5 Tech Myth Busters

Tech လောကမှာ နာမည်ကြီးနေတဲ့ Tech Myth Busters တစ်ချို့ကို ပြောပြသွားပေးပါ့မယ်။ တစ်ချို့အချက်တွေက လူသိများပေမယ့် မှားနေတာတွေရှိပါတယ်။

Myth 1: MacOS နဲ့ LinuxOS တွေက Virus လုံးဝမကိုက်ဘူး

MacOS တွေနဲ့ Linux OS တွေဟာ Virus လုံးဝ မဝင်နိုင်ဘူးဆိုတာ တစ်ကယ်တော့မှားပါတယ်။ Mac နဲ့ Linux တွေမှာလည်း Windows နဲ့ယှဥ်ရင် Virus ကူးနိုင်ချေနည်းပေမယ့် လုံးဝလုံခြုံနေတာမျိုးတော့မဟုတ်ပါဘူး။ MacOS နဲ့ Liux ကိုတိုက်ခိုက်နိုင်တဲ့ backdoor တွေ၊ Malware တွေရှိပါတယ်။ No System is safe ပါ။

Myth 2: Private browsing သုံးရင် လုံခြုံတယ်

Private Browsing နဲ့ Incognito တွေဟာလည်း 100% Private မဟုတ်ပါဘူး။ ကိုယ်ရဲ့ Browsing Activity ကိုပဲ ဖွက်ထားပေးနိုင်တာပါ။ သုံးနေတဲ့ ISP နဲ့ Website ပိုင်ရှင်တွေက Private Browsing သုံးထားရင် သင့်ရဲ့ Browsing Activity တွေကိုသိနိုင်ပါသေးတယ်။ အဲ့တော့လုံခြုံရေးကို မြှင့်ဖို့အတွက် VPN တွေ Tor Browser တွေသုံးကြတာဖြစ်ပါတယ်။

Myth 3: ဖုန်း Megapixel များရင် ဓာတ်ပုံရုပ်ထွက်ကောင်းတယ်

Megapixels များလေလေ ဓာတ်ပုံရုပ်ထွက်ကောင်းလေလေ ဆိုတာလုံးဝမှန်တဲ့ အချက်တော့မဟုတ်ပါဘူး။ Camera Sensor Size, Lens Quality, Software Processing ကလည်း ဓာတ်ပုံကောင်းတစ်ခုရဖို့အတွက်အရေးကြီးပါသေးတယ်။ ကင်မရာတစ်လုံးနဲ့ ဆရာကြီးလုပ်နေခဲ့တဲ့ Pixel တွေကိုနမူနာကြည့်နိုင်ပါတယ်။ (နောက်ဆုံးတစ်ခုက ကင်မရာဘယ်လောက်ကောင်းကောင်း Shutter buttonနောက်က ရိုက်တဲ့သူညံ့နေရင်လည်း ပုံကောင်းမရနိုင်ပါဘူး-စကားချပ်)

Myth 4: တစ်ညလုံးဖုန်းအားသွင်းထားရင် ဖုန်း Battery ပျက်တယ်

နောက်ပိုင်းဖုန််းတွေမှာ ဖုန်းအားကို Monitor လုပ်ထားပြီး အားပြည့်သွားရင် အလိုအလျောက် Charging ကိုရပ်ထားပေးတဲ့ စနစ်ပါဝင်တာမို့ စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် Quality ကောင်းတဲ့ အားသွင်းကြိုးနဲ့ အားသွင်းခေါင်းတွေ သုံးဖို့တော့ လိုပါတယ်

Myth 5: CPU cores များလေလေ Performance ထွက်လေလေ

CPU Cores များများပါတဲ့ PC တွေဟာ Cores နည်းတဲ့ PC တွေထက် Multitasking ပိုင်းမှာတော့ပိုသာမှာပါ။ ဒါပေမယ့် Performance ပိုင်းကတော့ Hardware နဲ့ Software, Software နဲ့ Hardware ဟန်ချက်ညီညီ အတိုင်အဖောက်ညီ(Optimized) ဖြစ်မှ, Clock Speed, Cache Size, Processor Architecture နဲ့ Driver တွေကာင်းမွန်နေဖို့လည်း လိုပါသေးတယ်။ ဒါ့အပြင် တစ်ချို့ Tasks တွေဟာ Multi-core Processor တွေနဲ့ Optimized မဖြစ်တာတွေလည်း ရှိပါသေးတယ်။

ဒါတွေကတော့ လူအများ အမှတ်မှားတတ်ကြတဲ့ အချက်တွေထဲက တစ်ချို့ပဲဖြစ်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

သတင်းတုတွေက ဘယ်လောက်ထိ အရာရောက်လဲ

Next
Next

5 Websites to Study Programming