NFC ဘယ်လိုအလုပ်သလဲ

NFC ကို အပြည့်အစုံခေါ်ရင် Near Field Communication လို့ခေါ်ပါတယ်။ လွယ်လွယ်တိုက်ရိုက် ဘာသာပြန်ရရင် "အနီးကပ်ဆက်သွယ်ရေး" ပေါ့ဗျာ။ NFC ကိုသုံးပြီး စက်ပစ္စည်း ၂ ခုကြားမှာ ၄ လက်မ (သို့) ၁၀ စင်တီမီတာထက် နည်းတဲ့ အကွာအဝေးအတွင်း Wireless နည်းပညာကိုအသုံးပြုပြီး ဒေတာထုတ်လွှတ်ပြီး ဆက်သွယ်လို့ရပါတယ်။

NFC နည်းပညာကိုအသုံးပြုဖို့ NFC Tag နဲ့ NFC Reader ဆိုတဲ့ အစိတ်အပိုင်း ၂ ခုလိုပါတယ်။

NFC Tag တွေမှာ Antenna တစ်ခုနဲ့ Microchip တစ်ခုပါဝင်ပြီး တိုက်ရိုက် Power Source ပေးစရာမလိုပဲ NFC Reader တွေဆီက Power ကိုအသုံးပြုပါတယ်။ NFC Tag တွေကို Passive Device လို့ခေါ်ပြီး သူတို့ထဲမှာ Data တွေကို Store လုပ်ထားနိုင်သလို Read/Write လည်းလုပ်နိုင်ပါတယ်။

NFC Reader တွေကိုတော့ Active Device လို့ခေါ်ပြီး Power Source လိုအပ်ပါတယ်။ NFC Reader တွေက Electro magnetic Field ဖန်တီးပေးပြီး NFC Tag တစ်ခုက Reader နားကိုကပ်လာတဲ့အခါမှာ Electromagnetic Field ကနေတစ်ဆင့် Data တွေ Decode လုပ်တာ၊ Transmit တာပဲဖြစ်ပါတယ်။

Contactless Payment, Virtual business cards အပြင် Apple iOS 17 မှာပါတဲ့ Namedrop Feature တွေဟာ NFC နည်းပညာကို သုံးထားတာပဲဖြစ်ပါတယ်။

#AkhyarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Social Media အကောင့်တွေ လုံခြုံဖို့အတွက်ဆိုရင်

Next
Next

ဖုန်းအားကုန်မြန်တာသက်သာစေဖို့…