ဗဟိုချုပ်ကိုင်မှု မရှိတဲ့ Social Platform ဆိုတာ ?

Bitcoin နဲ့ Ethereum တို့လို ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ငွေကြေးတွေက ဒီနေ့ မှာ တော်တော် ကိုခေတ်စားလာခဲ့ပါတယ်။ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ အကျိုးကျေးဇူး တွေကိုတော်တော်များ သိလာပြီးတဲ့နောက်ပိုင်းမှာ ငွေကြေးနယ်ပယ်သာမက တခြား က တွေမှာလည်း ချဲ့ထွင်အသုံးပြုလာကြပါတယ်။ အခုပြောပြမဲ့ အကြောင်းကတော့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ Social Platform တွေရောခေတ်စားလာမှာလားဆိုတာပါပဲ။

အခုလက်ရှိ Social media အများစုနဲ့ Video Platform အများစုက ကုမ္ပဏီတစ်ခုခု အဖွဲ့အစည်းတစ်ခုခုရဲ့ ချုပ်ကိုင်မှုအောက်မှာလည်ပတ်နေတာမျိုးပါ။ အဲ့တော့အဖွဲ့အစည်းတစ်ခုခုရဲ့ မူဝါဒအတိုင်းပဲ Platform ကလည်း

သွားနေရတာမျိုးပါ။ Platform ပေါ်က Creator တွေအတွက် Reward ကလည်း သူတို့သတ်မှတ်ထားတဲ့အတိုင်းပဲရမှာပါ။ ဥပမာ YouTube ဆိုရင် သူ့ရဲ့ Creator တွေတင်ထားတဲ့ Video တွေဆိုရင် ကြည့်ရှုသူအရေအတွက် အလိုက် Like အရေအတွက် Video view and impression , အလိုက် ပိုက်ဆံပြန်ပေးတာမျိုးပါ။ အဲ့လိုမျိုး Video ရိုက်ပြီး ပိုက်ဆံရှာဖို့အတွက်ဆိုရင်လည်း သူတို့သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေပြည့်မှီမှရမှာပါ။ ဥပမာ subscriber ဘယ်လောက်ရမှ minute view ဘယ်လောက်ရမှ အစရှိသဖြင့်ရှိပါသေးတယ်။ Platform ပိုင်တဲ့ ကုမ္ပဏီကလည်းသူတို့အတွက်အကျိုးအမြတ်ကို ကြော်ငြာ တွေဆီကတစ်ဆင့်ပြန်လည်ရှာဖွေပါတယ်။အဲ့လိုနည်းနဲ့ပဲ အကျိုးအမြတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို Creator တွေအတွက်ခွဲဝေပေးတာမျိုးပါ။

အဲ့တော့ Creator တွေအတွက် ကိုယ့်ရဲ့ Support က တိုက်ရိုက်မရောက်ပဲ သူတို့ ကုမ္ပဏီကပေးသလောက်ပဲရပါတယ်။အသုံးပြုသူတွေကလည်း ထုံးစံအတိုင်းပဲ ဗဟိုချုပ်ကိုင်မှုရဲ့ ချပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရပါတယ်။ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်းဗဟိုချုပ်ကိုင်သူ ကုမ္ပဏီကပဲ ထိန်းချုပ်ထားတာမျိုးပါ။အဲ့တော့ Freedom သိပ်မရှိတာမျိုးပါ။  

Decentralized social Platform

အခုလိုမျိုး ဗဟိုချုပ်ကိုင်မှုမရှိတဲ့ Platform ဆိုတာမျိုးကတော့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ Networking Platform တွေပဲဖြစ်ပါတယ်။အဲ့ Networking Platform တွေကို Blockchain protocols/platform တွေပေါ်မှာ တည်ဆောက်ထားတဲ့အတွက်ဗဟိုချုပ်ကိုင်မှုမရှိတဲ့ social platform တွေဖြစ်လာပါတယ်။  

Bitcoin ကို Twitter နဲ့ပေါင်းထားသလိုမျိုးပါ။ အသုံးပြုသူတွေကလည်း သူတို့ရဲ့ social content တွေကို Blockchain လို Public network ပေါ်တင်ထားပြီး ကိုယ့်ဒေတာကို ကိုယ်ပဲ စီမံခန့်ခွဲခွင့်ရှိပါတယ်။ Creator တွေအတွက်လည်း ပရိတ်သတ်က သက်ဆိုင်ရာ Creator coin ကိုဝယ်ပြီးကိုယ်ကြိုက်တဲ့ Creator ကိုတိုက်ရိုက်အားပေးလို့ရပါတယ်။ Creator တွေအတွက်လည်း သူတို့အတွက်အကျိုးအမြတ်ကို ဒီ Platform ပေါ်မှာ Content တွေဖန်တီးနေသရွေ့အကျိုးအမြတ်တွေရနေဦးမှာပါ။

Blockchain ပေါ်မှာ တည်ဆောက်ထားတဲ့ Social media platform တွေဟာ Social networking တွေကို Support လုပ်ပါတယ်။ ဥပမာ Share တာ တွေနဲ့ blogging လုပ်တာတွေပါပါဝင်ပါတယ်။ Decentralized ဖြစ်တဲ့အတွက် ကိုယ်လုပ်လိုက်တဲ့ တစ်ခုချင်းဆီအတွက်လည်း End-to-End encryption ပေးပါတယ်။ အဲ့တာကြောင့် Blockchain ရဲ့ ecosystem နဲ့သဟဇာတဖြစ်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း Support ပေးပါတယ်။

ဘာလို့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ Social media တွေကိုသုံးသင့်လဲ?

1.      အသုံးပြုသူတွေရဲ့ ဒေတာ တွေကိုရောင်းချခြင်းမရှိ

အခုပုံမှန်သုံးနေကြ Social media တွေဖြစ်တဲ့ Facebook, Instagram, Tiktok , YouTube တို့ဟာ အသုံးပြုသူတွေရဲ့ Personal data တွေကိုသူတို့ပဲအားလုံးချုပ်ကိုင်ထားတာပါ။ သူတို့ရဲ့ Customer တွေဟာ ကြော်ငြာသူတွေဖြစ်ပြီး အသုံးပြုသူတွေကတော့ သူတို့ရဲ့ Product တွေပဲဖြစ်ပါတယ်။ User တွေသူတို့ Platform ပေါ်မှာကြာကြာသုံးလေ သူတို့အတွက်ပိုပြီး ပိုက်ဆံဝင်လေပါပဲ။ အဲ့တော့အသုံးပြုသူတွေရဲ့ Data တွေကို ကြော်ငြာသူတွေကိုရောင်းပြီး ကြော်ငြာတဲ့သူတွေဆီကပိုက်ဆံပြန်ရတာပါ။ ဥပမာ- သင်က Amazon မှာ ဖိနပ်ဝယ်ဖို့လိုက်ရှာလိုက်တာနဲ့သင့်ရဲ့ Newsfeed မှာ ဖိနပ်တဲ့ဆိုင်တဲ့ကြော်ငြာတွေပဲတက်လာပါပြီ။အဲ့တာကြောင့် ဗဟိုချုပ်ကိုင်ခြင်းမရှိတဲ့ Blockchain Based social media တွေမှာတော့ အဲ့လိုရောင်းချခြင်းတွေမရှိပါဘူး။

2.      လုံခြုံရေးနဲ့ လွတ်လပ်ခွင့်

ပုံမှန် Social platform တွေမှာသင်လုပ်သမျှအကုန်လုံးကိုချုပ်ကိုင်ထားတဲ့အတွက် Private Message တွေ ကိုယ့်ရဲ့ Only me နဲ့ ရှဲထားတဲ့ Post တွေကအစ အာလုံးကို Platform ပိုင်တဲ့ ကုမ္ပဏီက အားလုံးကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နောက်ပြီး Platform ပိုင်တဲ့ကုမ္ပဏီက ဘန်းတယ်ဆိုရင်လည်း ဘန်းခံရမှာဖြစ်သလို သူတို့ပိတ်ပင်တားဆီးထားတဲ့ဘယ်အရာမှလုပ်လို့ရမှာမဟုတ်ပါဘူး။

2021 အတွက်ရေပန်းစားသော Blockchain Social Network

1.      Peepeth

2.      Sapien

3.      Diaspora  

 

Author : Hein Htet

Ref: leewayhertz

Previous
Previous

Free anti-virus တွေကအနာဂတ်မှာပျောက်ကွယ်သွားတော့မှာလား?

Next
Next

Hard drive ထဲကပျောက်သွားတဲ့ Files တွေကို ပြန်ရှာနည်း