2021 မှာ စာအုပ် အလကားဒေါင်းလုပ်ဆွဲဖို့အကောင်းဆုံးဝဘ်ဆိုဒ်များ

တစ်ခါတစ်လေ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကစျေးအရမ်းကြီးနေလို့မဝယ်ဖတ်ဖြစ်လိုက်တဲ့အခါတွေရှိလား? စာအုပ်အများစုကို Google မှာရိုက်ရှာလိုက်မယ်ဆိုရင် စာအုပ်ကိုတရားဝင် ဝယ်ယူလို့ရမဲ့နေရာတွေကိုပဲပြောပြပေးပါတယ်။ အဲ့တာကြောင့် အခုပြောပြမဲ့ site လေးတွေမှာကိုယ်ဖတ်ချင်နေတဲ့စာအုပ်ကို ဝယ်ပြီးဖတ်မဲ့အစား Free ကုန်းဆင်းလို့ရနိုင်မှာပါ။

1.      Manybook (50,000+ Free eBooks in the Genres you Love | Manybooks)

ဒီဆိုဒ်မှာကျွန်တော်တို့အတွက် ရွေးချယ်စရာတွေများပြားတဲ့ Category များစွာစာအုပ်တွေရှိပါတယ်။ စာအုပ်အလကားဖတ်ချင်သူတွေအတွက်ရတနာသိုက်ကြီးဖြစ်သလို စာအုပ်တွေကိုလည်း Format တွေပေါင်းစုံနဲ့ download ဆွဲလို့ရပါတယ်။စာအုပ်ကို ဒေါင်းလုပ် ဆွဲချင်ရင်တော့ file type တွေရွေးချယ်စရာအများကြီးရှိပါတယ်။ EPUB , MOBI , PDF , FB2 , RTF , HTML စသဖြင့် File type များစွာဖြင့်ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ ဒါပေမဲ့ Free download ဆွဲချင်တယ်ဆိုရင်တော့ Free account ဖွင့်ပြီး Login ဝင်ရမှာဖြစ်ပါတယ်။

2.      Free Computer books (Free Computer, Programming, Mathematics, Technical Books, Lecture Notes and Tutorials (freecomputerbooks.com) )

ဒီမှာတော့ Computer science နဲ့ ပတ်သတ်သမျှ စာအုပ်အစုံနီးပါးရှိပါတယ်။ ကွန်ပြူတာတက္ကသိုလ် ကျောင်းသားတွေ, နည်းပညာနဲ့ပတ်သက်ဆက်စပ်ပြီးအလုပ်လုပ်နေသမျှလူတွေအတွက်တော့ တစ်ကယ့်ရွှေသိုက်ကြီးပါပဲ။ ရရှိနိုင်တဲ့ခေါင်းစဉ်တွေကတော့ Computer and programming languages , Computer science , Data science , Computer engineering , Java နဲ့ Network ပိုင်းတွေပါ ပါဝင်ပါတယ်။

3.      Authorama ( Authorama - Public Domain Books )

စာရေးဆရာပေါင်းများစွာကို A to Z စီထားပြီးသူတို့ရေးထားတဲ့စာအုပ်တွေကိုအလွယ်တကူပဲ Browser ထဲကနေဝင်ဖတ်လို့ရပါတယ်။ ဒီ Website မှာ Account ဖန်တီးစရာမလိုပဲ HTML နဲ့ XHTML ပုံစံနဲ့ရေးထားတဲ့အတွက် အလွယ်တကူ ကလစ်ထောက်ပြီးဖတ်ရုံပါပဲ။ စာဖတ်ဖို့အတွက်ပဲ ဆိုရင်တော့ Website ရဲ့ပုံစံကြီးက ပုံတုံးသလိုလို ရိုးရှင်းသလိုလိုပါပဲ။ နောက်ပြီး site ကလည်း SSL Protection မခံထားပါဘူး။

အထက်ပါ Website သုံးခုကတော့ စာအုပ်ကို ပိုက်ဆံပေးမဝယ်ချင်သူတွေအတွက်တော့ တစ်ကယ့်ရွှေတွင်းကြီးပါပဲ။

Author : Hein Htet

Ref: lifewire

Previous
Previous

Hard drive ထဲကပျောက်သွားတဲ့ Files တွေကို ပြန်ရှာနည်း

Next
Next

iPhone တွေမှာ other storage တွေကိုအထိရောက်ဆုံးဘယ်လိုဖျက်မလဲ?