Hard drive ထဲကပျောက်သွားတဲ့ Files တွေကို ပြန်ရှာနည်း

Hard drive ဆိုတာ Data သိမ်းဆည်းဖို့အတွက် အရေးအကြီးဆုံး ကွန်ပြူတာဆက်စပ်အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ သိမ်းဆည်းထားတဲ့ Data တွေဟာ ပျောက်သွားတာတွေပျက်သွားတာတွေဖြစ်တတ်ပါတယ်။ အဲ့တာကြောင့် ဒီ Data တွေကိုပြန်လည်ရယူဖို့အတွက်ကအရမ်းကိုအ‌ရေးကြီးလာပါပြီ။

Hard drive ထဲက Data တွေဘာလို့ပျက်တာလဲ?

ဖိုင်တွေပျက်ခြင်း

-ဒေတာတွေကိုသိမ်းဆည်းတဲ့နေရာမှာ 1 0 တွေနဲ့သိမ်းတဲ့အတွက် အဲ့လို 1 0 အဆင်လိုက်တွေက ပျက်သွားရင် file မတွေ့တော့တွေဖြစ်တက်ပါတယ်။

Partition ပျက်ခြင်း

-Hard disk ကိုခြမ်းထားတဲ့ Partition က ပျက်သွားပြီး OS ကမဖတ်တော့ရင် data တွေလည်းပျက်တက်ပါတယ်။

Virus attack

-အင်တာနက် ကနေတစ်ဆင့် ဝင်လာတဲ့ Virus တွေ ကြောင့်လည်း Hard disk ထဲကဒေတာတွေလည်းပျက်တက်ပါတယ်။

သုံးနေရင်ကွန်ပြူတာပါဝါပျက်တာတွေ OS shutdown ဖြစ်တာတွေကြောင့် လည်း Hard disk ပျက်တက်ပါတယ်။

အခုပြောပြမဲ့ နည်းလမ်းလေးတွေကတော့ External Hard drive ပဲဖြစ်ဖြစ် Internal Hard drive ပဲဖြစ်ဖြစ် ပျောက်သွားတဲ့ဒေတာတွေကိုပြန်လည်ရယူနိုင်မဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

1.      CHKDSK command သုံးကြည့်ပါ။

ဒီနည်းလမ်းကတော့ Window command prompt သုံးပြီး ပျက်သွားတဲ့ Files တွေကိုပြန်ရှာတဲ့နည်းလမ်းပဲဖြစ်ပါတယ်။

-        Window search မှာ CMD လို့ ရိုက်ထဲ့ပြီး Run as administrator လို့ Run ပါ။

-        CMD မှာ chkdsk(Drive Letter)/f ရိုက်ပြီး Enter နှိပ်ပါ။

-        Y နဲ့ Drive Letter လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။

-        Drive Letter :\>attrib -h -r -s /s /d *.* ရိုက်ပြီး Enter ခေါက်လိုက်ပါ။

-        Computer ကို Restart ချပြီး Drive ကိုပြန်သုံးကြည့်ပါ။

1.      Mac မှာဆိုရင် Disk Utility Program သုံးကြည့်ပါ။

Chkdsk command နည်းလမ်းက Mac မှာသုံးလို့မရပါဘူး။ Mac မှာဆိုရင်တော့ Disk Utility Program မှာ First aid လုပ်ဆောင်ချက် ပါဝင်ပါတယ်။

-        Spot light search ကနေ Disk Utility လို့ရိုက်ထဲ့လိုက်ပါ။

-        ဘယ်ဘက်အခြမ်းမှာ ကိုယ် Error တက်နေတဲ့ Drive ကိုသွား Select လုပ်ပြီး First aid ကိုနိုပ်လိုက်ပါ။

-        Partition error check လုပ်မှာကို Confirm လုပ်လိုက်ပါ။ Error တက်နေရင် သူဘာသာသူ Repair လုပ်သွားပါလိမ့်မယ်။

.  Device ကို Reinstall လုပ်လိုက်ပါ။

-        Window + R ကိုနိုပ်ပြီး Devmgmt.msc လို့ရိုက်ထဲ့လိုက်ပါ။

-        Hard drive ကိုရွေးပြီး Right click ကိုနိုပ် Uninstall ကိုနိုပ်ပြီး restart ချလိုက်ပါ။ Window ကသူ့ဘာသာသူ Install လုပ်မဲ့ချိန်ကို စောင့်ပြီး Drive ကိုပြန်သုံးကြည့်ပါ။

 

4.  third party Recovery tools တွေသုံးပါ။

Third party Recovery tools တွေဖြစ်တဲ့ EaseUs တို့ stellar Data Recovery တို့သုံးပြီး Recovery ပြန်ယူလို့ရပါတယ်။ လိုင်စင်တောင်းနေရင် Torrent ကနေ Crack သာဒေါင်းလိုက်ပါ။

 

Author : Hein Htet

Ref: Gizchina

Previous
Previous

ဗဟိုချုပ်ကိုင်မှု မရှိတဲ့ Social Platform ဆိုတာ ?

Next
Next

2021 မှာ စာအုပ် အလကားဒေါင်းလုပ်ဆွဲဖို့အကောင်းဆုံးဝဘ်ဆိုဒ်များ