရေးကြီးတဲ့ရှာဖွေတွေ့ရှိမှုဖြစ်ပါတယ်။။ ၂၁ရာစုရဲ့ ရှာဖွေတွေ့ရှိမှုကြီးလို့ ပြောနိုင်တဲ့အထိ အရေးကြီးတယ်လို့ ပညာရှင်တွေကမှတ်ချက်ပေးပါတယ်။ တစ်ကယ်လို့ LK99 ကိုလက်တွေ့အသုံးချနိုင်တဲ့အထိ ထုတ်လုပ်နိုင်မယ်ဆိုရင် အဆပေါင်းများစွာပိုမြန်လာမယ့် လျှပ်စစ်ရထားတွေ၊ ပိုကောင်းတဲ့ လျှပ်စစ်လိုင်းတွေ၊ ပိုကောင်းတဲ့ Power Source တွေ၊ Computer တွေကိုလည်း အဆပေါင်းများစွာ ခုထက်ပိုမြန်လာစေမှာပါ။

အရာရာကိုလျှပ်စစ်ပေါ် အားကိုးနေတဲ့ဒီခေတ်မှာတော့ အလွန်အမင်းကောင်းတဲ့ လျှပ်ကူးပစ္စည်းကိုရှာဖွေတွေရှိတယ်ဆိုတာ အဆမတန်တိုးတက်နေတဲ့ နည်းပညာနဲ့ AI တွေကို တွန်းအားပေးလိုက်သလိုပါပဲ။

REF : Twitter

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

5 Netflix Games you should try

Next
Next

App တွေကတစ်ဆင့် Hack ခံရတာတွေကိုရှောင်ရှားဖို့