ဘာလို့ website တွေဝင်လို့မရတာလဲ၊ Censorship ဆိုတာဘာလဲ

Internet Censorship ဆိုတာကရှင်းပါတယ်။ ရုပ်ရှင်တွေမှာ Censor ထည့်သလိုပါပဲ။ ရုပ်ရှင်တွေမှာ မမြင်စေချင်၊ မပြစေချင်တဲ့ အပိုင်းတွေကို ဝါးထားလိုက်တာ, ဖြတ်တောက်ထားသလိုမျိုး၊ အင်တာနက်ပေါ်မှာမမြင်စေချင်တဲ့ Website တွေ၊ Content တွေကို ဝင်ရောက်ကြည့်ရှုခွင့်ပိတ်လိုက်တာမျိုးပါ။ အဲ့လိုမျိုးပိတ်တဲ့နေရာမှာ နေရာဒေသ(Geo-location) အရပိတ်ထားတာ၊ Website URL ကိုပိတ်လိုက်တာ၊ Server လိုက်ပိတ်ခံရတာ၊ IP Address အလိုက်ပိတ်တာ အစရှိတဲ့ အမျိုးမျိုးသော ပိတ်ခြင်း သောင်းခြောက်ထောင်နဲ့ ပိတ်လို့ရပါတယ်။ Internet Censorship ကို တစ်ချို့နိုင်ငံတွေမှာ သတင်းအမှောင်ချဖို့၊ နိုင်ငံသားတွေ ဒုစရိုက်မကျူးလွန်အောင်လို့၊ ဒုစရိုက်လုပ်မယ့် Website တွေမို့၊ လောင်းကစား Website တွေကိုပိတ်တာ၊ Porn နဲ့သက်ဆိုင်တဲ့ Content တွေကိုပိတ်ပင်တာ အစရှိတဲ့ အကြောင်းအရင်းပေါင်းများစွာတွေ့နိုင်ပါတယ်။ အနီးစပ်ဆုံးပြောရရင် တရုတ်နိုင်ငံမှာ Facebook ကိုအသုံးပြုခွင့်ပိတ်တာမျိုး၊ ထိုင်းနိုင်ငံမှာ Pornhub ကိုပိတ်ထားတာမျိုးပါ။

အမျိုးမျိုးသော အင်တာနက်ပိတ်ပင်မှုတွေကို အမျိုးမျိုးသော ကျော်နည်းခွနည်းတွေနဲ့ ပြန်လည် အသုံးပြုလို့ရပါတယ်။ အလွယ်ဆုံးနည်းကတော့ ကိုယ်သုံးနေတဲ့ Internet Service Provider ISP ပြောင်းကြည့်တာပါ။ အရင်အသုံးပြုနေတဲ့ ISP က ဒီ Website ကို Ban ထားပေမယ့် နောက်တစ်ခုကတော့ Ban ချင်မှ Ban မှာပါ။

ဒါမှမရသေးဘူးဆိုရင် VPN အသုံးပြုဖို့ပါပဲ။ VPN အသုံးပြုဖို့ကလည်း Cloudflare လိုမျိုးနဲ့မရဘူးဆိုရင် ပိုပြီး Server စုံတဲဲ့ Paid VPN တွေကိုဝယ်သုံးဖို့ပါ။ လောလောဆယ် ဖြစ်နေတဲ့ အင်တာနက်မြန်နှုန်းမကောင်းတာ၊ VPN တွေပြုတ်ပြုတ်သွားတာတွေနဲ့ပတ်သတ်ပြီး စမ်းကြည့်ထားသလောက် -

• Nord VPN

• SurfShark

• Atlas VPN

တို့သုံးလို့ရနေပါသေးတယ်။

အခမဲ့သုံးချင်တယ်ဆိုရင် Proton VPN ကိုသုံးဖို့အကြံပြုချင်ပါတယ်။ Proton VPN ကို သုံးမယ်ဆိုရင် Proton Mail တစ်ခုသပ်သပ်ဖွင့်ပြီး တစ်လကို Data Limit အကန့်အသတ်မရှိပဲ Server Limit နဲ့သုံးနိုင်လို့ လူတိုင်းအတွက် အဆင်ပြေမယ်ထင်ပါတယ်။ Internet Censorship မှ အမြန်ကင်းလွတ်ကြပါစေခင်ဗျား..

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နေ့စဥ်ဘဝမှာ Fast Charging ကဘယ်လောက်အရေးပါလဲ

Next
Next

Microsoft ရဲ့အကူအညီယူခဲ့ဖူးတဲ့ Apple