ကျောင်းသားတွေ သိထားသင့်တဲ့ Website ၅ ခု

ကျောင်းသားတွေအနေနဲ့ လစာလေ့လာရမယ့် အရင်းအမြစ်တွေကို ရနိုင်တဲ့ Website တွေကိုသိပေမယ့် Problem Set တွေ၊ လေ့ကျင့်ခန်းတွေ၊ Answer Keys တွေကိုတော့ ဘယ်မှာရှာရမလဲဆိုတာ အမြဲတိုင်ပတ်နေတတ်ပါတယ်။ ကိုယ်တိုင်လည်း သုံးခဲ့၊ သုံးနေဆဲ တစ်ကယ်အသုံးဝင်တဲ့ Solution ဖြေပေးမယ့် Website တွေကို ဒီတစ်ခါ မျှဝေပေးပါ့မယ်။

1. Quizlet
IELTS, TOFEL, TOEIC လိုမျိုး Language စာပေးပွဲတွေအပြင် Textbook ထဲက Multiple Choice တွေ၊ Maths Problems တွေကိုပါ အဖြေတွေရှာနိုင်တဲ့ Website ပဲဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အဖြေဝင်ပေးလို့ရသလို သူများတွေဖြေထားတဲ့ အဖြေတွေကိုလည်း ရှာကြည့်နိုင်လို့ အရမ်းအသုံးဝင်ပါတယ်။

2. Grammarly
အင်္ဂလိပ်လို Essay ရေးတာ၊ ဝင်ခွင့်တွေအတွက် Transfer Essay ရေးတဲ့အခါ ကိုယ်ရေးထားတဲ့ စာတွေဟာ Formal ကျမကျ၊ Grammer မှန်မမှန်အပြင် ဘယ်လို Tone မျိုးနဲ့ Engage ဖြစ်စေချင်လဲဆိုတာကိုပါ စစ်ပေးပြီး အမှန်ပြင်ပေးနိုင်လို့ ကျောင်းသားတွေတင်မဟုတ်ပဲ အင်္ဂလိပ်စာနဲ့ ထိတွေ့နေတဲ့သူတိုင်း အသုံးဝင်မယ့် Website ဖြစ်ပါတယ်။

3.LITSOLUTION
International Textbook တွေရဲ့ Problem Sets တွေကို Step by Step ရှင်းပြပေးလို့ သင်္ချာသမားတွေအတွက် အတော်လေးအသုံးဝင်မယ့် Website ပါ။

4. WolframAlpha
ဒီကောင်ကတော့ တွက်ချက်မှုတော်တော်များများကို လုပ်ပေးနိုင်တာကြောင့် သင်္ချာသမားတွေတင်မဟုတ်ပဲ Finance သမားတွေ၊ Science သမားတွေအပြင် တွက်ချက်တာနဲ့ ပတ်သတ်တဲ့ နယ်ပယ်ပေါင်းစုံက ကျောင်းသားတွေ အသုံးဝင်မယ့် Webiste ပဲဖြစ်ပါတယ်။

5. Cite This For Me
စာတမ်းရေးနေသူတွေ၊ Essay ရေးနေသူတွေအနဲ့ Citation လုပ်တဲ့အခါ Format ကျကျ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီအခါမှာ ဒီ Website လေးကအချိန်ကုန်အများကြီး သက်သာစေမှာပါ။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Auto Focus စနစ်ပါဝင်လာမယ့် iPhone 14

Next
Next

ရုပ်ရှင်တွေကြည့်ဖို့ အကောင်းဆုံး Torrent Streaming Site များ