Self-Study သမားတွေအတွက် အသုံးဝင်မဲ့ Website ၆ ခု

၂၀၂၀ နောက်ပိုင်း ကမ္ဘာပေါ်က စီးပွားရေးလုပ်ငန်််းနဲ့ ပညာရေးတွေအကုန်လုံးဟာ ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးအခြေအနေတွေအရ Digital Platformပေါ်ကို ရောက်ရှိသွားပါတယ်။ အစပိုင်းမှာ အခက်အခဲပေါင််းစုံကို ကြုံတွေ့ရပေမယ့် Zoom Meeting တွေ၊ ​Teams ကနေ ဆွေးနွေးတာတွေ၊ Online ပေါ်ကနေ စာသင်တာတွေကို နောက်ပိုင်းမှာတော့ New Normal ဓလေ့သစ်အဖြစ် လက်ခံလာနိုင်ကြပြီဖြစ််ပါတယ််။ ဒီတစ်ခါမှာတော့ Online ပေါ်ကနေ Self-study လုပ်ရင်း ပညာရပ်တွေကို အခမဲ့လေ့လာလို့ရမယ့် Online Learning Platform တွေကို ပြောပြပေးပါ့မယ်။

Online Learning Platform တွေမှာ လေ့လာခြင်းဟာ ရုံးသမားတွေ၊ နေ့ခင်းဖက် အချိန်မပေးနိုင်သူတွေအတွက်် အလွန်အဆင်ပြေသလို၊ နေ့ခင်းမှာ ကျောင်းတက်နေပြီး ညဖက်အားချိန်မှာ အပိုလေ့လာချင်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ တစ်ချို့ Platform တွေမှာ Certificate တွေ၊ Diploma တွေမှာရယူနိုင်တဲ့အထိ ဆောင်ရွက်ပေးတာတွေရှိပါတယ်။

၁. Khan Academy
Kham Academy ကတော့ Asia မှာသာမက အနောက်နိုင်ငံတွေထိ နာမည်တစ်ခုရှိတဲ့ Platform တစ်ခုဖြစ်ပါတယ်။ ကျောင်းမှာ နားမလည်းတဲ့ပညာရပ်တွေနဲ့၊ ကျောင်းမှာသင်ပြီးသားတွေကို ပိုမိုနားလည်အောင် ကျောင်းသားအများစုက လာရောက်လေ့လာတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ အိုင်တီနည်းပညာ၊ စာပေ၊ သမိုင်း၊ စိတ်ပညာ၊ သင်္ချာစတဲ့ ဘာသာရပ်တွေ အတော်စုံပါတယ်။

၂. Saylor Academy
ဒီWebsite မှာတော့ ဘာသာရပ်တွေတော်တော်များများက အခမဲ့ရတာကြောင့် နာမည်ကြီးတာဖြစ်ပါတယ်။ အခကြေးငွေပေးရတဲ့ ဘာသာရပ်တွေဟာလည်း ပိုက်ဆံအနည်းငယ်သာပေးရတာမို့ အတော်အဆင်ပြေပါတယ်။ ကျောင်းပြီးပြီးသားသူတွေအနေနဲ့ မိမိတို့ပညာရပ်ကို ဆင့်ပွားပြီးလေ့လာချင်တယ်ဆိုရင် ဒီ Platform မှာလေ့လာနိုင်ပါတယ်။

၃. Ted
TedTalk လို့ပြောလိုက်ရင် လူတိုင်းသိကြမှာပါ။ Ted မှာပညာရပ်တွေသာမက ဘဝအတွက် လိုအပ်တဲ့ Social Skill တွေကို လေ့လာနိုင်ပါတယ်။ Science, Social Science, Adminstrative, Design စတဲ့ ဘာသာရပ်တွေ အတော်များများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်မှာဖြစ််ပါတယ်။

၄. Big Think
လက်ရှိအလုပ်ထဲမှာ လုပ်ကိုင်နေတဲ့ Professionals တွေကိုယ်တိုင် ခေါင်းစဥ်အမျိုးမျိုးနဲ့ Videos ပေါင််း 1 သောင်းကျော်ကို အသုံးပြုပြီး သင်ကြားပေးနေတဲ့ Website ပဲဖြစ်ပါတယ်။ Course တစ်ခုချင်းစီဝယ်စရာမလိုပဲ လစဥ်ကြေးနဲ့ ပေးပြီးသင်ကြားလို့ရတာ ထူးခြားချက်တစ်ခုပါ

၅.Coursera
မြန််မာနိုင်ငံက လူအတော်များများရော၊ တက္ကသိုလ်တွေကပါ အသုံးပြုနေတဲ့ Website ပဲဖြစ်ပါတယ်။ Course တော်တော်များများက အခမဲ့ဖြစ်ပြီး စကော်လာရှစ်လည်း လျှောက်လို့ရပါသေးတယ်။ နာမည်ကြီးတက္ကသိုလ်တွေကလည်း ဒီ Platform ပေါ်မှာ Diploma သင်တန်းတွေလာဖွင့်ထားပြီး Course တွေကလည်း အတော်ကြီးကိုစုံပါတယ်။

၆. Duolingo
ဘာသာစကားပေါင်းစုံကိုသင်ချင်တယ် သင်တန်းတက်ဖို့က အချိန်မပေးနိုင်ဘူးဆိုရင် ဒီ Website မှာ ဘာသာစကားပေါင်းစုံကို သင်ယူနိုင်ပါတယ်။ သူရဲ့ထူးခြားချက်က ဘာသာစကား တစ်မျိုးထည်းကို ဒေသပေါင်းစုံက ဆရာတွေနဲ့ မတူကွဲပြားတဲ့ စတိုင််တွေကို သင်ယူနိုင်ခြင်းဖြစ််ပါတယ်််။​ (ဥပမာ - American English, United Kingdom English, India English စတဲ့မတူတဲ့ ဒေသက အသံထွက်တွေကိုပါ လေ့လာနိုင်တာပါ)

Ref : Internet

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Chill ရင်း ဆော့လို့ကောင်းမဲ့ Indie Android ဂိမ်း (၆) ခု

Next
Next

ဖုန်းတွေမှာ Haptics Feedback ကောင်းကောင်း ဘာလို့ပါဝင်သင့်တာလဲ