Free anti-virus တွေကအနာဂတ်မှာပျောက်ကွယ်သွားတော့မှာလား?

ဒီနေ့ခေတ်ကွန်ပြူတာတွေ smart phone တွေမှာ Malware နဲ့ အင်တာနက်ပေါ်က Virus ရန်တွေကိုကာကွယ်ဖို့အတွက် Anti-virus တွေကိုသုံးကြပါတယ်။ 60% သောလူတွေက anti-virus တွေကို အလကားရတာတွေပဲသုံးကြပါတယ်။ဒါပေမဲ့ အလကားပေးသုံးရတဲ့ Anti-virus တွေကတစ်ကယ်ပဲအလုပ်ဖြစ်ရဲ့လား?

 အင်တာနက်သုံးနေရင်းနဲ့တက်လာပြီးသူ့ဟာသူ install လုပ်ပြီးအတင်းသုံးခိုင်းတဲ့ Anti-virus တွေကတော့ မသုံးပဲပြန်ဖျက်လိုက်ပါလို့အကြံပေးပါရစေ။

အလကားသုံးနိုင်ခြင်းရဲ့ပေးဆပ်ရမှုများ

အခုနာမည်ကြီး Anti-virus program တစ်ခုဖြစ်တဲ့ Bitdefender က သူရဲ့ Free ‌ပေးသုံးခြင်းကို ရပ်တန့်လိုက်ပါြပီ။ Free ရတဲ့ App အများစု Program အများစုဟာ ကိုယ့်အတွက်ကောင်းကျိုးနဲ့ဆိုးကျိုးပဲပိုများစေတယ်လို့ ကျွမ်းကျင်သူတွေကဆိုထားပါတယ်။ ဒါပေမဲ့ Bitdefender လိုကောင်းကျိုးများတဲ့ App တစ်ခုအတွက် Free ပေးခြင်းရပ်တန့်လိုက်ပြီဆိုတာကတော့ နှမြောစရာပါ။

အလကားရခြင်းရဲ့နောက်ကွယ်မှာ ပေးဆပ်ရတာတွေရှိပါတယ်။ ဒီ Application တစ်ခုကိုထိန်းသိမ်းဖို့အတွက် ဆက်လက်အလုပ်လုပ်နေဖို့အတွက် နောက်ကွယ်မှာ လုပ်ရတဲ့အလုပ်တွေက Free ပေးဖို့မတန်တော့ဘူးဆိုရင်‌ ကုမ္ပဏီတော်တော်များများက Free ပေးချင်းကိုရပ်တန့်လိုက်တာများပါတယ်။ အသုံးပြုသူတွေအတွက်ကလည်း ရွေးချယ်စရာတွေများပြားလာပြီဆိုရင် Free ရတာနဲ့ပိုက်ဆံပေးပြီးသုံးရမယ်ဆိုရင်စျေးသက်သာတာကိုပဲရွေးကြမှာပါ။ Window မှာပါတဲ့ Window security ဆိုရင်လည်း ပိုက်ဆံပေးပြီးသုံးရတဲ့ Anti-virus တွေလောက်ထိရောက်မှုမရှိပါဘူး။ သူက ကိုယ့်ကွန်ပြူတာကိုပဲ အကာအကွယ်ပေးတာဖြစ်ပြီး အင်တာနက်အထိ လိုက်မကာပေးပါဘူး။ နောက်ပြီး window security က သိသာထင်ရှားတဲ့ malware တွေပဲ ဖယ်ရှားပေးတာဖြစ်ပြီး Advance ဖြစ်တဲ့ Malware တွေကိုမဖယ်ရှားပေးပါဘူး။ Window security လို Application မျိုးကို Window လိုလူသုံးအများဆုံး OS မှာ Free ပေးထားတော့ တော်ရုံတန်ရုံလူဆိုရင် လည်း Anti-virus ကိုပိုက်ဆံပေးပြီးဝယ်တော့မှာမဟုတ်ပါဘူး။ Microsoft သာ Window security ကို Free မပေးတော့ဘူးဆိုရင်တော့ Anti-virus ကုမ္ပဏီတွေအတွက် အခြေအနေတစ်မျိုးပြောင်းသွားမှာပါ။  

Author: Hein Htet

Ref: Lifewire

Previous
Previous

Galaxy S21 FE 5G ကို Samsung တရား၀င်မိတ်ဆက်

Next
Next

ဗဟိုချုပ်ကိုင်မှု မရှိတဲ့ Social Platform ဆိုတာ ?