Galaxy S21 FE 5G ကို Samsung တရား၀င်မိတ်ဆက်

Leak တွေ render တွေလပေါင်းများစွာထွက်အပြီးမှာတော့ Galaxy S21 FE ကို Samsung ကမိတ်ဆက်လိုက်ပါပြီ။ Global chip shortage ကြောင့် မထုတ်တော့ဘူးလို့တောင်တော်တော်များများကထင်နေခဲ့ကြပေမယ့်လဲ နောက်ဆုံးမှာတော့ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်မနှစ်က S20 FE မိတ်ဆက်ချိန်ထက်နောက်ကျခဲ့တာကြောင့် S22 series ရဲ့ release date နဲ့တော့တော်တော်လေးကပ်သွားပါတယ်။

Design ပိုင်းမှာတော့ leak တွေ render တွေထဲကအတိုင်းတထေရာထဲတူခဲ့ပြီးအရောင်၄မျိုးနဲ့လာမှာပါ။ 

S21 ရဲ့ contour camera bump design ကိုပဲသုံးပေးထားပြီး S21 series လို metal နဲ့မဟုတ်တော့ပဲ matte finish နဲ့ဖြစ်သွားပါတယ်။  IP 68 water resistance လဲပါ၀င်ပြီး specs ပိုင်းမှာတော့ S21 ရဲ့ specs နဲ့တော်တော်များများတူပါတယ်။  

S21 ထက်နည်းနည်းပိုကြီးတဲ့ flat 6.4-inches ရှိတဲ့ Dynamic AMOLED 2x ကိုသုံးပေးထားပြီး 120Hz variable refresh rate နဲ့ FHD+ resolution ရှိတဲ့အတွက် flagship display တစ်ခုဖြစ်ပါတယ်။ S series မှာသုံးနေကြultrasonic fingerprint sensor အစား optical fingerprint sensor ကိုသုံးပေးထားပါတယ်။ 

US region မှာ တော့ Snapdragon 888 ကိုသုံးပေးလာမှာဖြစ်ပြီးအခြား region တွေမှာတော့ exynos chipset ဖြစ်ပါတယ်။6/128 နဲ့ 8/256 ၂မျိုးရွေးလို့ရပါမယ်။  

OIS ပါတဲ့ 12MP main lens အပါအ၀င် 12MP ultrawide နဲ့ 8MP telephoto lens တို့ပါ၀င်တဲ့ triple camera setup ကိုသုံးပေးထားပြီး 3x optical zoom နဲ့ 30x digital zoom ထိဆွဲလို့ရမှာပါ။  

Battery ပိုင်းမှာတော့ S21 ထက်ပိုကြီးတဲ့ 4500mAh battery ကိုသုံးပေးထားပြီး 25W fast charging support ပေးပါတယ်။  

Android 12 ကို One UI 4 နဲ့တပါထဲလာမှာပါ။ 

စျေးကတော့ 6/128 ကို $699 နဲ့ 8/256 ကို $769 ကျသင့်မှာ ဖြစ်ပါတယ်။ 

ဒီစျေးကအခုချိန်မှာ S21 series ရဲ့ လက်ရှိစျေးနဲ့သိပ်မကွာတော့တဲ့အတွက် ၀ယ်ဖို့တော်တော်လေးစဥ်းစားရမှာပါ။ 

မကြာခင် S22 series ကိုလဲမိတ်ဆက်တော့မှာဖြစ်လို့ August လောက်ကသာထုတ်ခဲ့မယ်ဆိုရင်ရွေးဖို့အသင့်တော်ဆုံးဖြစ်မယ့် phone တစ်လုံးပဲဖြစ်ပါတယ်။ 

Previous
Previous

အသုံးဝင်နိုင်မဲ့ Website

Next
Next

Free anti-virus တွေကအနာဂတ်မှာပျောက်ကွယ်သွားတော့မှာလား?