Auto Focus စနစ်ပါဝင်လာမယ့် iPhone 14

Apple အနေနဲ့ iPhone 14 ကို လာမယ့် September 14 ရက်နေ့မှာ မိတ်ဆက်သွားမယ််လို့ ခန့်မှန်းရပါတယ်။ Analyst Ming-Chi Kuo အနေနဲ့ အသစ်ထွက်လာမယ့် iPhone တွေမှာ Front Camera ကို Update အကြီးကြီး ပေးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ Front Camera ကြီးတိုင်ပတ်နေတာ iPhone 11 ကတည်းကဖြစ်ပါတယ်။

iPhone 14 ရဲ့ Selfie Camera အသစ်မှာ Auto-focus ပါဝင်လာနိုင်ပြီး Front Facing ပြဿနာကို ရှင်းပစ်တော့မယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် 6P Lens တွေ Aperture ကို f1.9 ထိထည့်သွင်းတော့မှာဖြစ်လို့ ညအမှောင်ထဲမှာပါ အသုံးပြုရတာ ပိုမိုကောင်းမွန်လာမယ့်လို့ ခန့်မှန်းရပါတယ်။

ဒီနေ့ခေတ််မှာ လူတွေအနေနဲ့ Front Facing Camera ကို ဓာတ်ပုံရိုက်ဖို့၊ Tik Tok ကဖို့၊ Video Call ပြောဖို့ ပိုမိုအသုံးပြုလာတာကြောင့် ပိုမိုကောင်းမွန်လာအောင် တီထွင်ထားခြင်းလည်း ဖြစ်နိုင်ပါတယ်။ iPhone 14 ရဲ့ ကင်မရာတွေကို Genius ကအဓိကတင်သွင်းမှာဖြစ်ပြီး Module တွေကိုတော့ LG Innotek နဲ့ Cowell တို့က အဓိကတင်သွင်းမှာပါ။

Sensor ကိုတော့ Sony ကနေတင်သွင်းမှာဖြစ်ပြီး သေချာတဲ့သတင်းတွေတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပိုကောင်းတဲ့ Auto-Focus နဲ့ ပိုကောင်းတဲ့ Lens တွေကြောင့် ကင်မရာပိုင်းပိုကောင်းလာမယ်ဆိုတာတော့ ဝမ်းသားစရာပဲဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ခရီးသွားသူတွေ မဖြစ်မနေဆောင်ထားသင့်တဲ့ App 10 ခု

Next
Next

ကျောင်းသားတွေ သိထားသင့်တဲ့ Website ၅ ခု