နေ့စဥ်ဘဝမှာ Fast Charging ကဘယ်လောက်အရေးပါလဲ

ဒီမေးခွန်းက မီးမှန်မှန်ရနေတဲ့ နေရာအဖို့ကိစ္စမရှိပေမယ့်၊ မီးမှန်မှန်မရတဲ့နေရာ မှာဆိုရင်တော့ ဖုန်းဝယ်မယ်ဆိုရင် အတော်လေး ဂရုတစ်စိုက်ထည့်စဥ်းစားရမယ့် အချက်တစ်ခုဖြစ်သွားပါတယ်။ မီးမှန်မှန်မရတဲ့ဒေသတွေအတွက် ဖုန်းတစ်လုံးရဲ့ Daily Usage နဲ့ ဖုန်းအားတစ်ခါသွင်းရင် ဘယ်လောက်ကြာကြာသွင်းရလဲဆိိုတာက အရမ်းအရေးကြီးပါတယ်။

လောလောဆယ်မှာတော့ Andriod ဖုန်းတွေကတော့ အပြိုင်အဆိုင် Fast Charging ကိုတိုးမြှင့်တီထွင်လျက်ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့ ၅ နှစ်လောက် ဖုန်းတစ်လုံးကို မိနစ် ၃၀ အောက်မှာ 0 - 80 လောက်ထိအမြန်သွင်းဖို့ဆိုတာ အတော်လေးအံ့သြစရာဖြစ်မှာပါ။ ဒါပေမယ့် ခုတော့ 100W ဆိုတာနည်းသွားပါပြီ။ မနှစ်က Xiaomi အနေနဲ့ 210W ကိုမိတ်ဆက်သွားခဲ့ပါတယ်။ Xiaomi Redmi Note 12 မှာ 4300mAh ရှိတဲ့ Battery ကို 0 - 100 ပြည့်အောင် အားသွင်းချိန် ၉ မိနစ်သာကြာပါတယ်။ တစ်ကယ်လို့ အရေးပေါ် ၅ မိနစ်ပဲအားသွင်းခွင့််ရမယ်ဆိုရင် အားက 66% သွင်းလို့ရနေဦးမယ်ဆိုတဲ့ သဘောပါပဲ။

ဒီနှစ်မှာတော့ Realme က သူရဲ့ GT NEO 5 ဖုန်းနဲ့ 240W Charging ကိုထုတ်ပြသွားပါတယ်။ ဒီလောက်ကြီးတဲ့ Fast Charging ထည့်ပေးထားတဲ့အတွက် GT NEO 5 မှာလည်း Heat Sensor ၁၃ခုထက်မနည်းထည့်ပေးထားတယ်လို့ဆိုပါတယ်။ သဘောကတော့ အားသွင်းရင်းပူလာတဲ့အခါ မလိုအပ်တဲ့ မီးလောင်မှုတွေဖြစ်မလာအောင် ကာကွယ်ဖို့အတွက်ဖြစ််ပါတယ်။ GT NEO 5 ကိုအားသွင်းရင်း ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ နောက်လမှာ အသေးစိတ်ဖော်ပြသွားမယ်လို့ သတင်းထွက်နေပါတယ်။

တစ်ကယ်တော့ Fast Chraging ဆိုတာ ဒီဖက်ခေတ်လို ဖုန်းကိုတစ်နေကုန်သုံးနေရတဲ့ခေတ်မှာတော့ လိုအပ်ပါတယ်။ ဒါပေမယ့် ဖုန်းကိုတစ်နေကုန်သုံးဖို့ဆိုတာက Battery Capacity ကြီးကြီးနဲ့ Power Efficiency ကောင်းတဲ့ Chip ဆိုရင် Day to Day Usage ကတော့အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အချိန်မရသူတွေ၊ Heavy User တွေ၊ မီးမမှန်တဲ့နေရာကလူတွေအတွက်တော့ Fast Charging ကတစ်မျိုးတစ်ဖုံအရေးပါသွားပြန်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

LDRS တွေစမ်းကြည့်သင့်တဲ့ App တွေ

Next
Next

ဘာလို့ website တွေဝင်လို့မရတာလဲ၊ Censorship ဆိုတာဘာလဲ